ဒီနေ့ကား ကျွန်ုပ်တို့ ကျောင်းသူကျောင်းသားများ
လှုပ်လှုပ်ရွှရွှ ဖြစ်ဆုံးသော ရင်ခုန်သံတွေဆူဝေတဲ့နေ့။အကြောင်းကား မြိတ်တက္ကသိုလ် Facebook Pageက ဒီနေ့ အောင်/ရှုံး Result ထွက်မည်ဖြစ်ကြောင်းအသိပေးလိုက်ခြင်းကြောင့်တည်း။ဘယ်ချိန်ထုတ်ပြန်မည်ဖြစ်ကြောင်း မကြေညာသဖြင့် ပိုပြီးလှုပ်လှုပ်ရွှရွှဖြစ်ကြ၏။မနက်ပိုင်း၊နေ့လယ်ပိုင်း အချိန်ထိ ထုတ်ပြန်မကြေညာသေး။Massenger မှာလည်း အချင်းချင်း မေးကြ၊ဆိုကြ နဲ့ အလုပ်ရှုပ်နေကြ၏။ညနေပိုင်း အချိန်ရောက်သည်နှင့် မြိတ်တက္ကသိုလ်ဝင်းထဲမှာ Result ကပ်ထားပြီဖြစ်ကြောင်း Info တွေ တက်လာပါသည်။
ကျွန်ုပ်ကတော့ တစ်နှစ်မှ သွားမကြည့်ဖြစ်ပါ။ဒီနှစ်လည်း သွားမကြည်ြ့ဖစ်၊ကိုယ့်ဆီ ရောက်လာမည့် infoကိုသာ နားစွင့်နေ၏။သိပ်မကြာလိုက်ပါ။ကျွန်ုပ်
ဆီ info ဝင်လာပါပြီ။ကျွန်ုပ်တို့ မေဂျာ သူငယ်ချင်းတစ်စု
လုံးအောင်ကြသည်။အကုန်လုံးအောင်၍ ပို၍ပျော်ပါ
သည်။Online တစ်ခွင်လည်း သူအောင်သည် ငါအောင်
သည်နှင့် ပြဲပြဲစင်အောင် တက်လာပါတော့သည်။
အခြားသူတွေလည်း အောင်မြင်ကြ၍ ဝမ်းသာမိပါ
သည်။သို့သော် အခြားသူတွေ အောင်မြင်၍ပျော်နေကြချိန်မှာ ကျရှုံးသည့် သူများ ၊သူတို့လည်း ပျော်ချင်ကြ
မည်သာ၊သို့သော် မပျော်နိုင်ပါ။အခြားမေဂျာမှ ကျွန်ုပ်
အသိအချို့ ကျ ကြသည်။ကျွန်ုပ် တကယ်ကို မပျော်နိုင်
တော့ပါဘူး။တကယ်ကို စိတ်မကောင်းဖြစ်ရပါသည်။
တက္ကသိုလ်ဆိုတာ လွယ်လွယ်အောင်တယ်ဆိုတဲ့ အသိ
တွေကို ဒီနှစ် တက္ကသိုလ်ကြီးက ပြင်းထန်စွာ ရိုက်ချိုးပစ်
လိုက်ပါသည်။အချို့ မေဂျာတွေ ခွက်ခွက်လန်အောင် ကျ ကျပါသည်။ဒီလောက် အရှုံးများတဲ့နှစ် မတွေ့ဖူးသေးပါ။အောင်တဲ့သူတွေ ပျော်နေချိန်မှာ ကျရှုံးသူတွေ
ဘယ်လို ဖြစ်နေကြမလဲ။ကျွန်ုပ်တွေးလည်းတွေးမိသလို စာနာခံစားမိပါသည်။ပျော်ရွှင်မှုတွေ ထပ်မံဆိတ်သုဉ်းသွားတဲ့အရာကတော့ ကျွန်ုပ်အရမ်းခင်ရသော ငယ်သူငယ်
ချင်းလေး၊သူလည်း ကျရှုံးသူစရင်းမှာပါသွားခြင်းပင်။
ကျွန်ုပ်တို့အောင်၍ ခဏက ပျော်နေသော်လည်း အခု
မပျော်နိုင်တော့ပါ။နောက်တစ်နှစ် အချိန်ထပ်ကုန်ကြရဦးမည်။သူတို့အစား ကျွန်ုပ်တကယ်ကို ရင်မောနေမိ၏။
ဒီနေ့ ကျွန်ုပ်ပျော်ရွှင်ရမည်လော၊ဝမ်းနည်းရမည်လော
တကယ်ကိုမသိတော့ပါ။