ကျွန်တော်တို့မြန်မာနိုင်ငံ၏ အကျဥ်းထောင်အတွင်းသို့ ရောက်ရှိနေကြသော အကျဥ်းသား/အချုပ်သား များတွင် လက်နက်များအပ်ဥပဒေ (၁၉၇၈) ကို ဖောက်ဖျက်မိ၍ ရောက်ရှိလာကြသော အုပ်စုသည် အများဆုံးသော အုပ်စုတစ်ခုတွင်ပါဝင်ပါသည်။ အဖြစ်များသည့် ဒီဥပဒေအတွင်းမှ အဖြစ်မျသော ပုဒ်မတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ လက်နက်များအက်ဥပဒေ ၁၉(င) အကြောင်းလေ့လာကြည့်ရအောင်ပါ။
၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၂)ရက်နေ့ အင်းစိန်မြို့နယ် အောင်ဆန်းဈေးထဲတွင် ဈေးသည်များအကြားအပြောများစရာ ကိစ္စတစ်ခုဖြစ်ပွားနေပါတယ်။
" ဟဲ့ .... မြတ်မောင် နင်ဟိုအကြောင်းသိပြီးသွားပြီးလား" ဟု ငါးသည် အေးစိန် မှ ဝက်သားသည် မြတ်မောင်အား စကားလမ်းကြောင်းစပါတော့သည်။
"ဘာကိစ္စကို မေးတာလဲ ဒေါ်အေးစိန် "
"ဟယ်...နင်ကလည်း မနေ့က ဈေးထိပ်လမ်းမှာ ဖရဲသီးရောင်နေတဲ့ ဦးဒင်ကြီးကို ရဲဖမ်းသွားတဲ့ကိစ္စလေ။မနေ့က နင်ဈေးမထွက်လို့ မသိတာနေမယ်"
"ဟုတ်လား ဒေါ်အေးစိန် ကျွှန်တော်ခုမှ သိတာဗျ။ ဘာအမှုနဲ့ ဖမ်းတာလဲ။ သူက လူရိုးတစ်ယောက်ပါဗျာ။"
"ဘာအမှုလည်းတော့ ငါလည်းမသိဘူးတော်ရေ့... သူများတွေပြောတာတော့ ဓားကိုင်လို့ဆိုလာဘဲ"
"ဟာဗျာ..... ဖရဲသီးခွဲဖို့အတွက် ဓားပါတာလေဗျာ။ ခက်တော့တာပါဘဲဗျာ..... သူမှာ ကလေးက (၄)ယောက်နဲ့ မိန်းမဖြစ်သူကလည်း ဘာမှမလုပ်တက် မကိုင်တက်နဲ့ ဒုက္ခတော့ ရောက်ကုန်တော့မှာဘဲ"
"အေးဟေ့.... ငါတော့ အသားလှီးဖို့ ဓားကိုင်ရမှာတောင် ကြောက်နေပြီ"
အထက်ပါ အမှုဖြစ်စဥ်သည် အမှန်တစ်ကယ်ဖြစ်ပွားခဲ့ပြီး လူပုဂ္ဂိုလ်တစ်ယောက်၏ အခွင့်အရေးအရ အချိန်၊နာမည် နှင့် နေရာများကို ပြောင်းလဲထားပါသည်။
အမှုဖြစ်စဥ်လေးသိသွားပြီဆိုတော့ ဥပဒေပါ ပြဌာန်းချက်များမှ ကောက်နှုတ်ဖော်ပြပေးပါရစေ။ မြန်မာနိုင်ငံ လက်နက်များအပ်ဥပဒေ ကို ၁၈၇၈ ခုနှစ်တွင် ပြဌာန်းခဲ့ပါတယ် (အင်္ဂလိပ်ခေတ်ကပေါ့နော် အတော်လေးတော့ ကြနေသည့် ဥပဒေပါ)။
၂၀၂၀ ခုနှစ် ကျွန်တော်နေပြည်တော်လွှတ်တော်သို့ လေ့လာရေးရောက်ချိန်မှာ လွှတ်တော်ကိုယ်စားလှယ်များမှ ၄င်းဥပဒေကို ပြင်ဆင်ရန်တင်ပြမှုများရှိခဲ့ပြီး ပြည်ထဲရေးဝန်းကြီးဌာနမှ တာဝန်ရှိသူတစ်ဦးသည် ယခုချိန်တွင် ၄င်းဥပဒေအား ပြင်ဆင်ရန်အခြေအနေမရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့တာ လေ့လာမိပါတယ်။
ဒါဆိုဥပဒေတွင် ပါသည့် ပုဒ်မများအနက် လက်နက်များ အပ်ဥပဒေ ပုဒ်မ ၁၉(င) အကြောင်းရှင်းပြပေးပါ့မည်။
