အချိန်သည် နွားရိုင်းသွင်းချိန် ညနေရီသရောအချိန်ဖြစ်၏။
ရွာထဲ အရက်ဆိုင်တွင် ဝိုင်းအလွတ်မရှိအောင်ပင် လူစည်ကားနေ၏။ဟိုဝိုင်း ဒီဝိုင်းဆီမှ စကားများသည် ရှုပ်ထွေးပွေလီစွာဖြင့် တသောသောညံနေကြလေသည်။
သာအေး တို့ ဝိုင်းတွင်မူ လူ၅ယောက်ဝိုင်းစု
သောက်နေကြ၏။ရွာအလယ်ပိုင်းမှ တင်ဦး၊အရှေ့ပိုင်းမှ
ချာတူးနှင့်ညီဖြစ်သူတင်လှ၊ရွာသို့အလည်လာသော စန်းမောင်(အမည်လွှဲ)၊၄င်းတို့ ၅ယောက်သည် ရေချိန်ကိုက်နေကြပြီး
ရောက်တတ်ရာရာ စကားများကို အရက်တမြမြနဲ့ ပြောနေကြ၏။
ရောက်တတ်ရာရာစကားမှသည် ချာတူး၏စကားကြောင့်
အားလုံးတစ်ချက်ငြိမ်သွားကြပြီး ချာတူးဆီသို့အာရုံရောက်လာကြလေသည်။ချာတူးပြောလိုက်သည်ကား ရွာထိပ်မှ သရက်တန်းအကြောင်းပင်။
သရက်တန်းဟူသည် ရွာထိပ်အဝင်ဝတွင်တည်ရှိပြီး သရက်ပင်ကြီးများ တန်းစီ၍ရှိသောကြောင့်တည်း။၎င်းသရက်ပင်တို့သည် အင်္ဂလိပ်တို့လက်ထက်က စိုက်ခဲ့ကြပြီး
ယနေ့တိုင် ထီးထီးမားမားကြီးတည်ရှိနေကြ၏။သရက်ပင်ကြီးတို့သည် နေရောင်ထိုးမဖောက်အောင်ပင် ပိန်း
ပိတ်လျက်ရှိ၏။ထိုသရက်ပင်ကြီးတို့ အရှေ့တွင်မူ လူမနေတော့သော တန်းလျားခန်းတွဲများ တည်ရှိပြီး နှစ်ပေါင်းကြာရှည်စွာ ပစ်ထားသောကြောင့် သွပ်ခေါင်များ လှန်ကာ အကာအရံများဆွေးမြေ့လျက်ခြုံနွယ်များဖုံးလွှမ်းလျက်ရှိနေလေသည်။
ထိုတန်းလျားခန်းများသည် မြန်မာပြည်လွတ်ရပ်ရေးရပြီး
သည်ထိ လူများနေထိုင်ခဲ့ကြသေး၏။လူများစွန့်ခွာခဲ့ရသည့်အကြောင်းရင်းကား မကောင်းဆိုးဝါးတို့ အင်မတန်
ခြောက်လှန့်သောကြောင့်တည်း။ထိုနေရာသည် အရင်က စည်ကားသောနေရာတစ်ခုဖြစ်ခဲ့သော်လည်း အင်္ဂလိပ်လက်ထက်တွင် တိုက်ပွဲအကြီးအကျယ်ဖြစ်ကာ လူ
ပေါင်း၁၀၀ခန့်သေဆုံးခဲ့ကြလေသည်။ထိုအချိန်မှစ၍
ထိုသရက်တန်းတွင် သေနတ်သံများ ကြားခြင်း နာကျင်စွာအော်ဟစ်ညည်းတွားသံများကိုနေ့စဉ် ကြောက်မက်ဖွယ်ကြားရလေတော့သည်။နောက်ဆုံးတွင်မူ
ရွာသားတို့သည် ၄င်းနေရာကို စွန့်ခွာကာ ရွာအသစ်တည်ကာပြောင်းရွှေ့နေထိုင်ခဲ့ကြ၏။
