ငှက်ပျောဖူးကိုချက်စား၍သော်လည်းကောင်း မန်းကျ ည်းမှည့်နှင့် ပြုတ်ပြီးအတို့ အမြုပ်ဖြစ်သော်လည်းကောင်းပြုလုပ်စားသုးံကြပါသည်။ငှက်ပျောဖူးများကိုချက်ရာတွင်အဖြူရောင်ငှက်ပျောဖူးခွံဖက်အနုကိုသာအသုံးပြုကြသည်။ငှက်ပျောဖူးအနီခွံဖက်များကိုဖယ်ရှားပြီးလွင့်ပစ်ကြပါသည်။
ထိုသို့ လွင့်မပစ်ဘဲပတ္တမြားသနပ်ပြုလုပ်စားသုးံလို့ ရပါသေးသည်။ကျွန်မတို့ ဆီမှာငှက်ပျောဖူးသနပ်ကိုပတ္တမြားသနပ်ဟုခေါ်ပါသည်။စောင်းလျားသီးပေါ်ချိန်ဆိုအိမ်မှာပတ္တမြားသနပ်ပြုလုပ်သည်မို့ ပတ္တမြားသနပ်ပြုလုပ်နည်းနှင့်ပတ္တမြားသနပ်သုပ်နည်းကိုတင်ပြချင်ပါသည်။
ပါဝင်ပစ္စည်း
ငှက်ပျောဖူး ၄ဖူးခွာထားသောအခွံနီဖက်
စောင်းလျားသီး ၁၀လုံး
ဆားဟင်းစားဇွန်း ၂ဇွန်း
ပြု လုပ်နည်း
ခွာထားသောငှက်ပျောဖူးအခွံဖက်များကိုပါးပါးလှီးပြီးရေစင်အောင်ဆေးပါ။စောင်းလျားသီးများကိုရေဆေးပြီးဇောင်းလေးများကိုလှီးပစ်ပြီးခပ်နုပ်နုပ်လှီးပါ။ပြီးလျင်လှီးထားသောငှက်ပျောဖူးဖက်ထဲထည့်ပါ ဆားထည့်ပြီးသမအောင်နယ်ပါ။ပြီးလျင်ဖန်ပုလင်း(သို့ )စဥ့်အိုးငယ်တွင်ထည့်သိပ်ြ့ပီးလေလုံအောင်ပိတ်ထားပါ။၂ရက်ဆိုလျင်ပတ္တမြားသနပ်သုပ်စားလို့ ရပါပြီ။
(မှတ်ချက်) ။ ငှက်ပျောဖူးခွာထားသောအခွံနီဖက်မှာအပေါ်ဆုံးအဖက်များသည်အလွန်ရင့်သဖြင့်ထည့်မသုးံပါ။
ပတ္တမြားသနပ်သုပ်
ပါဝင်ပစ္စည်း
ပတ္တမြားသနပ် ဟင်းပန်းကန်သေး၁လုးံ
ကြက်သွန်နီ ၂လုးံ
ဆီဟင်းစားဇွန်း ၂ဇွန်း
ငရုတ်သီးစိမ်း ၅တောင့်
အရသာမှုန့်  အနည်းငယ်
ဆား အနည်းငယ်
ပတ္တမြားသနပ်ကိုကတ်ကြေးဖြင့်ညှပ်ထားပါ။ကြက်သွန်နီပါးပါးလှီးပြီးရေဆေးထားပါ။ငရုတ်သီးစိမ်းကိုလှီးပါ။ပြီးလျင်သုပ်မည့်ပန်းကန်ထဲကိုထည့်ပါ ဆီထည့်ပါ ။အရသာမှုန့် ထည်ပြီးရောမွှေပါ။အရသာရှိသောပတ္တမြားသနပ်သုပ်ရပါပြီ။ပတ္တမြားသနပ်သုပ်ကို ပဲနီလေး(ခေါ်)ပဲရာဇာ ဟင်းချို ပုစွန်ခြောက်မှုန့် ကြော်နှင့်တွဲဖက်စားသုးံနိုင်ပါသည်။