Hello.
I'm going to talk about a memorable dish that doesn't have a perfect photo.
Last full moon night, we cooked chicken soup.
On the full moon of the Tasaungtaing full moon night, friends gathered together and ate.
I intended to post a memorable photo of them eating and drinking with chicken curry on the day of the full moon of Tan Saung Moen.
The chicken was cut into small pieces, washed and photographed.
I also took a picture of ginger and garlic being peeled and crushed.
After adding it to the pot, it was cooked in the form of a soup.
When the chicken curry is cooked, add it to the bowl and plan to take a photo before eating it.
At night, after the chicken curry was cooked, friends and family gathered around and ate happily.
I forgot to take a picture of the chicken curry soup.
I didn't take a picture of the chicken soup, so I didn't feel like posting about it.
I woke up at dawn in the morning.
I had to see the full moon in the sky.
So I took a photo of the full moon as a souvenir.
Now, today, with no other topic, I wrote a memoir about the full moon night.
I'm showing the full moon as a cover photo about cooking chicken curry on the night of the full moon without the chicken soup image.
Sometimes it's just like that.
Burmese Language,
မင်္ဂလာပါ။
ဓာတ်ပုံမပြည့်စုံသော အမှတ်တရ ဟင်း တစ်ခွက် အကြောင်း ပြောရဦးမယ်။
ပြီးခဲ့သည့် လပြည့်ညက ကျွန်တော်တို့သည် ကြက်သားရေချိုချက် ချက်စားဖြစ်ခဲ့သည်။
တန်ဆောင်တိုင်လပြည့် အမှတ်တရ မိတ်ဆွေတွေ စုပေါင်းကာ စားသောက်ခဲ့ကြတာပါ။
တန်ဆောင်မုန်း လပြည့်နေ့မှာ ကြက်သားဟင်း ဖြင့် စားကြ သောက်ကြသည့် အကြောင်း အမှတ်တရ ဓာတ်ပုံရိုက်ထားကာ Post တင်ဖို့ ရည်ရွယ်ခဲ့သည်။
ကြက်သားတွေကို အတုံးလေးတွေ လှီးဖြတ်ပြီး ဆေးကြောကာ ဓာတ်ပုံရိုက်ယူထားသည်။
ဂျင်း နှင့် ကြက်သွန်ဖြူ ကို အခွံခွါကာ ထုထောင်းထားသည့် ပုံလည်း ရိုက်ယူထားခဲ့သည်။
ပြီးနောက် ဟင်းအိုး ထဲ ထည့်ကာ စွပ်ပြုတ် ပုံစံ ချက်ခဲ့သည်။
ကြက်သားဟင်း ကျက်လျှင် ပန်းကန် ထဲ ထည့်ကာ မစားခင် ဓာတ်ပုံရိုက်ယူဖို့ စိတ်ကူးထားခဲ့သည်။
ညမှာ ကြက်သားဟင်း ကျက်ပြီးတာနဲ့ မိတ်ဆွေတွေ မိသားစုလိုက် ဝိုင်းဖွဲ့ကာ ပျော်ရွှင်စွာ စားသောက်ခဲ့သည်။
ကြက်သားဟင်းစွပ်ပြုတ်ပုံ ဓာတ်ပုံရိုက်ယူဖို့ မေ့ခဲ့သည်။
ကြက်သားဟင်းရည် ပုံ ဓာတ်ပုံမရိုက်ယူခဲ့ရတော့ ထိုအကြောင်း Post တင်ဖို့ စိတ်မပါတော့ပေ။
မနက်ခင်း လင်းလုလု အချိန်မှာ အိပ်ရာက နိုးထခဲ့သည်။
ကောင်းကင်မှာ လပြည့်ည လမင်း ကို မြင်နေခဲ့ရသည်။
ဒါနဲ့ လပြည့်ည လမင်း ကို အမှတ်တရ ဓာတ်ပုံရိုက်ယူထားခဲ့သည်။
ကဲ ဒီနေ့တော့ အခြား အကြောင်းအရာမရှိတာနဲ့ လပြည့်ညက အကြောင်း အမှတ်တရ စာဖွဲ့မိသည်။
လပြည့်ညမှာ ကြက်သားဟင်း ချက်စားသည့်အကြောင်းကို ကြက်သားဟင်းရည် ပုံ မပါဘဲ Cover Photo အဖြစ် လပြည့်ဝန်း ပုံ ဖော်ပြပေးလိုက်ရပါတယ်။
တခါတလေတော့လည်း ဖြစ်သလိုသာပေါ့။