နေကြာပင်ကတော့ နှစ်စဉ် ကြီးထွားပွင့်လန်းတဲ့ နှစ်ရှည်ပင်ဖြစ်ပါတယ်။ တစ်ခြား ပန်းပင်တွေနဲ့မတူပဲနဲ့ ထူးခြားချက်တွေလည်း ပိုင်ဆိုင်ထားပါတယ်။ တစ်ခြား အပင်တွေနဲ့ဘယ်လိုမတူတာလည်းဆိုရင် ပင်စည်တစ်ခုတည်းရှိပါတယ်။ အကိုင်းအခတ်တွေ မရှိပါဘူး။ ပီးတော့ အပင်ရဲ့ ထိပ်ဆုံးမှာ ဦးခေါင်းပိုင်းလို့ သတ်မှတ်ခေါ်ဝေါ်နိုင်တဲ့ ဦးခေါင်းပိုင်း ပန်းပွင့်ရှိပါတယ်။ ထူးခြားတာက တစ်ပွင့်တည်း ထူးထူးခြားခြားပွင့်နေတာဖြစ်ပြီးတော့ နေရောင်ခြည် ကျရောက်တဲ့ဘက်ကို အပွင့်ရဲ့ မျက်နှာမူပီး ပွင့်ပါတယ်။ ပွင့်တဲ့အချိန် ပီးသွားပီဆိုရင်လည်း နေကြာပန်းပွင့်ရဲ့ ဝတ်မှုံလေးတွေကနေ နေကြာစေ့လေးတွေ ဖြစ်သွားပါတယ်။
အဲ့ဒီအစေ့လေးတွေကို သဘာဝအတိုင်း ထားထားမယ်ဆိုရင်တော့ နောက်ထပ်နေကြာ ပင်လေးတွေ ထပ်မံပွင့်လာမှာဖြစ်ပါတယ်။ နောက်ပီး အဲ့ဒီ အစေ့လေးတွေကို ရိတ်သိမ်းပီး လူလုပ် အစားအစာအဖြစ်လည်း ဖန်တီးလို့ရပါတယ်။ ယခုဆိုရင်တော့ နေကြာစေ့ကို စီးပွားဖြစ် စိုက်ပျိုးလာကြပြီဖြစ်ပါတယ်။
နေကြာပန်းပွင့်ရဲ့ အကျယ်ကတော့ ၃၀ စင်တီမီတာထိရှိနိုင်ပါတယ်။ နေကြာပင်ဟာဆိုရင် Kansas ပြည်နယ်ရဲ့ ပြည်နယ်ပန်းလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် Kansas ပြည်နယ်ကို Sunflower state လို့ခေါ်ကြပါသေးတယ်။ နေကြာပင်ရဲ့အရောင်တွေကို ကြည့်မယ်ဆိုရင်တော့ အဝါရောင်က အဓိကဖြစ်ပါတယ်။ အနီရောင် လိမ္မော်ရောင်များလည်းဖြစ်တတ်ပါတယ်။
နေကြာပင်တွေကတော့ များသောအားဖြင့် ၁.၅ မီတာကနေ ၃.၅ မီတာထိ မြင့်နိုင်ပါတယ်။ ဂင်းနစ် စာရင်းဝင်နေကြာကတော့ ၇.၅ မီတာ အရှည်ရှိပါတယ်။
နေကြာစေ့ကို နေလှမ်းပီး ဆားနဲ့လှော်ကာ ပြုလုပ်စားသောက်တတ်ကြပါတယ်။ နေကြာစေ့ အဆီလည်း ထုတ်ယူအသုံးပြုကြပါတယ်။ အစားအသောက် ထဲထည့်စားတဲ့ ဖြည့်စွက်အစားအစာအဖြစ်လည်း အသုံးပြုကြပါတယ်။ တိရိစ္ဆာန် အစားအစာအဖြစ်လည်း ပြုလုပ်ရောင်းချကြပါသေးတယ်။
writer caesarsupaimin
MSC-025