မအောင်မြင်ရခြင်းအကြောင်းရာများ
မိမိကိုယ်ကိုဝေဖန်သုံးသပ်ခြင်းပင်ဖြစ်ပါတယ်။
၁ - လူတစ်ဖက်သာကို အရမ်းအားနာတတ်ခြင်း။
အလုပ်လုပ်ရာမှာ ကိုယ်ရရှိမည့်တန်ရာတန်ကြေးထက် ဈေးနိမ်လာတဲ့အခါ အားနာပါးနာဖြင့်လျော့ပေးရခြင်း ၊
ပြတ်သားသင့်သည့် ကိစ္စအား အားနားသဖြင့်ပြတ်သားစွာမပြောနိုင်ခြင်းက အောင်မြင်မှုကိုနှေးကွေးစေတာကို သိလျက်ပါနဲ့ အားနာခြင်းကို မစွန့်လွှတ်နိုင်သေးတဲ့ အားနည်းချက်က ဆိုးရွာစွာဒုက္ခပေးတတ်ပါတယ်။
၂ - တစ်ဖက်သားမှ ကိုယ်ပိုင်ဆိုင်သည့် အရာတစ်ခုခုအား တောင်းဆိုသည့်အခါ မဆိုင်မတွပေးကပ်ခြင်သည့်စိတ်ရှိခြင်း။
မည်သို့ပင် ကိုယ့်အတွက်အသုံးဝင်နေသေးတဲ့ အရာတစ်ခုကို ခင်မင်ရင်းနှီးသူ တချို့က တောင်းဆိုလာလျှင် ဘယ်တော့မှ နောက်မတွန့်ဘဲ ပေးပစ်လိုက်တတ်တဲ့ လောဘနည်းတဲ့ စိတ်ကလည်း အောင်မြင်မှုကို နှေးကွေးစေခဲ့တဲ့ အချက်တစ်ခုပါဘဲ့၊
၃ - အသုံးအား မစိစစ်တတ်ခြင်း
တစ်နေ့ရသည့်ဝင်ငွေတွင် ကုန်ကျစရိတ်က ပိုများနေခြင်ဟာ တော်တော်ဆိုးဝါးခွန်းမှန်းသိနေပေမယ့်လည်း ချိန်ညှိကာ မသုံးစွဲနိုင်ခြင်းကလည်းအိတ်ကပ်ဖောင် အောင် မဆောင်ရွက်နိုင်ခြင်းကလည်း အောင်မြင်ခြင်းကို ဘေချော်သွားစေတဲ့ အကြောင်းတစ်ရပ်ပါဘဲ့။
၎ - အချိန်ကို သမာသမတ်ကျစွာ မသုံးစွဲတတ်ခြင်း
အလုပ်တစ်ခုကို အရမ်းလုပ်ချင်လာတဲ့အခါ အချိန်ဘယ်လောက် ကုန်သွားပါစေ ဝီရိယ အရမ်းတက်ကြွလာလျှင် မနားမနာလုပ်တတ်ခြင်းကြောင့် ကျန်းမာရေးကို ဂရုမစိုက်ခြင်းကလည်း မှတ်ဥာဏ်တချို့ကို မှတ်သားနိုင်မှုနည်းလာခြင်းကလည်း အောင်မြင်မှုကို ကိုယ်တိုင် ရိုက်ချိုးမိနေသလိုပါဘဲ့။
အပျင်းရောဂါဝင်လာလျှင်ဘယ်လောက်ရပါမည်ဆိုတာတောင် ထ မလုပ်တတ်ခြင်းကလည်း မအောင်မြင်ခြင်း အကြောင်းတစ်ရပ်ပါဘဲ့ ။
၅ - တွေဝေတတ်ခြင်း။
တချို့ကိစ္စတွေမှာ မလိုလာအပ်ပဲ့ တွေဝေနေကာဆုံးဖြတ်ချက်မခိုင်မြဲခြင်းကလည်း အောင်မြင်မှုတွေ ဝေးစေတဲ့ အကြောင်းတစ်ရပ်ပါဘဲ့။
******ဥာဏ်နဲ့ဝီရိယကို မျှတစွာ သုံးစွဲနိုင်မှသာလျှင် အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ပါမည်။*****
Author - pannthiri
myanmar steemit