ဒီနေ့ တပို့ တွဲ လပြည့်ကျော် တစ်ရက်နေ့  ဆိုသော်ငြား၊ သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားတွင်တော့ လူများကြိတ်ကြိတ်တိုး စည်ကားလှသည်။ လပြည့်နေ့ က ပိုများသော်လည်း၊ ယနေ့ လည်း ထို့ အတူပင် ဘုရားကန်တော့ပြီး ပြန်ဆင်းလာတော့ စောင်းတန်မှာ အိုးစည်ဗုံမောင်းတီး၍ ညာသံပေးနေသောကြောင့် ကြည့်လိုက်မိတော့ မိမိနှစ်သက်သော မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲဖြစ်နေပါသည်ပြိုင်ပွဲဝင်များ အားလုံး ညီကြသည်။ တစ်ဦးက ခြင်းအလှပြလျင၊် တစ်ဦးက ပံ့ပိုးသည့် ၊ကျန်သည့် သူများက ခြင်းထောက် ခြင်းဆယ် ရန် အသင့် စည်းလုံးညီညွတ်ကြပေသည် ။မြန်မာ့ အားကစားတိုင်း အတုယူစရာ များ အားမာန်များပါလှပါသည်