စာရေးသူ ကျွန်တော်မောင်တိုးတက်က အစိုးရဝန်ထမ်းသားသမီး ဆိုတော့ ငယ်စဉ်ကတည်းက မြန်မာပြည် အနှံ့လှည့်လည်သွားခဲ့ရပါတယ်။ မြောက်ဘက်ဆို ရှမ်းမြောက် မူဆယ်၊နမ်းခမ်း၊တောင်ဘက်ဆို မွန်ပြည်နယ် ကျိုက်ထို၊အနောက်ဘက်ဆို ဘူးသီးတောင် မောင်တော၊အရှေ့ဘက်ဆိုလျှင် တာချီိလိတ်၊ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ထိတိုင်အောင် သွားဖူးခဲ့ပါတယ်။အမျိုးမျိုးသော ယဉ်ကျေးမှု၊နေထိုင်မှုဘဝပုံစံ၊ဒေသန္တရ ဗဟုသုတများကိုလေ့လာလည်ပတ်(travel)ခွင့်ရခဲ့ပါတယ်။
ဒါကြောင့် ဒီတစ်ပတ်တွင် ကျွန်တော်မောင်တိုးတက်တစ်ယောက်မြန်မာနိုင်ငံ၏ အရှေ့ဘက်ဆုံးဒေသများသို့ သွားရောက်လည်ပတ်ခဲ့သည်များကို ရေးသားလိုပါတယ်။မြန်မာနိုင်ငံ အရှေ့ဘက်စွန်းဆိုတဲ့အခါမှာ မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးပြည်နယ်ကတော့ အားလုံးသိသည့်အတိုင်း ရှမ်းပြယ်နယ်ပင်ဖြစ်ပါတယ်။ရှမ်းပြည်နယ် မှာမှ အရှေ့ဘက်အကျဆုံးမှာ တစ်ချိန်က ရှမ်းပြည်နယ်အရှေ့ပိုင်း၏မြို့တော် 'ကျိုင်းတုံ'မြို့ပင်ဖြစ်ပါတယ်။
ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်တည်ရှိပြီး ခေမာဝရတိုင်းဟု ရှေးအခါကခေါ်တွင်ခဲ့ပါတယ်။ကျိုင်းတုံမြို့သို့ သွားရောက်လည်ပတ်မည်ဆိုပါက ရန်ကုန်မြို့မှတဆင့် လေကြောင်းခရီးစဉ်ရှိပြီး၊ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှလည်း ကားလမ်းခရီးဖြင့် လာရောက်လည်ပတ်နိုင်ပါတယ်။ကားလမ်းသည် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု နှင့် ညအိပ်ခရီးရှည်ဖြစ်သောကြောင့် ကျိုင်းတုံသို့သွားရန် လေကြောင်းကို ပိုမိုအားထားကြတယ်။ထို့ပြင် ရန်ကုန် မှ တာချီလိတ်သို့ တိုက်ရိုက်ပျံသန်း သဖြင့် သွားရောက်နိုင်ပြီး တာချီလိတ်မှ တဆင့် ကျိုင်းတုံမြို့သို့ ကားလမ်းခရီးဖြင့်သွားရောက်လည်ပတ်နိုင်ပါတယ်။
ကျိုင်းတုံမြို့ဟာ တောတောင်စိမ့်စမ်းများနှင့် သာယာလှသော ဒေသဖြစ်သောကြောင့် သွားရောက်လည်ပတ်စရာများပေါများလှပါတယ်။လူမျိုးများအနေဖြင့် ရှမ်းတိုင်းရင်းသားများမှာအများဆုံးဖြစ်ပြီး အခြားလူမျိုးများဖြစ်သည့် အာခါ၊လားဟူ၊ဝ လူမျိုးများလည်း အခြေချနေထိုင်ကြသောကြောင့် ယဉ်ကျေးမှုဓလေ့ထုံးစံ(cutural resources)များလည်း ကြွယ်ဝလှတယ်။လူမျိုးများစွာ အခြေချနေထိုင်သောကြောင့် ဒေသန္တရ အစားအစာ(food)များလည်း ပေါကြွယ်ဝပြီးအစားအသောက်ကောင်းများ ကြိုက်သူများအနေဖြင့် သွားရောက်လည်ပတ်သင့်ပါတယ်ဗျာ။
ကျိုင်းတုံမြို့တွင် အထင်ကရနေရာများစွာရှိပြီး တဖက်ထိုင်းနိုင်ငံမှ ထိုင်းခရီးသွားများဟာ တာချီလိတ်မှတဆင့်ဝင်ရောက်၍လာရောက်လည်ပတ်လေ့ရှိကြပါတယ်။ ရှေးအခါက ရှမ်းစော်ဘွားအဆက်ဆက် အုပ်ချုပ်ခဲ့သည့်အတွက် ထိုခေတ်လက်ရာ အဆောင်အဦး၊စေတီဘုရားပုထိုး၊ဘုန်းကြီးကျောင်းများရှိပါတယ်။အဓိကနာမည်ကြီးသော အထင်ကရ နေရာများမှာ ရပ်တော်မှုဘုရား၊သစ်တစ်ပင်တောင်၊နောင်တုံကန်၊မြို့လယ်ကောင်ရှိ သရပါတံခါး၊မဟာမြတ်မုနိဘုရား နှင့် သဘာဝရေပူစမ်းများပင်ဖြစ်ပါတယ်။