Hive Platform ပေါ်ကညီအကိုယ်မောင်နှမများ
မင်္ဂလာပါ။
အခုတင်ပေးလိုက်တာကခရုချက်နည်းလေးဖြစ်ပါတယ်။အိမ်မှာအလွယ်တကူချက်လို့လွယ်မဲ့
မြန်မာစတိုင်ခရုချက်နည်းလေးပါ။အရသာလည်းကောင်း၊ အစပ်လေးလည်ပါတော့ခရုစုပ်ရတာနှုတ်ခမ်းလေးကိုစပ်လို့စားရတာမိုက်တယ်။
ပါဝင်ပစ္စည်း
၁. ခရု
၂. ကြက်သွန်ဖြူ ၊ ဂျင်း၊ ငရုတ်သီး ၊ စပလင်
၃. ကြက်သားမှုန့်၊ အိမ်သုံးစား၊ ဟင်းချိုမှုန့်(သို့)သကြား
၄. ဆန်လော်မှုန့်
၅. ဆီ
ချက်ပြုတ်နည်း
မထမဦးဆုံးခရုကိုရေဆေးပြီးခေါင်းဖြတ်ပါ။
အနံပျောက်အောင်အရင်ပြုတ်ပါ။ ခရုကိုရေနွေး
ဆူမှအိုးထဲထည့်ပြုတ်ပါ။၂မိနစ်ခန့်ပြုတ်ထားပါ။
၂မိနစ်ပြည့်လျှင်ရေနှစ်ခါလောက်ဆေးပေးပါ။
ပြီးလျှင်ဆန်ကိုလှော်၍ထောင်းပါ။ ဂျင်း၊ကြက်သွန်ဖြူ၊ ငရုတ်သီးတိုကိုထောင်းပါ။
ထောင်းပြီးလျှင် ဂျင်း၊ ကြက်သွန်ဖြူ၊
ငရုတ်သီးတိုကို ဆီသက်ပါ။ပြီးလျှင်ခရုထည့်၊
ဆန်လှော်မှုန့်ထည့်စားဟင်းချိုမှုန့်၊ ကြက်သား
မှုန့်တိုကိုထည့်၍ ၁မိနစ်လောက်ရေနည်းနည်း
ထည့်၍လိပ့်ပေးပါ။ ပြီးလျှင်ရေထည့်၍။
၁၅မိနစ်လောက်အုပ်ထာပါ။၁၅မိနစ်နှပ်ပြီး
လျှင် အရသာကိုမြည်း၍အရသာလည်း၊
ကောင်းမွှေးလည်းမွှေးခရုချက်လေးကိုစားသုံးနိုင်ပါပြီး။HivePlatformပေါ်ကညီးအကိုယ်မောင်နှမများအိမ်မှာလုပ်စားလိုက်တော့နော်။
Hive Platform ပေါ်ကညီအကိုယ်မောင်နှမများ
နေထိုင်ရာဒေသလေး ဘေးကင်းပြီး ရန်ဝေးပါစေ
လို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်၊၊