Hello all my friends!
This morning, I cooked and ate Various Vegetables Noodles Soup in the cold weather.
I would like to say that it is a healthy vegetable noodle soup.
Because it is cooked with a mixture of vegetables and noodles, it is low in fat and rich in vitamins, which is said to be good for health.
- Fried egg
- Oil
- A little turmeric
- Garlics
- Ginger
- Onions
- Tomatoes
- Spinach leaves
- Watercress leaves
- Dazaung Pyathat buds
- Okras
- Green chillies and
- Water.
In cold weather, eating green chillies is good for your mouth and heat.
Vegetables are also rich in vitamins and minerals.
The taste is very special.
This vegetable noodle soup is fun as eight families sit at the same table.
Would you like to try this vegetarian noodle soup?
Tin Aung Soe
[Burmese]
မင်္ဂလာပါ။
ဒီမနက် မိုးအေးအေးနဲ့ ချက်ပြုတ်စားသောက်ဖြစ်ခဲ့တာက သီးရွက်စုံခေါက်ဆွဲပြုတ် ပါ။
ကျန်းမာရေးနှင့် ညီညွတ်သော သီးရွက်စုံခေါက်ဆွဲပြုတ် ဟု ဆိုချင်ပါသည်။
ဟင်းသီးဟင်းရွက်များနှင့် ခေါက်ဆွဲကို ရောနှော၍ ပြုတ်ထားသောကြောင့် ဆီပါဝင်မှု နည်းပါးကာ ဟင်းသီးဟင်းရွက်တို့၏ ဗီတာမင် ကြွယ်ဝမှုကြောင့် ကျန်းမာရေးအတွက် ကောင်းသည်ဟု ဆိုရခြင်းပါ။
ဤသီးရွက်စုံခေါက်ဆွဲပြုတ်ထဲ၌ ပါဝင်သော ingredients များမှာ
၁. ခေါက်ဆွဲခြောက်
၂. ကြက်ဥကြော်
၃. ဆီ
၄. နနွင်းအနည်းငယ်
၅. ကြက်သွန်ဖြူ
၆. ဂျင်း
၇. ကြက်သွန်နီ
၈. ခရမ်းချဉ်သီး
၉. ဟင်းနုနွယ်ရွက်
၁၀. ကန်စွန်းရွက်
၁၁. ဒဇောင်းပြဿတ်အဖူး
၁၂. ရုံးပတီသီး
၁၃. ငရုတ်သီးစိမ်း နှင့်
၁၄. ရေ တို့ ဖြစ်ကြပါသည်။
မိုးအေးအေးနဲ့ ဆိုတော့ ငရုတ်သီးစိမ်းလေးဖြင့် စားသောက်ရတာ ခံတွင်းမြိန်ပြီး အပူဓာတ်လေးဖြင့် ကောင်းလှပါသည်။
ဟင်းသီးဟင်းရွက်အမယ်ကလည်း စုံလင်လှသည်မို့ ဗီတာမင်စုံ ရရှိစေမည် ဖြစ်ကာ အာဟာရဖြစ်လှပါသည်။
အရသာကတော့ ရှယ်ပါပဲဗျို့။
ဒီသီးရွက်စုံခေါက်ဆွဲပြုတ်ကို မိသားစု ၈ ဦး စားပွဲတစ်ဝိုင်းတည်း ဝိုင်းထိုင်စားသောက်ကြသည်မို့ ပျော်စရာလည်း ကောင်းပါသည်။
ကဲ မိတ်ဆွေတို့လည်း ဒီလိုမျိုး သီးရွက်စုံခေါက်ဆွဲပြုတ် ချက်ပြုတ်စားသောက်ကြည့်ကြပါလားဗျ။
တင်အောင်စိုး