ပျောက်ဆုံးနေသော ည
အိပ်စက်ဖို့ခက်တဲ့ည၊
တွေးရင်းနဲ့ မိုးလင်းရတဲည၊
အိပ်ရင်းနဲ့ နိုးနေ၊ နိုးရင်းနဲ့ အိပ်နေရတဲ့ည။
မိုးတွေရွာတဲ့ည၊
တိမ်တွေ ငိုတဲ့ည၊
အတွေးတွေ မိုးရေချိုးတဲ့ည။
လကွယ်တဲ့ည၊
အိမ်မက်တွေ ပျောက်တဲ့ည၊
ငါ့မျက်လုံးတွေ မမှိတ်တဲ့ည။
ညဆိုတာ အိပ်စက်ဖို့တဲ့...
မနက်ဖြန်သေတော့မဲ့လူအတွက်
ညဟာ အပေါစားဆန်ပေါ့မလား။
နေ့တိုင်းဟာ ညတွေဖြစ်နေရင်
ကမ္ဘာကြီး ဘယ်လောက်တောင်
အေးချမ်းလိုက်မလဲ။
ဒီညဟာ ပျောက်ဆုံးနေသောည၊
ညတွေဟာ သိပ်လှပါတယ်။
မြင်နိုင်ဖို့ခက်လို့ ...
ခု... ကျွန်တော်အိပ်ပျော်ဖို့ကြိုးစားနေတယ်။
အထက်ပါ အတွေးစာစုအား အိပ်မရသောကြောင့်
အတွေးများကို လက်တန်းချရေးမိခဲ့ပါတယ်။
ပျောက်ဆုံးနေသော ည လို့လည်း နာမည်ပေးလိုက်
တယ်။ ကျွန်တော့်ဘဝမှာ အိပ်မရတဲ့ ည ဆိုတာ
မရှိသလောက်ပါ။ အလွန်ဆုံးရှိ ၁၀ ခါထက်မပို။
ဒီညကတော့ မိုးကလည်းရွာ၊ အိပ်လို့ကလည်းမရ
တော့ အတွေးတွေဟာ လက်ဆက်လို့နေတယ်။
ညတွေဟာ တိတ်ဆိတ်ပြီး လှပပါတယ်။
ဒါကိုလည်း မြင်အောင်ကြည့်တက်ဖို့ လိုပါတယ်။
သိပ်လှတဲ့ ညတွေအကြောင်းသိရဖို့
ဘယ်သူက အိပ်ရေးပျက်ခံချင်မှာလဲ...
ယခု ကျွန်တော်အိပ်ပျော်ဖို့ ကြိုးစားနေပါတယ်။
#သစ်အယ်သီး
#ကိုကိုမိုးဟိန်း
<<---(Myanmar Language)--->>
| # The future is in your hand | # Do not kill the time | # If you love yourself |
|---|---|---|
| # Never give up! | # Try your BEST |
Connect to me>>> Touch Image
| KoKoMoeHein | Myanmarkoko5 | kokomoehei7 |
|---|---|---|
| My recently post | ||
|---|---|---|
| Pitiya fruit | ||
| အတွေးစာစု - ၄ | ||
| The river what I visited | ||
| Daily Activities and Steps Report |