စိတ်တွေ လေနေတာ ဘယ်တော့ပြီးမှာလဲ။ဘယ်ချိန်မှပြန်နိုးထမှာလဲ။အလေလိုက်နေတာ ဘယ်တော့ရပ်တန့်မှာလဲ။လျင်မြန်စွာကုန်ဆုံးနေတဲ့အချိန်တွေ မနှမြောဘူးလား။ဘဝအတွက်ဆိုတဲ့ မင့်ရည်မှန်းချက်တွေ
ပျောက်ကုန်ပီလား။စာကရော ဘယ်တော့မှ ပြန်ဖတ်မှာလဲ။မင်း နှစ်သက်တယ်ဆိုတဲ့ စာကရော ဘယ်ခါ ပြန်ရေးမှာလဲ။အရေးအသား တိုးတက်ချင်ပါတဲ့ဆိုတဲ့ စကား
တွေ၊အတွေးတွေ မင့်မေ့နေပြီလား။အိပ်မက်ကနေ ပြန်
နိုးထပါတော့။အချိန်တွေ မဖြုန်းတီးပါနဲ့တော့။မင်းရပ်နေရင် အခြားသူတွေ မင့်ကို ကျော်တက်သွားကြလိမ့်မယ်။နောင်တတွေ တသီနဲ့ မင်းနေချင်လို့လား။အာရုံတွေ
မများပါနဲ့တော့။ဘဝအတွက် ရည်မှန်းချက်တွေ၊ရည်ရွယ်ချက်တွေ မင်းရဲ့အလေလွင့်ခြင်းနဲ့အတူ မမျောလွှင့်
သွားပါစေနဲ့။အားငယ်ခြင်းတွေ၊စိတ်ဓာတ်ကျခြင်းတွေ
အဝေးသို့ လွှင့်ပစ်ပြီး ပြန်လည်နိုးထ ရှင်သန်ပါတော့ကွာ။ဘဝအတွက် စာတွေပြန်ဖတ်ပါတော့။စာတွေ ပြန်
ရေးပါတော့။မင့်လျှောက်ရမယ့်လမ်းက အဝေးကြီး၊အရှည်ကြီးရှိသေးတယ်။ဒီလမ်းကို လျှောက်ဖို့ မင့်မှာ ခွန်အားတွေ၊အသိပညာတွေ၊ဗဟုသုတတွေ၊အတွေ့အကြုံ
တွေ ဘာမှမရှိသေးဘူး။ပညာတွေ အသိတွေ သုတ တွေ ရှာဖွေသိုမှီးပါတော့။ဘဝရည်မှန်းချက်တွေ ကို မိနစ်ပိုင်းမျှတောင် မမေ့လျော့လိုက်ပါနဲ့။ဆက်လျှောက်ပါ။
ဆက်သွားပါ။မရပ်လိုက်ပါနဲ့။ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့။