Hello „all my friends.
Fried Dumplings (hpe' htou')
For today, we have fried dumplings for lunch.
In my dumpling I made today, the inside of the fried dumpling was made with fish.
sandwich
** Prerequisites for making fried dumplings:
- Flag wheat (hpe' htou' leaves)
- Oil
- Scrape the fish
- Carrot
- Cilantro
- garlic
- Chicken powder
- Salt
We need.
First of all, you have to make the food to be put inside the dumplings.
To make a sandwich for dumpling.
Peel a squash, grate it and squeeze the pounds.
Grate the fish fillets with garlic, salt and chicke powder..
Then add the grated carrots.
Finely chop the coriander leaves
When all is mixed, put it in a bowl and spoon.
Then add about a teaspoon of canned food to the flag wheat leaves.
Fold the flag wheat into different ways as needed.
Then add more oil to the pan and fry the flag wheat one by one over a high flame.
If the flag wheat leaves come off, you can take it out, cool it and eat it.
** For frying and eating „ fried dumpling.
Stir in garlic and green chillies to make tamarinds paste „sauce finished.
ဖက်ထုတ်ကြော်
ယနေ့ အတွက် နေ့လည်စာကိုတော့ ဖက်ထုတ်ကြော် ပြုလုပ်စားသောက်ပါသည်
ယနေ့ ကျမပြုလုပ်သော ဖက်ထုတ်တွင် ဖက်ထုတ်အတွင်းသွပ်သည့်အစာ ကိုတော့ ငါးနှင့် ပြုလုပ်ပါသည်
**ဖက်ထုတ်ကြော် ပြုလုပ်ရန်အတွက် လိုအပ်သည်များ
- ဖက်ထုတ်ရွက်
- ဆီ
- ငါးဖယ်ခြစ်
- မုန်လာဥနီ
- နံနံပင်
- ကြက်သွန်ဖြူ
- ကြက်သားမှုန့်
- ဆား
တို့ လိုအပ်ပါသည်
-အရင်ဆုံး ဖက်ထုတ်အတွင်းထည့်မည့် အစာကိုအရင် ပြုလုပ်ရပါမည်
sandwich ပြုလုပ်ရန်အတွက်
- မုန်လာဥနီများအား အခွံသင်ပြီး ခြစ်နှင့် ခြစ်ထားပါ
- ငါးခြစ်များအား ကြက်သွန်ဖြူ ဆား ကြက်သားမှုန့်တို့နှင့်နယ်ထောင်းထားပါ
- ထို့နောက် ခြစ်ထားသော မုန်လာဥနီများ ထပ်ထည့်ထောင်းပါ
- နံနံပင်များအား နုပ်နုပ်စင်းထည့်ပါ
- အားလုံး ရောမွှေပြီးပါက ပုဂံလုံးတစ်ခုတွင် ထည့်ထားပါ ဇွန်းတပ်ထားပါ
ထိုနောက် ဖက်ထုတ်ရွက် အတွင်းသို့ လ္ဘက်ရည်ဇွန်းတစ်ဇွန်းစာခန့် အစာများအားသွပ်သွင်းပါ
ဖက်ထုတ်ရွတ်အဖတ်အား လိုအပ်သလို ပုံစံအမျိုးမျိုး ခေါက် လိပ် ပါ
ထို့နောက် ဒယ်အိုးအတွင်းဆီများများ ထည့်၍ မီးအနော်တော်ဖြင့် ဖက်ထုတ်များအား တစ်ခုခြင်းထည့်ကြော်ပါ အထက်အောက်လှန် ကြော်ပေးပါ
ဖက်ထုတ်များကြွတ်ရွလာပါက ဆယ်ယူ၍ အအေးခံပြီး စားသောက်နိုင်ပါသည်
** ဖက်ထုတ်ကြော် နှင့် စားသောက်မည့် အချဥ်ပြုလုပ်ရန် အတွက်
-မန်ကျည်းသီး အနှစ် တွင် ကြက်သွန်ဖြူ ငရုတ်သီးစိမ်း တို့ထည့်မွှေပြီး ဆော့ ပြုလုပ်ပါသည်
I am used „ liked and lovely community is " ASEAN HIVE COMMUNITY."
Thanks „for all.