ယနေ့ ဟင်းလျာ
Hello , all steemit member.
ယနေ့ အတွက် ကျမ ၏ ချက်ပြုပ်စားသောက် သော ဟင်း အတွဲလေး အား post တင် လိုက်ပါသည်
ဟင်းလျာ အတွဲလေးကတော့
ငါးဖမ်းမ ငါးဆားနယ်ကြော်
ပုဇွန် နှင့် မန်ကျည်းသီးစိမ်း ချက်
ရွှေဖရုံ သီး ပြုပ်ကြော်
ပဲရာဇာ နှင့် ကြာဇံ ခပ် ဟင်းချို
ဒညင်းသီး တို့ စရာ
တို့ ဖြစ်ပါသည်
ငါးဖမ်းမ အား ဆားနှင့် သိပ်နယ် တစ်နာရီ ခန့်နှပ်ထားပြီး ရေပြန်ဆေးပြီး ဆီနှင့်ကြော် ဆားရေပေါ့ ကြော် ဖြစ်ပါသည်
ပုဇွန် အနေတော် အကောင်လေးများ နှင့် မန်ကျည်းသီးစိမ်းအားထောင်း၍ အနှစ်ထည့်ချက်ပြီး ငရုတ်သီးစိမ်းလေး အုပ်ထားသည့် မန်ကျည်းသီးစိမ်းချက် ဖြစ်ပါသည်
ရွှေဖရုံသီး အား ဂျင်း ကြက်သွန်ဖြူ အနံ့ မွှေးင်္မွှေးလေး နှင့် ဆီအိအိလေူ ထည့်ထားသည့် ရွှေဖရုံသီး ပြုပ်ကြော်
ပဲရာဇာ အား မပြစ် မကျဲလေး တွင် ကြာဇံခပ်ထားသည့် ပဲရာဇာဟင်းချို
ဒညင်းသီးပြုပ် စီးစီး အတို့ အမြုပ်
လေးဖြင့် စားသောက်မည် ဆိုပါက ထမင်းမြိန်စေသည့် ဟင်းအတွဲလေး ဖြစ်တာကြောင့် လိုက်ပါ ချက်ပြုပ်စားသောက်ကြည့် ကြစေရန် ရေးသား post တင် ပါသည်