![image]
ခရမ်းချဉ်သီးသုပ်နည်း
ခရမ်းချဉ်သီးအမှည့် = ၁ ပိဿာ
ကြက်သွန်မြိတ်၊နံနံပင် = နည်းနည်းစီထည့်
ဆား = အနည်းငယ်
ပုစွန်ခြောက်အမှုန့်. = စတီးဇွန်းကြီး ၃ ဇွန်း
ကုလားပဲမှုန့်. = စတီးဇွန်းကြီး ၃ ဇွန်း
ဆီ = ၂ ကျပ်ခွဲသား။
ခရမ်းချဉ်သီးအမှည့်ကို ခပ်သေးသေးလှီး၍သော်လည်းကောင်း၊အရှည်လိုက်လှီး၍သော်လည်းကောင်း ကြိုက်သလိုသာလှီးပါ။ဆားသင့်ရုံဖြူး၍ ပါးပါးလှီးထားသော နံနံပင်၊ကြက်သွန်မြိတ်ထည့်ပြီးလျှင် ပဲမှုန့်၊ပုဇွန်ခြောက်မှုန့်ထည့်၍ ဆီးဆမ်းပြီး ကြိုက်သလောက် သုးံဆောင်နိုင်ပါသည်။