ဤနေ့ကား (26)ရက်နေ့။လကုန်ရက် ရောက်ရန်
5ရက်သာလိုတော့သည်။စိတ်ထဲမှာ လမြန်မြန်ကုန်ပါစေ
ဆုတောင်းနေမိသည်။လစာထုတ်ရန်အတွက်ကး မဟုတ်။ကျွန်ုပ်တို့MSC အဖွဲ့ကြီး၏ တစ်နှစ်ပြည့် အထိမ်းအမှတ် MSC ညီကိုများ တွေ့ဆုံပွဲသို့ သွားရောက်ရန်ဖြစ်သည်။ရက်လိုသေးသော်လည်း စိတ်ဆန္ဒကား စောလွန်းနေသည်။ထို့ကြောင့် ခရီးသွားရန် အဝတ်များ၊လမ်းခရီးတွင် လိုအပ်သော ပစ္စည်းများ၊သွားပွတ်တံ၊မျက်နှာသုတ်ပုဝါ၊စသည့် အသေးအဖွဲ့ပစ္စည်းများပါမကျန် စနစ်တကျ ထုတ်ပိုးနေမိသည်။ကားမူးတတ်သဖြင့် ကားမူး
သက်သာစေသော နည်းလမ်းများကိုလည်း မွှေနှောက်
ရှာဖွေ ထားသည်။လမ်းခရီးတွင် ဖုန်း Battery အခက်
အခဲမဖြစ်စေရန် မိမိတွင်ရှိသော Power Bank အပြင်
သူငယ်ချင်းများဆီမှလည်း ငှားထားသေး၏။
ထို့အပြင် သွားမည့်လမ်းခရီးများကို ဘယ်လိုသွားမည်၊ဘယ်လို လည်ပတ်မည်ဆိုတာများကိုလည်း ကြိုတင်
Planများ ချထား၏။ခရီးစရိတ်များကိုလည်း ပုဂံအထိ အသွား၊အပြန် စရိတ်များ၊လမ်းတွင် ကုန်ကျနိုင်သော အစားအသောက်စ ရိတ်များ၊လည်ပတ်ရန် စရိတ်များကို
ပါ အကြမ်းတွက်ချက်ထားပြီး မိမိတွင်ရှိသော ငွေနှင့်
လောက်ငှ နိုင်မည်လော စသည်တို့ကိုပါ ထည့်သွင်းစဉ်းစားထားမိပြန်သည်။အစီအစဉ်ကား မြိတ်ကနေ ရန်ကုန်
အထိ သွားပြီး ထိုမှတစ်ဆင့် အစ်ကိုတင်ထွန်းနိုင်နှင့်အတူ ပုဂံသို့ဆက်သွားရန်ဖြစ်သည်။ပုဂံတွင် Leaderကြီး အစ်ကိုဟင်၊ ဆရာတင်လှိုင်ဦး တို့နှင့်တကွ MSC ညီ
အစ်ကို မောင်နှမများနှင့် တွေ့ဆုံရမည့် အရေးကို တွေးပြီး အလိုလို ရင်ခုန် ကြည်နူးနေမိသည်။ပုဂံက ပြန်သည့်အခါ ကိုအောင်ကြီး၊ကိုမိုးဟိန်းတို့နှင့်အတူ မန္တလေးသို့
လိုက်သွားပြီး မန္တလေးမြို့ကို လည်ပတ်ကာ၊ရောက်ဖူး
ချင်လှသော ပြင်ဦးလွင်မြို့ကိုပါ အရောက်သွားရန် တွေး
ထားကာ အတွေးနဲ့တင် ပျော်ရွှင်နေခဲ့ရပါသည်။
ဤနေ့ကား(27)ရက်နေ့။ကြားလိုက်ရသော သတင်း
ကြောင့် စိုးရိမ်တုန်လှုပ်သွားမိသည်။သတင်းကား
မော်လမြိုင်မြို့တွင် ရေကြီး ရေလျှံမှုများဖြစ်၍ လမ်းများပိတ်ထားသည်ဟူ၍ပင်။သောကစိတ်တို့သည် ရင်ထဲမှ
လှိုက်ဖို လျှံတက်လာ၏။ရေဘေးကို ခံစားနေရသော
မြို့သူမြို့သားများကို သနားကရုဏာဖြစ်သောစိတ်၊လမ်းများပိတ်ထားသည်ဟူသော သတင်း စသည်အကြောင်း
အရာများသည် ရင်တွင်ပူပြင်းမှုကို သိသာထင်ရှားစေလှ
သည်။သို့သော် သွားရန်ရက်က အနည်းငယ်လိုသေးသဖြင့် ဤ၄ရက်မှာ ရေကျတန်ကောင်းပါရဲ့ဟု အတွေးဖြင့်
