image source
တစ်ပတ်လောက်တော့ရှိပြီ။အတွေးတွေ ဆက်ကဲဝင်နေတာ။ဘာလုပ်ရမလဲပေါ့။တစ်နေ့တာ ဟိုတွေးလိုက်
ဒီတွေးလိုက်နဲ့ အချိန်တွေကုန်နေတယ်။ပြန်တွေးမိပြန်
တယ်။ငါဒီအတိုင်း တွေးနေလို့ချည်းပဲ့မရဘူး။တစ်ခုခုကို
ဖြစ်အောင် လုပ်မှဖြစ်လိမ့်မယ်။ဒီအတိုင်း အချိန်တွေပုတ်ခံလို့မဖြစ်ဘူး။အချိန်ဆိုမှဗျာ။အချိန်နဲ့ပတ်သက်လို့ ထူးထူးခြားခြား ဝမ်းနည်းမိတာ တစ်ခုရှိသေးတယ်။ဒီနေ့
သူငယ်ချင်းတစ်ယောက်က သူ ၃လပိုင်းဆို အသက်၂၀ပြည့်တော့မယ်တဲ့။ဒါမှ ပြန်စဉ်းစားကြည့်မိတယ်။"ဟိုက်
ငါလည်း ၅လပိုင်းဆို ၂၀ပြည့်တော့မှာပါလား" "ငါ
၁၉နှစ်ပြည့်တာမှ မကြာသေးဘူးလေ၊အခု၂၀က ပြန်ပြည့်တော့မှာလား။ကိုယ့်ဟာကို မယုံနိုင်ဘူးဖြစ်နေတယ်။သေချာအောင် မေးယူရသေးတယ်။ဟုတ်တယ်တဲ့ ၂၀
ပြည့်တော့မယ်ဆိုပဲ့။စိတ်ထဲ ဝမ်းနည်းသလိုကြီးက တ
လှိုက်လှိုက်တက်လာတယ်။လည်မြှိုမှာ တစ်ခုခုကြီးဆို့
ထစ်နေသလို ခံစားနေရတယ်။ဘာဖြစ်တာလဲ၊ဘာကြောင့်လည်း သေချာတဲ့အဖြေထွက်မလာခဲ့ဘူး။တစ်နှစ်ဆိုတဲ့အချိန်က မြန်ဆန်လွန်းနေတယ်။တစ်ခုတော့ သေချာတယ်။အသက်၂၀ ဆိုတာကြီး မပြည့်ချင်ဘူးဆိုတာပါပဲ့။
တွေးတာမှဗျာ။အိပ်ရင်းတွေးတယ်။ထိုင်ရင်းတွေး
တယ်။လမ်းလျှောက်ရင်းတွေးတယ်။ထမင်းစား၊ရေချိုး၊
ဆိုင်ကယ်မောင်း မလွတ်တမ်းတွေးတယ်။အိပ်ခါနီး တွေးတယ်။အိပ်ပျော်တာတောင်မှ အိပ်မက်ထဲမှာတွေးတယ်။Memory လည်း Full လောက်ပါတယ်လေ။ဒီနေ့တော့ အတွေးလေးတစ်ခု ထပ်ဝင်လာတယ်။အသေးစား
Exchange လေးတစ်ခု လုပ်ရမလားလို့ပေါ့။အရင်းအနှီး
ကလည်း လုံလုံလောက်လောက်မရှိပြန်တော့ Online
Money လောက က အတိုအထွာ၊အမှုန်အမွှားလေးတွေ
ဝယ်ရမလားလို့ စိတ်ကူးမိတယ်။ဒီအတိုင်း နေတာခြင်း
တူတူ တစ်ခုခုလုပ်နေကာမှ အရာထင်ဦးမယ်လေ။ဒါနဲ့
ဗျာ၊ယခုလက်ရှိOnline Money လောကမှာ တကျော့
ပြန်ခေတ်စားနေတဲ့ BEC Verify မဖြစ်တဲ့Accတွေဝယ်
ပြီး IDပြန်တင်မယ်ပေါ့လို့ဆုံးဖြတ်လိုက်တယ်။အဆင်
ပြေတယ်ဗျ။မကြာဘူး၊Acc ရောင်းမလား တစ်ဦး ဈေးဦး
ဖောက် ရောက်လာတယ်။ဒီလိုနဲ့ Accကို ဈေးဖြတ်ပြီး
ID တင်ထားလိုက်တယ်။တစ်နာရီလောက်နေတော့
accountထဲပြန်ဝင်ကြည့်တော့ ID Verify ဖြစ်နေပြီ။ကြည့်ပြီး ပီတိဖြစ်မယ်ကြံကာရှိသေး၊ဗြုန်းဆို Becတွေ
မရှိတော့ဘူးဗျ။"ဟ ဘာဖြစ်တာလဲလို့ စစ်လိုက်တော့
ငနဲသားက BEC'တွေ လာထုတ်ထားတယ်။ဒါနဲ့ အမြန်
ဖုန်းနံပါတ်တွေပြန်ချိန်း Pswတွေပြန်ချိန်းလိုက်ရတယ်။
လူက ဒေါသဖြစ်သွားတယ်။ဒါကြောင့်ပေါ်တင်သွားမေးလိုက်တော့ သူမထုတ်ဘူး၊သူ့သူငယ်ချင်း ကို မေးလိုက်မယ်ဆိုပြီး တအောင့်ကြာတော့ ဟုတ်တယ် သူ့သူငယ်ချင်း ထုတ်လိုက်တာ ဘာညာကွိကွ လာရွှီးတယ်။လူကလည်း ဒေါသထွက်ထွက်နဲ့ ကောလွှတ်လိုက်တယ်၊
နောက်ဆုံးဝင်ခဲ့တဲ့ဖုန်းက သူ့ဖုန်းဖြစ်နေတာ တော့မပြောလိုက်တော့ဘူး။.ဈေးဦးပေါက်တယ်ဆိုတာ ဒါပေါ့။ပထမဆုံးခြေလှမ်းမှာတောင် ဂျင်းတွေ မိတ်သလင်တွေနဲ့ လာတိုးတယ်။သြော်...လူတွေ
ကလည်း လိမ်မယ်၊ကောက်မယ်၊ဝှက်မယ်ဆိုတာကြီးပဲ့
၊အသိတရားလည်း ရမိပါရဲ့။ရှေ့ဆက် ဒီလောကကြီးမှာ
လျှောက်လှမ်းဖို့ ခွန်အားတွေ ခံနိုင်ရည်အားတွေ လုံလောက်အောင် မွေးထားဖို့တော့ လိုအပ်နေပါပြီကော။
image Source
*လေးစားစွာဖြင့်
*နွေဦးသစ်
**
*MSC-252