ဤသို့ဖြင့် နှစ်ကာလရှည်ကြာလှပ်သော် ထိုသရက်တန်း
သည် ခြုံနွယ်များဖုံးအုပ်ကာအမှောင်အတိပီးလျက် အနီးအနားမှပင်ဖြတ်သန်းမသွားရဲသော ကြောက်လန့်စရာနေရာတစ်ခုအဖြစ်သို့ရောက်သွားလေတော့သည်။
ယနေ့အချိန်ထိ ဘယ်သူမှမသွားရဲကြောင်း၊သွားတဲ့လူ
မှန်သမျှ တစ်နည်းမဟုတ်တစ်နည်း အသက်ဆုံးရှုံးရကြောင်း အာပေါင်အာရင်းသန်သန်ဖြင့် ချာတူးသည် အဆက်မပြတ်ပြောနေလေသည်။ကျန်ရွာသား၃ယောက်သည်လည်း ဟုတ်မှန်ကြောင်း ထောက်ခံကြ၏။ဤတွင်
ဧည့်သည်ဖြစ်သော စန်းမောင်သည် မယုံကြည်သော
မျက်နှာဖြင့် "မင်းတို့ဟာက ဟုတ်လို့လားကွာ " "ဒါမျိုး
က တကယ်မရှိပါဘူး ၊အယူသီးကြတာပါ"ဟူ၍ ပြောလေသည်။ရွာခံများဖြစ်သော သာအေးတို့လည်း သူတို့
ရွာအကြောင်း သိသူများဖြစ်၍ ဟုတ်မှန်ကြောင်း၃ယောက်သား ဝိုင်းဝန်း ပြန်လည်ပြောဆိုကြ၏။စန်းမောင်ကတော့ လက်မခံပေ။"ငါ
မယုံဘူးကွာ၊ဒါမျိုးက မင်းတို့အယူသီးကြလို့ဖြစ်တာ ဒီလို
အခြေအမြစ်မရှိတာ ငါလက်မခံနိုင်ဘူး"ငါကလက်တွေ့
မှယုံတတ်တဲ့လူကွ"ဟူ၍ အတင်းအချေအငံပြောဆို၏။
ထိုနောက် ချာတူးတို့ရွာခံ၎ယောက်လုံး အထိတ်အလန့်
ဖြစ်သွားစေသော စကားကို စန်းမောင်၏နှုတ်မှ ကြား
လိုက်ရလေသည်။"အလောင်းအစားလုပ်မယ်ကွာ အဲဒီနေရာကို ငါတစ်ယောက်သွားပြမယ်"ဟူ၍ပင်။
ထိုအခါ သာအေးတို့၎ယောက်လုံး ထိတ်လန့်သောအမူအရာ ဖြင့် မလုပ်ပါနဲ့ကွာ၊မလုပ်ကောင်းဘူး၊မသွားပါနဲ့"ဟူ၍အတင်းတောင်းပန်ကြလေသည်။သို့သော်လည်း
စန်းမောင်သည် ရွာခံများ ပြောစကားကို နားမဝင်တော့ဘဲ ၄င်း၏အလောင်းအစားကို အကောင်အထည် ဖော်ရန်ကြိုးစားလေတော့၏။သာအေးတို့လည်း တားမရတဲ့နောက်ဆုံး သူ၏ဆန္ဒအတိုင်းခွင့်ပြုလိုက်ရလေသည်။
သာသေးတို့အုပ်စုသည် စန်းမောင်ကို ရွာထိပ်သို့
လိုက်ပို့ပေးပြီးနောက် ထပ်မံ၍ သရက်တန်းသို့မသွားရန်
တောင်းပန်ကြလေသည်။သို့သော်လည်း စန်းမောင်အား လက်မခံ၊"ရပါတယ် ငါရအောင်သွားမယ် ငါ့အလောင်းအစားကို အောင်မြင်အောင်လုပ်ပြမည်"ဟုဆိုကာ
