ကျော်ကြားတဲ့ ဘောလုံး အကယ်ဒမီများ
ဘောလုံးအကယ်ဒမီဆိုတာ ဘောလုံးအားကစားလောကရဲ့ အခြေခံအရင်းအမြစ်ကြီး တစ်ခုဖြစ်တယ်ဆိုတာ အားလုံးသိကြမှာပါ။
ဘောလုံးသမားတွေကို ဘောလုံးအားကစားနဲ့ပတ်သက်တဲ့ သင်ကြားလေ့ကျင့်မှုတွေ ပြုလုပ်ပေးတဲ့ သင်တန်းကျောင်းဖြစ်ပြီး ဘောလုံးလောကသားတွေအတွက် အဖိုးမဖြတ်နိုင်စရာ ဟင်းလေးအိုးကြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ဘောလုံးအကယ်ဒမီ စတင်တည်ထောင်တာ သိပ်မကြာသေးပေမယ့် ကမ္ဘာတစ်ဝန်းမှာတော့ ဘောလုံးအကယ်ဒမီတွေ ပေါ်ပေါက်ခဲ့တာကြာမြင့်ခဲ့ပါပြီ။ ဒါကြောင့် ကမ္ဘာတစ်ဝန်းက အောင်မြင်နေတဲ့ ဘောလုံးအကယ်ဒမီတွေအကြောင်း ဖော်ပြပေးပါမယ်။
၁။ AFC Ajax Youth Academy
ဟော်လန်နာမည်ကျော်ဘောလုံးကလပ် Ajax ရဲ့ ဘောလုံးအကယ်ဒမီဖြစ်ပါတယ်။ ဒီအကယ်ဒမီသင်တန်းကျောင်းကို ဟော်လန်နာမည်ကျော်ဘောလုံးသမား ဂျိုဟန်ခရိုက်က ပုံဖော်ဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။ ဒီသင်တန်းကျောင်းမှာ အတွေးအခေါ်တွေနဲ့ ကစားနည်းစနစ်တွေကို သင်ကြားပေးပြီး ထိုးထွင်းနိုင်မှု၊ တစ်ကိုယ်တော်စွမ်းရည်နဲ့ အရှိန်နှုန်းတို့ကိုလည်း လေ့ကျင့်သင်ကြားပေးတယ်လို့ သိရပါတယ်။
၂။ La Masia
ဒီအကယ်ဒမီသင်တန်းကျောင်းကတော့ စပိန်ဘောလုံးကလပ်ဘာစီလိုနာရဲ့ သင်တန်းကျောင်းဖြစ်ပါတယ်။ ဒီသင်တန်းကျောင်းမှာ ကောင်းမွန်လှတဲ့ နည်းပညာစွမ်းရည်တွေနဲ့ လေ့ကျင့်သင်ကြားပေးတာဖြစ်ပါတယ်။ ၂ဝ၁ဝ မှာတော့ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ လီယွန်နယ်မက်ဆီ၊ အင်နီယေစတာနဲ့ ဇာဗီတို့က လေ့ကျင့်ရေးဆရာတွေအဖြစ် ပါဝင်ပေးခဲ့တယ်လို့ သိရပါတယ်။
၃။ Academia Sporting
ပေါ်တူဂီကလပ် စပို့တင်းရဲ့ ဘောလုံးအကယ်ဒမီဖြစ်ပါတယ်။ ခရစ္စတီယာနိုရိုနယ်ဒို၊ နာနီတို့လို နာမည်ကျော်ကစားသမားတွေကို ပျိုးထောင်ပေးခဲ့ရာ အကယ်ဒမီလည်းဖြစ်ပါတယ်။ ဒီအကယ်ဒမီဟာ ၂၅ဝဝဝဝ စကွဲမီတာကျယ်ဝန်းတဲ့ ကွန်းပလက်စ်တစ်ခုလည်းဖြစ်ပြီး ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့ အပြင်ဖက်မှာ တည်ရှိပါတယ်။ ဒီအကယ်ဒမီကျောင်းဟာ ကမ္ဘာကျော်ပေါ်တူဂီဘောလုံးသမား လူးဝစ်ဖီဂိုရဲ့ ပံ့ပိုးမှုတွေရှိနေတဲ့ အကယ်ဒမီဖြစ်တယ်လို့လည်း သိရပါတယ်။
၎။ The Bayern Munich Junior Team
ဒီအကယ်ဒမီသင်တန်းကျောင်းကို ၁၉ဝ၂ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီအကယ်ဒမီမှာ ၄ - ၃ - ၃ ကစားကွက်နဲ့ အဓိကထား သင်ကြားလေ့ရှိပြီး ဖလစ်လမ်း၊ ရှဝိန်းစတိုင်ဂါ၊ သောမတ်မူလာစတဲ့ ကစားသမားတွေရဲ့ သင်ကြားပေးမှုတွေလည်း မကင်းတဲ့ အကယ်ဒမီဖြစ်ပါတယ်။
၅။ The Manchester United Academy
ကမ္ဘာကျော်ဘောလုံးကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ဘောလုံးအကယ်ဒမီဖြစ်ပါတယ်။ ဂန္တဝင်ဘောလုံးသမားကြီး ဆာဘော်ဘီချာတန်က လေ့ကျင့်အကြံဥာဏ်ပေးနေတဲ့ အကယ်ဒမီလည်းဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်း၊ ရွိုင်ယန်ဂစ်၊ ပေါလ်စခိုးစတဲ့ နာမည်ကျော်ကစားသမားတွေကို မွေးထုတ်ပေးရာ အကယ်ဒမီလည်းဖြစ်ခဲ့ပါတယ်။