ဟိုတစ်ရက်က ငါးမျှားသွားပြီး ရလာတယ့် ငါးတွေ့ကြော်နေရင်း ခေါင်းထဲအသိတစ်ခုဝင်လာတယ်.....။ ဘာလဲဆိုတော့ Steemit မှာ ငါးကြော်နည်းလေး ရေးတင်လိုက်ရင်ကောင်းမလားပေါ့လေ...။ အရင်ကလည်း အချက်အပြုတ်အကြောင်းတွေ မရေးဘူးလို့ အခုစမ်းပြီးရေးကြည့်လိုက်တာပါ။
ထမင်း၊ ဟင်းချက်တတ်သူ အိမ်ရှင်မ အတော်များများအတွက် ငါးကြော်နည်းဟာ ဘာမှ မခက်ခဲပါဘူး။ ဘယ်လိုကြော်လှော်ရမလဲဆိုတာ အားလုံး သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် တစ်ခုရှိတာက ငါးကြော်နေတဲ့အချိန် မကျက်သေးဘဲ အပေါ်အောက်သွားလှန်မိလိုက်ရင် ငါးအသားတွေ ဒယ်အိုးမှာ ကပ်ကျန်နေခဲ့တာကို ကြုံဖူးကြမှာပါ။ အခုကျနော်ပြောပြမယ့်နည်းလေးက ငါးကြော်တဲ့အခါ ဒယ်အိုးမကပ်ပဲ ငါးကြော်လေးတွေဟာ အနီရောင်သမ်းပြီး ကြွပ်ယွနေအောင် ဘယ်လိုကြော်ရမလဲဆိုတာပါ။
ဒီလိုကြော်လှော်ဖို့အတွက် ဘာမှအထွေအထူးမလိုအပ်ပါဘူး။ ခါတိုင်းသုံးနေကြ ဒယ်အိုး၊ ဆီ၊ ဆား၊ဆနွင်း အားလုံးရှိရင်ရပါပြီ။ ဒီနေရာမှာ တစ်ခုပိုလာမှာက ကြက်ဥပါ။ ကြက်ဥဆိုတာလည်း အိမ်တိုင်းရေခဲသတ္တာထဲမှာ အမြဲရှိနေကြပါ။ ဟုတ်ပြီ။ ဒါဆိုဘယ်လိုကြော်ရမလဲဆိုတာ ကြည့်ရအောင်။
အရင်ဆုံး ကြော်မည့် ငါးအသားများကို သေချာဆေးကြောသန့်စင်ပြီး ရေစစ်ထားပါ။ ပြီးရင် ငါးအသားများကို ဆား၊ဆနွင်း သင့်ရုံမျှထည့်ပြီး သေချာနှံ့အောင် နယ်ပေးပါ။ အယ်အိုးထဲတွင် ဆီအနေတော်ထည့်ပြီး မီးအေးအေးနဲ့တင်ထားပါ။ အတန်ငယ်ကြာ၍ ဆီပူလာလျှင် အခုန ဆား၊ဆနွင်းနယ်ထားသော ငါးအသားထဲကို ကြက်ဥ အနည်းငယ်ခန့်ဖောက်ထည့်ပြီး သေချာနယ်ပေးပါ။ ပြီးမှ မီးအေးအေးဖြင့် ကြော်ပါ။ ဤသို့ ကြက်ဥနဲ့ရောပြီးကြော်ခြင်းအားဖြင့် ငါးများ ဒယ်အိုးမှာ ကပ်မနေဘဲ ကြွတတ်လာပြီး အလွယ်တကူ အပေါ်အောက်လှန်ပေးလို့ရပါတယ်။ ထိုနောက် ငါးကြော်လေးတွေဟာ အနီရောင်သမ်း၍ ကြွပ်ယွလာပြီဆိုလျှင် ငါးကြော်ခြင်း အလုပ်ပြီးဆုံးပါပြီ။ အားလုံးပဲ အရသာရှိသော ငါးကြော်များ အမြဲကြော်စားနိုင်ပါစေဗျာ....။
ရေးသားသူ Jhon Jhon
MSC-046
Photo By Facebook