မင်္ဂလာပါ။
မနေ့က နေ့လည်ဘက်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျေးရွာတစ်ရွာ သို့ သွားရောက်ခဲ့သည်။
တကယ်တော့ ကျွန်တော်က နေ့တိုင်း တစ်ရွာ မဟုတ် တစ်ရွာ ဆီကိုတော့ သွားရောက်ရစမြဲ ဖြစ်သည်။
မနေ့က ကျွန်တော် အခြားရွာ တစ်ရွာမှ တစ်ရွာ ကူးသွားခဲ့တာ နေ့လည်စာ စားချိန်ကြီး ဖြစ်သည်။
ထိုရွာမှ ဝင်ရောက်နေကြ အိမ်က အဖွားကို မောရီးယားမင်း အားဆေး ပုလင်းကြီး ချိတ်ပေးဖြစ်ခဲ့သည်။
ဆေးချိတ်ပေးရင်း စောင့်နေပေးပါ ဆိုတော့ သူတို့ ကျွေးတဲ့ နေ့လည်စာ စားရတော့တာပါပဲ။
နေ့လည်စာ က ပုံထဲမှာတော့ အမဲသားခြောက်ဖုတ်၊ ငရုတ်သီးချက်၊ ဟင်းရွက်စုံချဉ်ရည် နှင့် ခံတက်ချဉ်သုပ် ဖြစ်ပါတယ်။
ကျွန်တော်ကတော့ ငရုတ်သီးကို ခရမ်းချဉ်သီးနှင့် အနှစ်ချက်ထားတာ နှင့် ဟင်းရွက်စုံချဉ်ရည် နှစ်မျိုးကိုသာ ထမင်းဖြင့် ရောနယ်ပြီး စားခဲ့တာပါပဲ။
ချဉ်ချဉ်စပ်စပ်နဲ့ ရှူးရှူးရှဲရှဲ အဝစားပစ်ခဲ့ပါတယ်။
နောက် နှစ်နာရီလောက် အကြာမှာတော့ နေစောင်းစာ အဖြစ် အဆာပြေ ပြောင်းဖူးသုပ်၊ သရက်သီး နှင့် ငှက်ပျောသီး တို့ဖြင့် တည်ခင်း ဧည့်ခံခဲ့ပါတယ်။
ကျွန်တော်ကတော့ အိပ်ချင်ပြေ သရက်သီးမှည့်များသာ စားခဲ့ပါတယ်။
ကဲ ဒီနေ့ကတော့ ကျွန်တော်တို့လို ဆေးဝါးဖြင့် လူနာကို စောင့်ရှောက်ကုသမှုပေးရင်း အသက်မွေးဝမ်းကြောင်းပြုရသူတို့၏ ကုသိုလ်လည်းရ ဝမ်းလည်းဝ အကြောင်းမျှသာပါပဲ။