ရှေးလူကြီးဆိုထားသော စကားတခု ……
" သစ်ပင်ကောက်နေတာ မြင်သာပါတယ်
လူတယောက်အတွင်းစိတ်က ကောက်နေတာကိုတော့ လွယ်လွယ်နဲ့ မမြင်သာပါဘူး " တဲ့
စိတ်ကောက်တယ်ဆိုတာဟာ
ကိုယ့်ကို တခုခု ပြောလိုက်လို့  ကိုယ်မဟုတ်လို့  မခံချင်တာမျိုး
ကိုယ်မကြိုက်တာကို လာစ လာနောက်လို့  အလိုမကျလို့  စိတ်ကောက်ခြင်းမျိုး မဟုတ်ပါ ။
** စိတ်ထားကောက်ခြင်းကို ဆိုလိုခြင်းပါ ။
ဒီစကားကို သေသေချာချာတွေးကြည့်မှ သိနိုင်တာမျိုးမဟုတ်ဘဲ ဒီစကားကို ကြားရုံနဲ့တင် ဘယ်လိုအဓိပ္ပါယ်ဆိုတာ ကွင်းကွင်းကွက်ကွက်ကြီးကို ကိုယ့်ဘာသာကိုယ်တော့ မျက်စိထဲတန်းနေအောင်မြင်ပြီး သဘောပေါက်နားလည်ခဲ့ပါတယ် ။
နားလည်လာတာနဲ့အမျှ ဘယ်သူဟာ ဘယ်လိုရှိတယ်ဆိုတာကို ကိုယ်ပတ်သက်ရာပတ်ဝန်းကျင်နဲ့ ကိုယ်ကျင်လည်ရာ နေရာမျိုးတွေက လူတချို့ကို ဆန်းစစ်ကြည့်မိပါတယ် ။ ကိုယ့်ကိုယ်ကိုလဲ ဆန်းစစ်ပါတယ် ။
ကိုယ်လဲ အကောင်းကြီး အဖြောင့်ကြီး မဟုတ်သလို သူတပါးလဲ ကိုယ်လိုဆိုတာ မြင်လာပါတယ် ။ သို့ သော် ကိုယ့်ထက်ဆိုးသော ကောက်သောသူများ အများကြီးပါလားဆိုတာကိုလည်း မြင်လာခဲ့ပါတယ် ။
မြင်ရုံနဲ့မပြီးသေးဘူး မမ ရေလို့  ကိုယ့်ဘာသာ ဘရိတ်အုပ်လိုက်ပြီး ကိုယ်မွေးထားတဲ့ခွေးကလေးကို အစာကျွေးလိုက်တော့တယ် ။ အိမ်မှာ လှလှပပမွေးထားတဲ့ ခွေးလေးတွေအဖို့ က စားစရာမပူရပေမယ့် လမ်းဘေးကခွေးတွေအတွက်ကျ စားစရာခက်ခဲရှာတယ်လေ ။