လ/န ၁၉(င) ဖြင့်တရားစွဲဆိုရန် လ/န ပုဒ်မ(၁၃)ပါ တားမြစ်ချက်များကို ဖောက်ဖျက်ရမှာဖြစ်ပါတယ်။ ပုဒ်မ (၁၃) ပါ တားမြစ်ချက်မှာ
လိုင်စင်မရှိဘဲ လက်နက်စွဲကိုင်သွားလာခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ လက်နက်ဟု အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အရိုးအသွားခိုင်မြဲစွာရှိပြီး ဦးချွန်သည့် (အိမ်သုံး၊ လယ်ယာသုံး ၊ စက်မှုလုပ်ငန်းသုံး အတွက်ရည်ရွယ်၍ ထုတ်လုပ်ထားသော ပစ္စည်းအပါအဝင်) (၅)လက်မနှင့် အထက်ရှိသော ပစ္စည်းကိုဆိုလိုပါသည်။ ဒါဆို ဘာကြောင့် ဖရဲသီးအသည်အဖမ်းခံရသည်ကို သိလောက်ပြီဖြစ်ပါသည်။
ပြစ်ဒဏ်ကာလ - ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် (၃)နှစ်ထိဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ကျခံနိုင်ပါသည်။(လက်ရှိစစ်ခုံးရုံးမှ အမြင့်ဆုံးထောင်ဒဏ် (၃)နှစ်ထိ စီရင်လျှက်ရှိပြီး သာမန်တရားရုံးတွင် ထောင်ဒဏ် ၃ လ မှ ၁၈ လ ထိ အမိန့်ချနေကြသည်ကိုမှတ်သားရပါသည်)
အာမခံရနိုင်မှု - လ/န ၁၉(င) သည် အာမခံရနိုင်သည့်အမှုဖြစ်ပါသည်။
အမှုမဖြစ်အောင် ဘယ်လိုဆောင်ရွက်နိုင်မလဲ?
ဒီအမှုအကြောင်းကို ခုလိုအဆုံးထိလေ့လာရုံဖြင့် ဒီအမှုမဖြစ်နိုင်လောက်တော့ပါဘူး ( အမှုဖြစ်အောင်လုပ်ြီး အကျဥ်ထောင်/ အချုပ်ထောင်ထဲ သွားစရာရှိလို့သွားတယ်ဆိုရင်တော့ နောင်ကြီးတို့သဘောပေါ့ဗျာ။ "ရန်ကုန်သားများ" ဝတ္ထုထဲကလိုပေါ့နော်)။ ဒါပင်မဲ့ ပိုပြီး Safe ဖြစ်စေရန် အောက်ပါအကြောင်းအရာလေးကိုတော့ သိထားသင့်ပါသည်---
(၁) အပြင်ထွက်ရာတွင် မလိုအပ်ဘဲ ဓားကိုင်ဆောင်သွားခြင်းကိုရှောင်ပါ
(၂)အဖြစ်မနေ ယူဆောင်ရန်လိုအပ်ပါက (ဈေးသည်များအတွက်) ဦးချွန်သော လက်နက်များကို မယူဆောင်ပါနှင့်
(၃) ဆိုင်ကယ်သမားများ ဝက်အူလှည့် လို လက်ကိုင်ပါပြီး ချွန်ထက်သည့်အရာများယူဆောင်ခြင်းကို ရှောင်းပါ။ ကားသမား Tools Box အတွင်းသေချာထည့်ပြီး သော့ခပ်ထားပါ
(၄)အရာရာ သတိမူတက်အောင်ကြည့်ပါ
ဒါဆိုမလိုအပ်ဘဲ အမှုရင်ဆိုင်စရာမလိုတော့ပါဘူး။ နောက်ရက်မှာ ပိုမိုစိတ်ဝင်စရာကောင်းသော ပုဒ်မများကို တင်ပြရန် ပြန်လာခဲ့ပါမည်။
ကျွန်တော် တင်ပြီးသမျှ Post များလေ့လာလိုပါလျှင်
(၁) မိစ္ဆာကျွန်း
(၂) ဥပဒေအကြောင်းလူတိုင်းသိစေရန်
(၃) Never Grow Up: Book Review
(၄) The Silence Sea: Movie Review
(၅) အခြေခံအင်္ဂလိပ်သဒ္ဒါ
Hive ကို အရင်ရောက်နှင့်နေကြသော -> ,
,
,
,
,
,
တို့လည်းအကြံလေးများမျှဝေပေးစေချင်ပါတယ်။
Referene Link