- ရွှေရောင်အနာဂတ်
"အေး...ဟုတ်တယ် ကွ၊ ငါတို့မြို့မှာစာကြည့်တိုက်မရှိတာကြာပြီ။"
"အင်း....."
"အရင် အရင် စာကြည့်တိုက်ကလည်း ဘာလိုလို နဲ့. မိသားစုတွေတက်နေပြီး စာအုပ်တွေလည်း ဘယ်ကုလားဆီရောက်သွားလည်း မသိပါဘူးကွာ"
နေ့လည် ၂နာရီ ခွဲခန့်တွင်ဖြစ်သည်။ အလုပ်ကလည်းပါးသဖြင့် နေလည်ထမင်းစားပြီး လက်ဖက်ရည်ဆိုင်တွင် မောင်အာလူး(မင်းမင်း) နှင့် တွေ့ဆုံစကားပြောဖြစ်၏။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ တူကလေးသည် သူတို့ကျောင်းစာကြည့်တိုက်တွင် ၎င်းတို့ ဖက်မှတ်လေ့လာချင်သော စာအုပ်များမရှိ။ ရှိသည့်စာအုပ်တစ်ချို့မှာလည်း ဘီရိုထဲတွင် သော့ခတ် သိမ်းဆည်းထားသည်ဟုသိရ၏။
ဤသို့ဖြင့် စကားစပ်၍ ဖြိုးဇော်ဦးနှင့်မောင်အာလူး(မင်းမင်း)တို့သည် စာကြည့်တိုက် ပြန်လည် ဖြစ်တည်ရန် ဆွေးနွေးတိုင်ပင်ကြသည်။ ဦးစွာပြုလုပ်ရသည်က ငွေကြေး/ရန်ပုံငွေ။
"ဟုတ်ပါပြီ ကိုအာလူးရဲ့ စာကြည့်တိုက်ဖွင့်ဖို့ကိစ္စကသိပ်မလွယ်....ကျွန်တော်တို့စိုက်နိုင်သည်ထက် ငွေကြေးက ပိုကုန်မှာ"
"မပူပါနဲ့ကွာ ရင်နှီးတဲ့သူတွေ ဆီကနေ ရန်ပုံငွေလေး အလှူခံကြတာပေါ့"
"အင်း အဲ့လိုဆိုရင်တော့ ကျွန်တော့အဖွဲ့ တစ်ခုတော့ရှိတယ်၊ online မှာဗျာ MSC ဆိုတဲ့ community တစ်ခုပေါ့"
"အင်း.."
"အလှူ အတန်းလဲရက်ရောကြတယ်ဗျ"
သည်တော့ ငွေရေးကြေးရေးအား လိုအပ်လျှင်လည်း ရန်ပုံငွေအလျှူခံကြမည်ဟု ဆုံးဖြတ်လိုက်ကြ၏။(လိုအပ်မှာဖြင့် အမှန်ပါ)ဒုတိယ အချက်မှာ နေရာ၊ အဆောက်အဦး အဘယ်တွင် ဖွင့်လှစ်မည်နည်း။သိပ်ပြီး မပူလိုက်ရ အဆောက်အဦးက အဆင်သင့်ပင် မားမားမတ်မတ် ရှိနေ၏။
"နေရာအတွက်ရော အဆောက်အဦးအတွက်ပါ မပူရဘူး ဖြိုးဇော်ဦးရဲ့ အခု ငါတို့ ကြက်ခြေနီရုံးမှာ ဟိုးအရင်ကတည်းက စာကြည့်တိုက်ဖွင့်ဖို့ အထက်လူကြီးတွေက စကားစပေးဖူးတယ်"
"ဟုတ်လား.."
"အဲ့လိုဆိုတော့ ခုရက် ရုံးမှာ စာကြည့်တိုက်ဖွင့် ဖို့ကိစ္စကို စာတင် လိုက်ရင်ရပြီ၊ မလိုအပ်ပေမဲ့ အသိပေး လိုက်တာကောင်းတာပေါ့ကွာ.."
ဟုတ်တာပေါ့ ကိုယ့်အိမ်ကိုယ့်ယာ မှ မဟုတ် အဖွဲ့အစည်းနဲ့ သတ်ဆိုင်တဲ့ အရာဆိုသည့်ကာ အထက်ကိုတော့ အရင်အသိပေးရမည်ဖြစ်၏။ ခွင့်ပြုလိုက်ကြ၏။ လုပ်ငန်းတော့စရပြီ၊ စစချင်းပင် အကြီးအကဲများကိုယ်တိုင်ဆင်းလာပြီး စည်းဝေးပွဲလေးလုပ်ကြသည်။ တိုင်ပင်ကြသည်။ ဆွေးနွေးကြ၏။
ဖြိုးဇော်ဦးသည်လည်း ၎င်း၏ msc အဖွဲ့စည်းတွင် ရန်ပုံငွေ ကောက်ခံ၏။ အဖွဲ့ဝင်များကလည်း အတတ်သရော အားပေးထောက်ခံ အလှူငွေများ ထည့်ကြ၏။ သည်လိုဖြင့် စာကြည့်တိုက်ကလေးအား ကြိုးစားလုံးပန်း၍ ၉.၆.၂၀၁၈ စနေနေ့ မနက် ၉နာရီတွင် အောင်မြင်စွာ ဖြဲကိုးဖျက်ဖွင့်လှစ် ပြီးဆီးကြသည်။
အလှူရှင်များအားလည်း ရွှေရောင်အနာဂတ် စာကြည့်တိုက်မှ ဂုဏ်ပြု မှတ်တမ်းလွှာများပြုလုပ်ကာ ဂုဏ်ပြု ချီးကျူးခဲ့၏။ စာကြည့်တိုက်ဖွင့်သည့် ရက်မှာပင် ကလေးသူငယ်များ ကျောင်းသားများ ဆရာမများနှင့် ရက်ကွက်သူ ရက်ကွက်သား တို့က လာရောက် ငှါးရမ်း ဖက်မှတ်ကြသည်။
လိုအပ်သည့် စာအုပ်စဉ်များ စာအုပ်များအားလည်း အလှူအသီးသီးမှ ထပ်မံလှူဒါန်း ကြပေသည်။ ဤသို့ဖြင့် ပုလဲအောင်မြေရက်ကွက် ကျုံမငေးမြို့တွင် ဖွင့်လှစ်သည့် ရွှေရောင် အနာဂတ် စာကြည့်တိုက်ကလေးသည် ဖြစ်တည် အောင်မြင်ခဲ့လေတော့သည်။
ခင်မင်လေးစားစွာဖြင့် ဖြိုးဇော်ဦး ကျုံမငေး
Writing by phyozawoo
MSC~071