ဒီနေ့ စားကိုက္ကိုလ်အရွက်သုပ်လေး လုပ်စားဖြစ်တယ်။ရေနွေးကြမ်းလေးနဲ့ အသုပ်လေးနဲ့က အရမ်းကို လိုက်ဖက်နေတာပါပဲ။
အရွက်လေး လာရောင်းတာတွေ့တာနဲ့ ဝယ်ထားလိုက်ပီ။နွေရာသီဆိုတော့ ရွက်နုတော့ခဏဏ စားရတာပေါ့လေ။
အရွက်ကို ရေဆေး သန့်စင်ထားပီးတော့ ရေနွေး ပွက်ပွက်ဆူထဲ ထည့် ပြုတ်ထားလိုက်ပါတယ်။ သုံးမိနစ်လောက်ပဲ ပြုတ်ပီး ပြန်ဆယ်တာ ပိုကောင်းပါတယ်နော်။ငါးမိနစ် လောက်မေ့ပြီး ပြုတ်ထားတာ။ခုပြုတ်ထားတာ နည်းနည်း အိ သွားလို့။အာလူးသီးလေး ပြုတ်ထားလိုက်တယ်။ပီးတော့ ခရမ်းချည်သီး တစ်လုံးကို လှီးထားလိုက်တယ်။ မြေပဲဆံ ကြော်ထားတာကို ထောင်းပြီးထည့်လိုက်မယ်။မွှေးမွှေးလေးဖြစ်အောင်လို့ပေါ့။ကြက်သွန်ဖြူလေး ဆီချက်ထားသေးတယ် ။အသုပ်လေးက ကြက်သွန်ဖြူ ကြွပ်ကြွပ်လေးနဲ့ မွေးပီး စိမ့်နေရောပဲ။

စားပါအုံးရှင့်။