Hello friends.
Today, let me share with you a recipe of Fried Fish Paste with Rice by myself.

I fry it to make it delicious to eat rice with this kind of fried fish paste.
The following ingredients are used to make fish paste Balachaungkyaw.
Fish paste,
Dried fish,
Dried prawns,
Tamarind juice,
Chili powder,
Onion,
Oil

First, the ripe tamarind are soaked in water and extracted.
Then, I fry the onions in oil.
When the onion rings are dry, add fish paste and fry.
Then add dried fish and prawns and stir.
Then, add the ripe tamarind juice and mix well.
After frying for about ten minutes, add the chilli powder and mix well.
After that, I got a dish of spicy fish paste Balachaungkyaw.

This dish can be fried like this and ready to eat when you want to eat it.
Most of us Myanmar people like fish paste.
How are you friends?
Thank you for everything.
Tin Aung Soe

[Burmese]
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီနေ့တော့ ကျွန်တော် ကိုယ်တိုင် စီမံထားတဲ့ ထမင်း ဖြင့် တွဲစားရသော ငါးပိချက်ဘာလချောင်ကြော် နည်းလေး မျှဝေပါရစေ။
ဒီ ငါးပိချက်ဘာလချောင်ကြော် တစ်မျိုးတည်းနဲ့တင် ထမင်း စားရတာ မြိန်အောင် ကျွန်တော် ကြော်ထားပါတယ်။
ငါးပိချက်ဘာလချောင်ကြော် ပြုလုပ်ရာ၌ ပါဝင်သော ဟင်းခတ်ပစ္စည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ငါးပိ
ငါးခြောက်
ပုဇွန်ခြောက်
မန်းကျည်းသီးမှည့်
ငရုတ်သီးမှုန့်
ကြက်သွန်နီ
ဆီ
ပထမဦးစွာ မန်းကျည်းသီးမှည့် ကို ရေဖြင့် စိမ်ထားပြီး အနှစ်ရအောင် ပြုလုပ်ပါသည်။
ထို့နောက် ကြက်သွန်နီများကို ဆီဖြင့် ကြော်ပါသည်။
ကြက်သွန်နီအဖက်များ ညှိုးလိပ်သွားသောအခါ ထိုထဲသို့ ငါးပိများ ထည့်ကာ ကြော်ပါသည်။
ထိုနောက်တဖန် ငါးခြောက်တုံးလေးများ နှင့် ပုဇွန်ခြောက်လေးများ ထည့်ကာ မွှေပါသည်။
ထို့နောက် မန်းကျည်းမှည့်အနှစ်များ ထပ်ထည့်ကာ သမအောင် မွှေပေးပါသည်။
ထိုသို့ ဆယ်မိနစ်လောက် ကြာအောင် ကြော်ပြီးသောအခါ ငရုတ်သီးမှုန့်များကို ထည့်ကာ သမအောင် မွှေပါသည်။
ထိုနောက်မှာတော့ ချဉ် ငံ စပ် အရသာထူးကဲသော ငါးပိချက်ဘာလချောင်ကြော် ဟင်းတစ်ခွက်ကို ရရှိပါပြီ။

ဒီဟင်းလျာလေးကတော့ ယခုလို ကြော်ချက်ထားပြီး ထမင်းစားလိုသည့်အခါ တွဲစပ်၍ အသင့် စားသုံးနိုင်ပါပြီ။
ကျွန်တော်တို့ မြန်မာနိုင်ငံသားအများစုကတော့ ငါးပိချက် ကို ကြိုက်နှစ်သက်သူ များကြပါသည်။
မိတ်ဆွေတို့ရော အဘယ်သို့ ရှိပါသလဲ။
အရာအားလုံး အတွက် ကျေးဇူးတင်ပါသည်။
တင်အောင်စိုး