image source
စိတ်နှလုံးတွေ ကြည်လင်နူးညံ့နေတဲ့အခါ စကားတွေဟာ ချိုသာသထက်ချိုသာနေတယ်။အတွေးတွေက နူးညံ့သထက်နူးညံ့နေတယ်။စာသားတွေက
ကဗျာဆန်နေတယ်။မြင်မြင်သမျှက ဘဝင်ကျစရာချည်းစ်ြနေလေရဲ့။နေ့စဉ်ရက်ဆက် မြင်နေလာရတဲ့ လမ်းမကြီး
ဟာ ယခင်ထက် ပိုပြီးဖြောင့်နေတယ်။နေ့စဉ်မော်ကြည့်
နေတဲ့ ကောင်းကင်ကြီးက ယနေ့ပို၍ ကျယ်ပြောနေလေ
ရဲ့။ကြားနေကျ စာကလေး မြည်သံက တေးဂီတ တစ်ပုဒ်
သဖွယ် နဝင်ပီယံ ဖြစ်နေသလို အနံ့ပြင်းပါတယ်လို့ ကျွန်ုပ်ဆိုနေတဲ့ မလေးရှား ပန်းတောက်ရနံ့က သင်းသင်း
လေးနဲ့ မွှေးထုံနေသတဲ့။
တစ်နေ့ ၁၀ကြိမ်မက သောက်နေတဲ့ ရေဘူးထဲမှရေ
က ယခု ချိုမြန်လွန်းနေသလို ပူပြင်းလှတဲ့နေက အပူဓာတ်တွေ လျော့နေသယောင်ပေါ့။လေမလာလို့ ညည်းတွားနေခဲ့တာ ယခုကျ လေတွေငြိမ်လိုက်တာ အနားယူနေတယ်လို့တွေးလိုက်မိ၏။တွေးလိုက်တိုင်း အတွေးတွေက ဂွမ်းစလေးလို နူးညံ့အိဖတ်လို့။ကြည်လင်နေတဲ့ဦးနှောက်နဲ့နူးညံ့တဲ့နှလုံးသားတို့ပေါင်းစပ်လိုက်တာ မရေမတွက်နိုင်တဲ့ အတွေးသစ်လေးတွေ ကရောသောပါး လျှံထွက်လာလေရဲ့။အလုံးစုံ မမှတ်လိုက်နိုင်တာက ကြီးမားသောဆုံးရှုံးခြင်းပေါ့။တန်ဖိုးရှိတဲ့ အတွေးသစ်တစ်ခု ဖြစ်တည်လာဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်။တစ်ခါတစ်လေကျ နာရီပေါင်းများစွာ ထိုင်တွေးတာတောင် ဆန်း
သစ်တဲ့ အတွေးတွေ မထွက်လာတတ်ပေဘူးမဟုတ်ပါလား။ထို့ကြောင့် အသစ်ဟူသမျှသော အတွေးတို့ကို
တန်ဖိုးထားတယ်။သေးမွှားသော အတွေးလေးကို ချဲ့ကားနိုင်သမျှ ချဲ့ကားတယ်။အတွေးသစ်လေးတွေ မမှတ်လိုက်နိုင်ဘဲ ပျောက်သွားတဲ့အခါ နှမြောတသ တသသဖြစ်မိပါရဲ့။အဘယ်ကြောင့်မူ ပျောက်သွားသောအတွေးတို့သည် များသောအားဖြင့် ပြန်ခြင်းကင်းမဲ့သောကြောင့်တည်း။
လေပြေဝေ့လို့ သစ်ပင်ထက်က ရွှက်ဝါကလေးတွေ
ကြွေကျတာမှသည် ကဗျာတစ်ပုဒ်ဖြစ်နိုင်သလို သိန်းငှက်တစ်ကောင် လေဟုန်စီးတာကလည်း စာတစ်ပုဒ်အသွင်းပြောင်းနိုင်လေရဲ့။အတွေးမှသည် အရေးအဖြစ်သို့
ပြောင်းပြီးသကာလ တန်ဖိုးရှိသော စာတစ်ပုဒ်သို့လည်း
ကောင်း၊အဖိုးတန်သည့် တက်ကျမ်းတစ်စောင်အဖြစ်လည်ကောင်း၊ပျော်၊လွမ်း၊ဆွေး၊ငေး ရသစုံသည့် ဝတ္တုရှည်
တစ်ပုဒ်သို့လည်ကောင်း ဤသို့ဤသို့ ဖြစ်လာလတ္တံ့။
ထိုကြောင့် ကောင်းသောအတွေးတို့ကို လက်လွယ်စလွယ် လွှတ်မပစ်ဘဲ အမိအရ ဖမ်းဆုပ်နိုင်ကြပါစေကုန်။
image source
လေးစားစွာဖြင့်
နွေဦးသစ်
MSC-252