အအေးမိဖျားနာချိန်မစားသင့်တဲ့အစားအစာတွေ
မိုးဦးကျကာလမှာ အအေးမိဖျားနာဖြစ်ခဲ့မယ်ဆိုရင် မစားသုံးသင့်တဲ့ အစားအစာတွေကို ပြောပြပေးလိုက်ပါတယ်။
ဖျားနာနေတဲ့အချိန်မှာ ခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်စေမယ့်၊ ချွဲထွက်ခြင်းကို လှုံ့ဆော်ပေးနိုင်မယ့်အစားအစာတွေကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။
အရက်၊ ကဖင်းဓာတ်ပါဝင်တဲ့ ဖျော်ရည်တွေသောက်ခြင်းဟာ ခန္ဓာကိုယ်မှရေဓာတ်တွေ ဆုံးရှုံးစေနိုင်တဲ့အတွက် ရေဓာတ်ခမ်းခြောက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။
သကြားပါဝင်မှုများသော၊ ဖြူစင်အောင်ဖွပ်ထားတဲ့ဂျုံဖြင့်ပြုလုပ်ထားတဲ့အစားအစာတွေကို မစားသင့်ပါဘူး။ လိမ္မော်ရည် ဒါမှမဟုတ် လိမ္မော်သီးကဲ့သို့ သော ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေကိုစားပေးပါ။ ဗီတာမင် C ဟာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့အတွက် အဖျားရက်မရှည်စေပါဘူး။
မိုးဦးကျကာလမှာ ဖျားနာခြင်းကို ဘယ်လိုကာကွယ်ရမလဲဆိုတော့ လက်ဆေးခြင်းအလေ့အထစွဲမြဲထားမယ်၊ နှာစီးချောင်းဆိုးခြင်းမှ တဆင့်ရောဂါပိုးကူးစက်ခံရခြင်းမှကာကွယ်ဖို့အတွက် လက်ကိုင်ပုဝါဆောင်တတ်တဲ့ အလေ့အကျင့်ထားမယ်၊ နေမကောင်းဖြစ်နေသူထံမှ ရောဂါကူးစက်ခြင်းမရှိအောင် မိမိကိုယ်ကိုအကာအကွယ်ယူမယ်ဆိုမယ် အအေးမိဖျားနာဖြစ်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။