ငါးပေါင်း ပြုလုပ်နည်း အမျိုးမျိုး ( အပိုင်း - ၄ )
ငါးသံပုရာပေါင်း ပြုလုပ်နည်း
Hello , all steemitmember
အစားတစ်လိုင်းတို့ရဲ့ ထုံးစံအတိုင်း စာရေးဖို့ရာ အကြောင်းအရာ စဉ်းစားမရရင် အစားအစာ ချက်ပြုပ်နည်း အား စာရေး post တင် ပါသည်
အစားအစာ အကြောင်း ဆိုတော့ စာဖတ်စရာလည်းမလို ဦးနှောက်ခြောက်စရာလည်းမလို ချီတက်မိ စရာလည်းအကြောင်းမရှိ ကိုယ်စားတာ ကိုရေး အဆင်ကို ပြေလို့
စားရင်းနဲ့ စာရေး post တင်လို့လည်းရ postတင်ရင်း ဗိုက်ဆာလာပါက ထစား လို့လည်းရ ပါသည်
ဒါ့ကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက ကထိန်အလှူ တွင် ကြွေးမွေးဧည့်ခံခဲ့ သည့်
ငါးပေါင်း ပြုလုပ်နည်း နှင့် အတူ ငါးပေါင်းပြုလုပ်နည်း အမျိုးမျိုး အကြောင်းတို့အား ရေးသားလိုက်ပါသည်
ငါးသံပုရာပေါင်းကိုစားပေးခြင်းဖြင့် ဆေးဖက်လည်းဝင် အဆီလည်းကျစေပါသည်
ယနေ့ ရေသားမည့် ငါးပေါင်း ကတော့ ငါးသံပုရာပေါင်း ဖြစ်ပါသည်
ငါးသံပုရာပေါင်း
ပါဝင်ပစ္စည်းများ
- ဆလားဗီးယားငါး ၂၅ ကျပ်သား ၁ ကောင်
- သုံပုရားသီး ရေ လ္ဘက်ရည် ပုဂံ ၁ လုံး
- ကြက်သွန်ဖြူ - ၅ မွှာ
- ငံပြာရည် ဟင်းစားဇွန်း ၁ဇွန်း
- ဂျင်း လက် ၁ ဆစ်
- နန္နင်းမှုန့် - အနည်းငယ်
- ငရုတ်သီးစိမ်း ၁၀တောင့်
- ဆား အနည်းငယ်
- သကြား ဟင်းစားဇွန်း ၁ဇွန်း
- အရသာမှုန့် အနည်းငယ်
- ရှမ်းနံနံ- ၃ ပင်
- မန်ကျည်းမှည့် - ၅ ကျပ်သား
( သို့ ) - ဗင်နီဂါ ဟင်းစားဇွန်း ၁ ဇွန်း
ပြုလုပ်ပုံ
ဆလားဗီးယားငါးကို အကြေးခွံ ချွတ်ပြီး ရေဆေး သန့်စင်ထားပါ
ထို့နောက် မန်ကျည်းသီးမှည့် ( သို့ ) ဗင်နီဂါ ရည် သုတ်လိမ်းပြီး ရေပြန်ဆေးပြီး ရေစစ်ထားပါ
ဆား နနွင်း အရသာမှုန့်၊ နှင့် နယ်ပြီး ၁၅မိနစ် ခန့်နှပ်ထားပါ
ဂျင်း ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ရှမ်းနံနံ အားလုံးကို ရောထောင်းထားပါ
ထောင်းထားသော အစာ တစ်ဝက်အား ငါး၏ ဗိုက်သားအတွင်း ထည့် ပြီးရင် ပန်းကန်ထဲထည့် အပေါ်မှ ငံပြာရည် ဆမ်းပြီး ပေါင်းအိုးထဲ ထည့်ပေါင်းပါ
ငါးပေါင်း ကျက်သည်တွင် ငရုတ်သီးစိမ်း ရှမ်းနံနံ ကြက်သွန်ဖြူ တို့ရောကြိတ်ထားသော အစာတစ်ဝက်တွင် အရသာမှုန့် သကြား ဆား ၊ငံပြာရည် သံပုရာရည် တို့အား ရောဖျော်ထားသော အရေများအား ငါးပေါင်းပေါ်သ်ုဖ့ ဆမ်း၍ စားသောက် လို့ရပါပြီ
ငါးသံပုရာပေါင်းသည် ဆီးချို ရောဂါ ရှိသူများ အတွက် သင့်တော်ပါသည်
အရသာလည်းရှိ ဆေးဖက်လည်းဝင်သည့် ငါးသံပုရာပေါင်း ဖြစ်ပါသည်