သရက်တန်းဆီသို့ဦးတည်ထွက်သွားလေတော့သည်။သာအေးတို့ကား ထိုနေရာအနီးတဝိုက်တွင်ပင် ကြာကြာ
မနေရဲသဖြင့်ရွာထဲဆီသို့ သုတ်ချေတင်ခဲ့ကြလေသည်။
ညသည် နက်သနက်နက်လာ၏။ရွာထဲရှိခွေးများ၏
ဆွဲဆွဲငင်ငင်အူသံများသည် အသည်းငယ်သူများအဖို့
နှလုံးပင်ရပ်သွားစေလောက်သည်။သာအေးတို့အုပ်စု
သည် ချာတူး၏အိမ်ရှေ့တွင် အိပ်စက်ခြင်းမပြုဘဲဝိုင်းဖွဲ့၍
စန်းမောင်အကြောင်း ပြောဆိုကာစောင့်နေကြလေသည်။ထို့အခိုက် အချိန်ကားဖြင့် ည၁၂နာရီ ၁၀မိနစ်လောက်အချိန်တွင် ရွာထိပ်ဆီသို့ "အား...."ဟူသော ကြောက်ဖွယ်ရာအသံကိုရွာထဲမှပင် ပီပီသသကြီးကြားလိုက်ရလေသည်။သို့သော်လည်း ရွာရှိလူများအားလုံးကို
တစ်နေ့တာပင်ပန်းမှုကြောင့် အိပ်မောကျနေပြီဖြစ်ရာ
သတိမထားမိလိုက်ချေ။ထိုအော်သံကို ကြားလိုက်သူတို့ကား သာအေးတို့အုပ်စုသာ။သို့ပေမဲ့ ညဖြစ်သည်ကတစ်ကြောင်း ထိုနေရာကို ထိတ်လန့်သည်ကတကြောင်းကြောင့် စန်းမောင်တစ်ခုခုဖြစ်နေပီ သိသော်လည်း မနက်မှပင်သွားရန်ဆုံးဖြတ်လိုက်ကြလေသည်။
မနက်ရောက်သော် ရွာလူကြီးဆီအကျိုးအကြောင်း
ပြောကာ ရွာထဲမှ လူအင်အားတော်တော်များများဖြင့်
သရက်တန်းဆီသို့ လိုက်သွားကြ၏။ဟိုရောက်သော် စန်းမောင်၏ အရိပ်အယောင်ပင်မတွေ့ရသဖြင့် စန်းမောင်
အည်ကို အော်ခေါ်ကာ လိုက်ရှာကြလေသည်။အတန်ကြာသည်ထိ စန်းမောင်၏အစအနပင်မတွေ့ရပေ။ထို့အခိုက် ရွာသားတစ်ဦး၏ "ဟိုသရက်ပင်အောက်မှာ ဖိနပ်တစ်ဖက်"ဟုအော်သံကြောင့်ဝိုင်းစုကာ သွားကြလေရာ
သရက်ပင်ကိုင်းတစ်ခုတွင် စန်းမောင်ကိုတွေ့လိုက်ရလေသည်။သို့သော်လည်း စန်းမောင်သည် အသက်ဝိညာဉ်
မရှိတော့ပေ။ပြူးကျယ်နေသောမျက်စိ၊လျှာကြီးထွက်လျက် အသက်ဝိညာဉ်ကင်းမဲ့နေသော ရုပ်အလောင်းကိုသာ
တွေ့ရလေတော့သည်။စန်းမောင်တစ်ယောက် ဘယ်လိုဘယ်ပုံကြုံတွေ့ရပြီးသေခဲ့ရသည်ကို မည်သူမျှ တိတိကျကျ မသိသော်လည်း သရဲသတ်၍သေသည်ဟုပင် လူတိုင်းပါးစပ်ဖျားတွင် ယနေ့တိုင်စွဲထင်နေလေတော့သတည်း။