Hello „ all my friends.
ယနေ့ ကတော့ ကျမတို့ ဗုဒ္ဓဘာသာဝင် များရဲ့ အထွဠ်အမြတ်ထားရာ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ ဖြစစ်ပါတယ်
ဒီနှစ် ကဆုန်လပြည့် နေ့ကတော့ ကပ်ရောဂါကြောင့် stay home နေကြရသလို တန်ခိုးကြီးဘုရားများလည်း
ဘုရားဖူးအဝင်အထွက် များပိတ်ထားသဖြင့် ဗောဓိညောင်ပင် အားလည်း ညောင်ရည်သွန်းရန် အဆင်မပြေတော့ပါ
ငယ်စဥ်တောင်ကြေး သိတတ်စအရွယ်မှစ၍ ယနေ့တိုင်
နှစ်စဥ်နှစ်တိုင်း ကဆုန်လပြည့်နေ့ ရောက်ပါ က ဗောဓိညောင်ပင် များသို့သွားရောက်ခါ ညောင်ရေသွန်းခြင်း အလှူဒါနများ ပြုလုပ်ခဲ့ရသော်လည်း
ယခုနှစ်တွင်တော့ covid ကြောင့် stay home ရသည့် အတွက် များစွာ စိတ်မကောင်း ဖြစ်ရပါတယ်
အခါတိုင်း နှစ်များတွင်တော့ ကဆုန်လပြည့် မရောက်ခင် တစ်ပတ်လောက် အလိုကတည်းက ကဆုန်လပြည့် နေ့တွင် ဘယ်တန်ခိုးကြီး ဘုရားမှာ သွားရောက်၍ ရေသပ္ပါယ်မည် ဘယ်မှာရှိသည့် ဗောဓိညောင်ဓပင်အား ညောင်ရေ သွန်းလောင်းမည် ဘယ်နေရာမှာ စတုဓိသာ ကြွေးမွေးမည် စသည်ဖြင့် ကြိုနင်ပလန်များချ
အစီအစဥ်များဆွဲ ခြင်း
နှစ်သစ်ကူး မဝတ်လိုက်ရသည့် အဝတ်အစား အသစ်များကိုပင် ကဆုန်လပြည့် နေ့၌ အဝတ်သစ်ဝတ်၍ ညောင်ရေသွန်းပွဲသွားမည် စသည်ဖြင့် ........ကြိုတင်စီစဥ်မှုများဖြင့် ညောင်ရေသွန်းခဲ့သမျှ
ယခုနှစ်တွင်တော့
ယမန်နေ့ကမှ သူများပြောသဖြင့် မနက်ဖြန် ညောင်ရေ သွန်ပွဲနေ့ ဆိုမှ ပြကက္ခဒိန် သွားကြည့်ပြီး ကဆုန်လပြည့်နေ့ မှန်းသိရသည့် stay home ကာလ ကို တွေ့ကြုံရပါတော့သည်
ထို့ကြောင့် stay home ကာလ ကဆုန်လပြည့် နေ့တွင်တော့ ကိုယ့်အိမ်မှာရှိသည့် ဘုရားကိုဘဲ ရေသပ္ပါယ်ပြီး
အိမ်နှင့်အနီးအနားမှာရှိတဲ့ ညောင်ပင်ကိုပင် အိမ်မှရေပုံးဖြင့်သယ်ယူ ပြီးညောင်ရေသွန်းတော့မည် ဟု
ရေးသားရင်း
ယနေ့ အတွက်ပြုလုပ်စာသော အစားအစာ တော့ ဝက်သားဒုတ်ထိုးဖြစ်ပါသည် လို့