ဒီဥလေးတွေကဘာဥလေးတွေလည်းသိကြရဲ့လားဗျာ့ တချို့အရပ်ကတော့ မှိုဥလို့ခေါ်ပြီး တချို့အရပ်ကတော့ အင်ဥလို့ခေါ်ပါတယ်။ဒီဥလေးတွေကဒီအချိန်မှာ မပေါ်သေး မရှိသေးဘူးဗျာ့ မိုးဦးကျ ပူအိုက်စွပ်စိုတဲ့အချိန်မှာ ပေါ်တာပါ အမှန်ကတော့ မှိုဥပါ သူ့ကိုအင်တိုင်းတောက အင်ရွက်ဆွေးတွေအောက်မှာ အများအားဖြင့်ရှိတာမို့အင်ဥလို့ခေါ်ကြလေဟန်ရှိပါတယ် အရင်တုန်းကအတော်ကြိုက်အတော်စားခဲ့ပါတယ် အခုတော့ဘာဖြစ်တာလဲမသိဘူး ငါးနှစ်လောက်ရှိပြီစားလို့မရတာ အင်ဥကိုစားပြီးရင် အန်တော့တာပါဘဲ စားလို့ကိုမရတော့တာ အဲ့ဒါသွေးသားပြောင်းပြီးမတည့်တာလို့လဲပြောကြပါတယ်။ မတည့်တဲ့သူတွေဆို အဲ့လို ဘဲတောက်တပ်တယ်လို့ပြောကြပါတယ်။