ခရမ်းချဉ်သီး နှင့် ကျန်းမာရေး (အပိုင်း-၃)
Hello , all steemit member .
ကျမ တို့ နေ့စဉ် စာားးသုံးနေသောခရမ်းချဉ်သီးတစ်လုံးမှာ
ဘယ်လိုအာနိသင်တွေ ပါဝင်သလဲ ဆိုတာကိုတော့သိရှိသူ နည်းပါးသည့်
အတွက် ခရမ်ချဉ်သီးတွင် ပါဝင်သော ဗီတာမင်ဓာတ်များ နှင့်ကျန်းမာရေး
အတွက် အသုံးဝင် ပုံများ ကို ရေသား post တင် လိုက်ပါသည်
ခရမ်းချဉ်သီး ကို ဟင်းချက်ရာတွင် ထည့်သွင်းချက်ပြုပ်ပါက ခရမ်းချဉ်သီး၏ အရသာ မှာ ချဉ်ပြုံးပြုံး ရှိသည့်အတွက် ဟင်းသည် ပို၍ အရသာရှိစေပါတယ်
ခရမ်းချဉ်သီးကို အပူပေး ချက်ပြုတ်ပြီး နောက် တွင် ခရမ်းချဉ်သီးထဲ တွင်ပါ
ဝင်သော ဓာတ်များ ပြောင်းလဲသွားသည်ဟု ဆိုပါတယ်
အပူပေးထားသော ခရမ်းချဉ်သီးသည် အပူမပေးမှီကထက် ကျန်းမာရေး
အတွက်ပိုမို အာနိသင်ရှိလာသည်ဟုဆိုကြပါတယ်
ထို့ကြောင့်ဟင်းချက်ရာတွင် ခရမ်းချဉ်သီး ကို ထည့်သွင်းအသုံးပြု ချက်ပြုပ်
ကြခြင်း ဖြစ်ပါတယ်
ခရမ်းချဉ်သီး တွင် ကစီဓာတ် အဆီဓာတ် အမျင်ဓာတ် ပရိုတင်းဓာတ်
ဗီတာမင်အေ ဗီတာမင်စီ ဗီတာမင်အီး ဗီတာမင်ကေ ဆိုဒီယမ် ပိုတက်စီယမ် ကယ်စီယမ် မဂ္ဂနီစီယမ် သံဓာတ် ဖော့စဖရပ်စ် စသည့် ဗီတာမင် နှင့် သတ္တုဓာတ် များ အများအပြား ပါရှိကြပါတယ်
ခရေမ်းချဉ်သီးတွင် ဖ်ာပြပါ ဗီတာမင်ဓာတ်များစွာ ပါရှိ သဖြင့် သွေးတိုးရောဂါ မဖြစ်ခြင်း ခရမ်းလွန်ရောင်ခြည် သင့်ခြင်း ကြက်မျက်သင့်ခြင်း
မျက်စိမှုန်ခြင်း အသက်ကြီး၍ အမြင်အာရုံချို့ယွင်း ခြင်း တိမ်စွဲခြင်း စသော မျက်စိရောဂါ အမျိုးမျိုးတို့ကို ကာကွယ်ပေးနိုင်ပါတယ်
အပူပေး ချက်ပြုတ်ထားသော ခရမ်းချဉ်သီး ဟင်းလျာများကို ပုံမှန်စားသုံးသော အမျိုးသားများတွင် သုတ်ရည်ဂလင်းကင်ဆာ ဖြစ်ခြင်းမှကာကွယ်စေပြီး အမျိုး သားများ မျိုးဆက် ပြန့်ပွားခြင်းကို အထောက်အပံ့ပေးနိုင်ကြောင်း ဆေးပညာ ရှင်များက ဆိုကြပါတယ်
အထူးသဖြင့် ဝိတ်ချ လိုသူများ အနေနဲ့ ခရမ်းချဉ်သီးဖျော်ရည် အားသောက်သုံးပေးပါက ဝိတ်ကျစေနိုင်ပါတယ်
Steemit မှမိတ်ဆွေများလည်း ခရမ်းချဉ်သီးရဲ့ အာနိသင်နှင့်
အစွမ်းထက်ပုံ များကို သိရှိ ပြီး မကြာမဏ စားသုံးပေးကြ စေရန်
သိရှိ ထားသမျှ တို့အား မျှဝေ ပေးလိုက် ရပါသည်