image source
ရှေးရှေးတုန်းကပေါ့။နှစ်၁၀၀ကြာ ဖြူလွှနေသော ပဝါစလေးတစ်ခုရှိသတဲ့။ဒီပဝါစလေးဟာ အရမ်းလည်း နူးညံ့သတဲ့။ဒါကြောင့် လူတွေဟာ အရမ်းကိုမြတ်နိုးတန်ဖိုးထားကြတယ်။တစ်နေ့တော့ သေးငယ်လှတဲ့ မင်စက်လေးတစ်ခုဟာ အဲဒီပဝါစလေးအပေါ် ကို ကျရောက်လာခဲ့သတဲ့။ပဝါစလေးရဲ့ အလယ်တည့်တည့်မှာပေါ့။ဖြူ ဖွေးနူးညံတဲ့ ပဝါစလေးဟာ အခုတော့ မင်စက်ထင်သွားခဲ့
တာပေါ့။ဒါပေမဲ့ ဒီမင်စက်လေးဟာ ပဝါလေးရဲ့ ဖြူစင်မှုကို မဖုံးလွှမ်းနိုင်ပါဘူး။အဲဒီမင်စက်ကြောင့် သူ့ရဲ့နူးညံ့မှုကလည်း ပျောက်ကွယ်သွားစရာ အကြောင်းမရှိခဲ့ဘူးပေါ့။
လူတွေဟာ ထုံးစံအတိုင်း ပဝါလေးဆီကိုလာခဲ့ကြတယ်။အဲဒီမှာ ပဝါလေးအပေါ်က မင်စက်လေးကို တွေ့သွားကြသတဲ့။ချက်ချင်းပဲ့ လူတွေဟာ ပဝါလေးကိုအရမ်းကို အမျက်ထွက်သွားကြပြီး ဝိုင်းပြီး အပြစ်ပြောကြတယ်တဲ့။"ဟာ ဒီပဝါစုတ် က ညစ်ပတ်လိုက်တာ၊
ဒီပဝါက မဖြူစင်တော့ဘူး၊ယုတ်ညံ့လိုက်တာ "စသည်သဖြင့်ပေါ့။လူတွေဟာ ပဝါလေးရဲ့ နှစ်၁၀၀ကြာ ဖြူစင်
ခဲ့မှုကို မတွေ့ကြတော့ဘူး။သေးငယ်လှတဲ့ မင်စင်လေးကိုပဲ့ တွေ့ကြပြီး ဝိုင်းဝန်းအပြစ်တင်ရှုတ်ချ ခဲ့ကြတယ်။
နှစ်၁၀၀ကြာ ဖြူစင်ခဲ့မှုက အခု ဘာတန်ဖိုးမှမရှိ အရာမဝင်တော့ဘူးပေါ့။အဲဒီလိုနဲ့ ပဝါဖြူလေးဟာ ဝမ်းနည်းနာကျင်စွာ ရှိုက်ငိုရင်း ပဝါတစ်ခုလုံးဟာ တဖြေးဖြေး မဲမှောင်သွားတော့သတဲ့။
အဲဒီလိုပါပဲ့။လက်ရှိလောကမှာလည်း လူတွေဟာ
အကြိမ် ၁၀၀မက အကောင်းလုပ်ခဲ့ပါစေ ဝိုင်းဝန်းချီးကျူးထောပနာပြုဖို့ ဝန်လေးကြပေမဲ့ တစ်ကြိမ်
တစ်ခါလေး အမှားလုပ်မိတဲ့အခါကျတော့ အကြိမ်၁၀၀၀၀မကအပြစ်တင်ရှုတ်ချတတ်ကြတယ်။အကြိမ်၁၀၀မကအကောင်းလုပ်ခဲ့ခြင်းက လည်း အရာမထင်တော့ဘူး။မင်စက်လေးလောက် အမှားကိုပဲ့ မြင်ကြပြီး ကျန်တဲ့ဖြူလွှနေတဲ့ ပဝါစအစိတ်အပိုင်းလောက် ကောင်းတာလုပ်ခဲ့သမျှကိုတော့ မမြင်ကြဘူး။ဒါကတော့ လောကကြီးရဲ့ ဖြစ်နေကျ အရာတစ်ခုပါပဲ့။