Hello friends.
Today, I would like to share how to cook Burmese Style Homemade Rice Noodle Salad.
Burmese style is meant that this food were cooked in Burmese recipes.
Rice Noodles is a traditional Shan food in Myanmar and it is called Shan Noodle.
The ingredients in this Burmese Style Rice Noodle Salad are as follows.
Rice noodles,
Chicken,
Readymade meat paste,
Readymade soybean paste,
Chicken powder,
Tomatoes,
Onions,
Garlic,
Ginger,
Turmeric powder,
Chili powder,
Peanut powder,
Cauliflower,
Mustard,
Fish sauce,
Sugar and
Oil
First of all, tomatoes, onions, ginger , garlic, turmeric powder, fish sauce, Sugar and chicken powder are fried in oil.
After a while, the Readymade meat paste and Readymade soybean paste are added in the pan and mixed.
The ingredients are then placed in a glass jar to prepare the noodles for a salad.
Second, I mixed chicken, ginger, garlic, fish sauce, Sugar and chicken powder and fry for a while in a little oil.
Then, I added water to the chicken pieces and bring to the boil.
Cauliflower and mustard leaves are boiled in a chicken pot and keep in a plate.
While doing the above, the dry rice noodles are soaked in water.
Third, I added water to the pan and bring to the boil.
When the water boils, I add the soaked rice noodles to the pan and cook.
The roasted peanuts are then pounded.
Then, I added the cooked rice noodles, Curry Chicken, Chicken soup, Cauliflower, mustard, Peanut powder, Meat paste to the plate as shown in the picture.
When I Mixed everything in a plate and enjoy the delicious Burmese Style Rice Noodle salad.
I remember to share it with my friends when I made and ate delicious food myself.
Thank you for everything.
Tin Aung Soe
[Burmese]
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီနေ့ Burmese Style Homemade Rice Noodle Salad ချက်ပြုတ်စားသောက်ပုံကို မျှဝေပေးချင်ပါတယ်။
ဗမာစတိုင် ဆိုတော့ ဗမာနည်းဗမာ့ဟန်ဖြင့် ချက်ပြုတ်ပြင်ဆင်ထားသော စားစရာပေါ့ဗျာ။
ယခု မျှဝေသည့် Rice Noodles သည် မြန်မာနိုင်ငံအတွင်းရှိ ရှမ်းတိုင်းရင်းသားများ၏ ရိုးရာအစားအစာ တစ်ခု ဖြစ်ပြီး Shan Noodle ဟု ခေါ်ဆိုကြပါသည်။
ဤ Burmese Style Rice Noodle Salad ၌ ပါဝင်သော ဟင်းခတ်ပစ္စည်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ဆန်ခေါက်ဆွဲခြောက်
ကြက်သား
Readymade ဟင်းအနှစ်ထုပ်
Readymade ပဲငပိအနှစ်ထုပ်
ကြက်သားမှုန့်
ခရမ်းချဉ်သီး
ကြက်သွန်နီ
ကြက်သွန်ဖြူ
ဂျင်း
နနွင်းမှုန့်
ငရုတ်သီးမှုန့်
မြေပဲဆံ
ပန်းမုန်လာ
မုန်ညင်း
ငံပြာရည်
သကြား
ဆီ
ပထမဦးစွာ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ဆား၊ သကြား၊ ကြက်သားမှုန့် တို့ကို ဆီဖြင့် ကြော်ပါသည်။
ခဏအကြာ၌ ထိုဒယ်အိုးထဲသို့ Readymade ဟင်းအနှစ်၊ Readymade ပဲငပိအနှစ် တို့ကို ထပ်မံထည့်ကာ ရောမွှေပါသည်။
ထို့နောက် ခေါက်ဆွဲများ သုပ်စားချင်လျှင် အဆင်သင့် ဖြစ်စေရန် ထိုဟင်းအနှစ်များကို ဖန်ပုလင်း ထဲသို့ ထည့်ထားပါသည်။
ဒုတိယအနေဖြင့် ကြက်သား ကို ဂျင်း၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ သကြား၊ ကြက်သားမှုန့် တို့ဖြင့် ရောကာ ဆီအနည်းငယ်ဖြင့် ခဏတာ ကြော်ပါသည်။
ထို့နောက် ကြက်သားတုံးများကို ရေမြုပ်သည်အထိ ရေထည့်ကာ ပွက်ပွက်ဆူအောင် ချက်ပြုတ်ပါသည်။
ပန်းမုန်လာ နှင့် မုန်ညင်းရွက် တို့ကို ကြက်သားပြုတ်အိုးထဲ ထည့်ကာ ပြုတ်ပြီး ပန်းကန်ပြားထဲ ဆည်ယူထားပါသည်။
အထက်ပါ အရာများ လုပ်ဆောင်နေစဉ် ဆန်ခေါက်ဆွဲခြောက်များကို ရေထဲမှာ စိမ်ထားပါသည်။
တတိယအနေဖြင့် ဒယ်အိုးထဲသို့ ရေများ ထည့်ကာ ပွက်ပွက်ဆူအောင် တည်ထားပါသည်။
ရေများ ပွက်ပွက်ဆူလာသောအခါ ရေစိမ်ထားသော ဆန်ခေါက်ဆွဲများကို ထိုဒယ်အိုး ထဲသို့ ထည့်ကာ ပြုတ်လိုက်ပါသည်။
ထိုစဉ် လှော်ထားသော မြေပဲဆံများကို ဆုံဖြင့် ထုထောင်းထားပါသည်။
ထိုနောက်တော့ အထက်မှာ ပြင်ဆင်ချက်ပြုတ်ထား ဆန်ခေါက်ဆွဲ၊ ဟင်းအနှစ်၊ ကြက်သား၊ ကြက်သားဟင်းရည်၊ ပန်းမုန်လာ၊ မုန်ညင်း၊ မြေပဲဆံမှုန့် တို့ကို ပုံထဲမှာ မြင်ရသည့်အတိုင်း ပန်းကန်ပြား ထဲသို့ ထည့်ပါသည်။
ထိုပန်းကန်ပြား ထဲမှာ အရာအားလုံးကို သမအောင် ရောမွှေပြီးလျှင် အရသာထူးကဲသော Burmese Style Rice Noodle salad ကို စားလို့ ရပါပြီ။
အရသာကောင်းတဲ့ အစားအစာတွေကို ကိုယ်တိုင် ပြုလုပ်ပြီး စားဖြစ်သောအခါ မိတ်ဆွေတွေကို သတိရမိလို့ အခုလို မျှဝေပေးလိုက်ရပါတယ်။
အရာအားလုံး အတွက် ကျေးဇူးတင်ပါသည်။
တင်အောင်စိုး