ဖြေသိမ့်ရပြန်ပါသည်။အိမ်ကလည်း လမ်းခရီးမကောင်း
၍ မသွားရန်၊တားမြစ်၏။ဘာတွေပဲ့ဖြစ်ဖြစ် ရောက်အောင်သွားမည်ဟု အားတင်း၍ ရေကျသည့် သတင်းကိုပင်
မပြတ်နားစွင့်နေမိသည်။များပြားလှသော အတွေးတို့က
နှိပ်စက်သဖြင့် အိပ်ပျော်ခြင်းငှာပင် မစွမ်းသာတော့ပေ။
28ရက်။ရေကား မကျသေး။ကားများ ဆက်သွားမရသဖြင့် ပိတ်မိနေကြသည်ဟူ၏။29ရက်၊သတင်းကား
မပြောင်းလဲ။ကျွန်ုပ်တို့မြို့မှာလည်း မိုးက အဆက်မပြတ်
ရွာသွန်းနေ၏။တဖြည်းဖြည်း စိုးရိမ်စိတ်တို့ ပို၍ ပို၍
ပြင်းထန်လာပြန်၏။"3ရက်တောင် ကျန်သေးတာပဲ့၊ဒီရက်တွေမှာ ကျတန်ကောင်းပါရဲ့"ဟု တဖန်မျှော်လင့်ချက်
တို့ မွေးမြူရပြန်ပါသည်။29၊30၊ လမ်းများဆက်သွားမရ
သဖြင့် ပိတ်ထားဆဲ။မနက်ဖြန်ကာ3း1ရက်နေ့။ရန်ကုန်သို့သွားရန် စီစဉ်ထားသောနေ့ဖြစ်သည်။ လမ်း
များ ပြန်ဖွင့်ပါစေ၊ရေများပြန်ကျပါစေ ဟု ထပ်တလဲလဲ
ဆုတောင်းရတာလည်းအမောပါပဲ့။လိုင်းဖွင့်ပြီး သတင်းအခြေအနေ စောင့်ကြည့်ရင်း ညနက်သည်ထိ အိပ်မပျော်ချေ။
31ရက်။မနက်စောစော နိုးသည်နက်ပင် ဖုန်းကိုယူ
လိုင်းဖွင့်ကာ ဘီးလင်း အခြေအနေကို ရှာဖွေမိသည်။
တွေ့ရသော သတင်းကြောင့် အရမ်းကိုပျော်ရွှင်သွားခဲ့ပါသည်။ဘီးလင်းတွင် ရေအတန် ကျကာ ကားများကို
အဖွဲ့လိုက် သွားခွင့်ပြုနေပီဖြစ်ကြောင်း တွေ့လိုက်ရသည်။"ငါ သွားလို့ ရတော့မည်"ဟု တွေးကာ မြူးတူး
တက်ကြွနေခဲ့သည်။ထို့ကြောင့် ကားလက်မှတ်ဖြတ်ရန်
အိမ်မှ ထွက်ခွာလာခဲ့ပါသည်။ဟိုရောက်သော် ကျွန်ုပ်
အတွက် မျှော်လင့်ချက် ပျက်သုန်းသွားစေသော သတင်း
တစ်ခုကား အသင့်စောင့်ကြိုနေပြန်ပါတော့သည်။ဤကား ထားဝယ်မြို့တွင် ရေကြီး ရေလျှံ၍ ကားများဆက်သွားမရဘဲ ပိတ်မိနေကြောင်း၊လမ်းများပိတ်ထားလိုက်ပီဖြစ်ကြောင်း ဟူ၍ပင်ဖြစ်ပါတော့သည်။ကျွန်ုပ်ငိုင်
သွားရပါပြီ။၂လ၊၃လ၊၄လ မက ပြင်ဆင်ထားခဲ့ရသော
မျှော်လင့်ထားခဲ့ရသော နေ့ ပျက်စီးခဲ့ရပါပြီ။MSCညီကို
များနှင့် အပြင်မှာ ဆုံရမည်အရေး မျှော်တွေးခဲ့ရသမျှ
အခု မဖြစ်နိုင်တော့ပြီ အတွေးသည် တကယ်ကို စိတ်
မကောင်းဖြစ်ရပါသည်။ဘာလို့ဒီလောက်အနှောက်အယှက်များနေရတာလဲဟု ကျွန်ုပ်ဟစ်အော်လိုက်ချင်ပါသည်။မနက်ဖြန်အထိ ရေကျမည်မဟုတ်သဖြင့် စိတ်မကောင်းစွာနှင့်ပင် ကျွန်ုပ်လက်လျော့ခဲ့ရပါသည်။ထိုမတိုင်ခင်က အနှောက်အယှက် အတားအဆီးများကို တစ်ခုပြီးတစ်ခု ကျော်လွှားနိုင်ခဲ့သော်လည်းသဘာဝကြီးက ပေးသော အနှောက်အယှက်အတားအဆီး၌မူ ကျွန်ုပ် လက်မြှောက်အရှုံးပေးခဲ့ရပါတော့သည်တကား။ ။