ငရုတ်သီးအကြောင်း နှင့် ငရုတ်သီးကြော် ပြုလုပ်နည်း ( အပိုင် - ၉ )
Hello , all steemit member.
အစားတစ်လိုင်း တို့၏ ထုံးစံ အတိုင်း ငရုတ်သီး ကြော် ပြုလုပ်စားသောက် ရင်း ငရုတ်သီးအကြောင်းနှင့် ငရုတ်သီးစားခြင်းဖြင့် ရရှိစေမည့် ကျန်းမာရေား ကောင်းကျိုးများ ငရုတ်သီး ကြော်နည်း အမျိုးမျိုး နှင့် ပြုလုပ်နည်းများအကြာင်း ရေသား လိုက်ပါသည်
နေ့စဉ် ကျမတို့စားသုံးနေသော မီးဖိုချောင်တွင် သုံးစွဲသော ငရုတ်သီး အနီတောင့် တွင်အဓိက ပါဝင်သော Capsic ဓာတ် သည် အရိုးအဆစ် ဝေဒနာကို ပျောက်ကင်း စေသည် ဟုဆိုပါသည်
Capsic ငရုတ်မှာ ဆေးစွမ်းသတ္တိ တွေ ရှိပါတယ်
မှိုပိုးကိုနိုင်ပါတယ်
ဗက်တီးရီးယားပိုးတွေကိုနိုင်ပါတယ်
အဆစ်နာ ခြင်းများကိုသက်သာစေပါတယ်
ယနေ့ရေးသားမည့် ငရုတ်သီးကြော် ပြုလုပ်နည်းအကြောင်း ကတော့ ငါးအတစ် နှင့် ငရုတ်သီး ကြော် ဖြစ်ပါသည်
ငါးအတစ် နှင့် ငရုတ်သီး ကြော်
ပါဝင်ပစ္စည်းများ
- ငါးအသားတစ် ၂၅ ကျပ်သား
- ငရုတ်သီး အကြမ်းမှုန့် ၅ကျပ်သား
- ဆီ ၁၀ ကျပ်သား
- ကြက်သွန်နီ အနေတော် ၅ လုံး
- ကြက်သွန်ဖြူ ၅မွှာ
- နန္နင်းမှုန့် အနည်းငယ်
- အရသာမှုန့် အနည်းငယ်
- ဆား အနည်းငယ်
ပြုလုပ်နည်း
ငရုတ်သီး အတောင့်ဆိုပါက ငရုတ်ဆုံတွင် ညက်နေအောင်ထောင်းထားပါ
ငါးအသားတစ်များအား ရေစင်အောင်ဆေး ရေစစ်ထားပြီး ဆား နန္နင်း အရသာမှုန့် တို့နှင့် နယ် ပြီး နှပ်ထားပါ
ကြက်သွန်နီ အခွံသင် အကွင်းလိုက် ပါးပါးလှီးထားပါ
ကြက်သွန်ဖြူ ဓားပြားရိုက် / ထောင်းထားပါ
ဒယ်အိုးအတွင်း ဆီထည့် ဆီပူလာပါက မွထားသောဆိတ်သား ခြောက်များထည့်ကြော်ပါ
အထက်အောက်လှန် မွှေပေးပြီး ဆိတ်သား ခြောက်များ ကြွတ်ရွလာပါက ဆယ်ယူ၍ ဆီစစ်ထားပါ
ထို့နောက် ကြက်သွန်နီ ထည့်ကြော်ပါ ကြက်သွန်နီများ အရောင်ပြောင်းပါက ကြက်သွန်ဖြူ ထည့်ပါ
ကြက်သွန် နီ/ ဖြူ များ ရွှေရောင် ပြောင်းပါက ထောက်းထားသော ငရုတ်သီး မှုန့် များထည့်ပါ နှံ့စပ်အောင်မွှေပေးပါ ငရုတ်သီး ကြွတ်လာပါက ဆယ်ယူထားသော ငါးကြော် များထည့်မွှေ ပေးပါ
ငရုတ်သီးတွင် ဆားပါ ပါက ဆားထည့်ရန်မလိုပါ
အရသာလည်းရှိ သည့် ငါးအတစ်ငရုတ်သီးကြော် ဟင်းတစ်ခွက် ဖြစ်ပါသည်
မီးဖိုပေါ်မှချကာ လေလုံသော ဗူး / ပုလင်းမျာူတွင်ထည့်၍ ရက်ရှည်ထား စားသောက်နိုင်ပါသည်
…… ဆက်ရန် ……