Hello „ all my friends.
#Fried roselle leaves
Today I am writing a recipe for a side dish from one of my cooking dishes.
Today, I eat fried roselle leaves with a little spicy chili oil.
** Ingredients
- Roselle leaves
- Oil
- Bamboo
- Fish pste
- Dried shrimp
- Tomatoes
- Onion
- Garlic
- Dried chilli powder
- Salt
- Turmeric powder
- Chicken powder
We need.
** How to cook
First, rinse the roselle leaves and filter the water.
Add a bamboo of salt to the squid and cook.
Slice the tomatoes.
Peel an onion and grate it.
Stir in the dried shrimp.
If all the ingredients are connected.
In a roselle leaves, fish paste the onion, garlic, salt, tomato, onion, garlic, chilli powder, turmeric powder, dried prawns, a little water and cover for 5 minutes.
When the water is dry and the leaves are dry, stir to make it fragrant.
Spoon the puff roselle leaves and other.
When the roselle leaves and herbs are crushed and returned to the oil, the dish is light and ready to eat.
The rice and curry I eat today is fried roselle leaves„ pork curry„ chili and fried fish „vegetable soup.
#ချဥ်ပေါင်ရွက်ကြော်
ယနေ့ ကျမ ချက်ပြုတ်သားသောက်သော ဟင်းလျာများထဲကမှ အရံဟင်းတစ်ခွက် ဖြစ်သည့် ချဥ်ပေါင်ရွက်ကြော် ပြုလုပ်နည်းအား ရေးသားပါသည်
ယနေ့တွင် ကျမသည် ချဥ်ပေါင်ရွက်များအား ငရုတ်သီးစပ်စပ် ဆီရွှဲရွှဲလေးနှင့် ချဥ် ငံ စပ် ကြော် ပြုလုပ်စားသောက်ပါသည်
**ပါဝင်းပစ္စည်းများ
-ချဥ်ပေါင်ရွက်
-ဆီ
-မျှစ်
-ငပိ
-ပုဇွန်ခြောက်
-ခရမ်းချဥ်သီး
-ကြက်သွန်နီ
-ကြက်သွန်ဖြူ
-ငရုတ်သီးခြောက် အကြမ်းမှုန့်
-ဆား
-နနွင်းမှုန့်
-ကြက်သားမှုန့်
တို့်လိုအပ်ပါသည်
**ချက်ပြုတ်နည်း
အရင်ဆုံးချဥ်ပေါင်ရွက်များအား ရေစင်အောင်ဆေးကြော၍ ရေစစ်ထားပါ
မျှစ်ကို ဆားအနည်းငယ်ထည့်၍ ပြုတ်ထားပါ
ခရမ်းချဥ်သီး လှီးထားပါ
ကြက်သွန်နီ ကြက်သွန်ဖြူ အခွံခွာ လှီး ထောင်းထားပါ
ပုဇွန်ခြောက် ထောင်းထားပါ
ပါဝင်ပစ္စည်းများအားလုံး အဆက်သင့် ဖြစ်ပါက
ဒယ်အိုးအတွင်းတွင် ချဥ်ပေါင်ရွက် မျှစ် ငပိ ဆီ ဆား ခရမ်းချဥ်သီး ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးခြောက်မှုန့် နနွင်းမှုန့် ပုဇွန်ခြောက်ထောင်း အားလုံးထည့်၍ ရေအနည်းငယ်ထည့်ပြီး ၅မိနစ်ခန့် အဖုံးအုပ်ထားပါ
ထည့်ထားသောရေခမ်းပြီး ချဥ်ပေါင်ရွက်များ နွမ်းလာပါက နံစပ်အောင်မွှေပေးပါ
ချဥ်ပေါင်ရွက်များအား ဇွန်းဖြင့် ထုခြေပေးပါ
ချဥ်ပေါင်ရွက်နှင့် ဟင်းအနှစ်များ ကြေမွပြီး ဆီပြန်လာပါက ဟင်းအပေါ့အငံ မြည်းပြီး စားသုံးနိုင်ပြီ ဖြစ်ပါသည်
ယနေ့ ကျမစားသောက်သည့် ထမင်းနှင့် ဟင်းပွဲ ကတော့ ချဥ်ပေါင်ရွက်ကြော် ဝက်သားနှပ်ချက် ငရုတ်သီးနှင့်ငါးခြောက်ကြော် သီးရွက်စုံ ဟင်းချိူ တို့ ဖြစ်ပါသည်
I am used „ liked and lovely of the community is "ASEAN HIVE COMMUNITY. "