သစ်ပင်ပန်းမန်လေးများ ဥယျာဉ်အလယ်တွင် လှပါ့ဝေဆာစွာ ဖူးဖွင့်နိုင်ခြင်းသည် ဥယျာဉ်မှူး၏ နည်းစနစ်ကျသော ပြုစုပျိုးထောင်မှုနှင့် များစွာသက်ဆိုင်ပါသည်။ ပျိုးပင်ငယ်လေးများအား စနစ်တကျ ရေလောင်း ပေါင်းသင်ပြီး နေ့စဉ်အချိန်မှန်မှန် ဂရုတစိုက် ကြည့်ရှုစစ်ဆေးမှသာ လှပသော အသီးအပွင့်လေးများဖြင့် ဥယျာဉ်အလယ်တွင် မြိုင်ဆိုင်နေမည်ဖြစ်ပါသည်။ ထို့အတူပင် ကျမတို့ လူ့လောကတွင်လည်း ရင်သွေးရတနာလေးများ ရောဂါဘယ ကင်းစွာနှင့် ကျန်းမာကြံ့ခိုင်စွာ ကြီးပြင်းရှင်သန်နိုင်ရန်အတွက် ဥယျာဉ်မှူးဖြစ်သော ဖေဖေ မေမေများ၏ ကျန်းမာရေးဗဟုသုတ ပြည့်ဝစွာဖြင့် ပြုစုပျိုးထောင်တတ်မှုများ များစွာလိုအပ်ပါသည်။ ဖေဖေ မေမေများ အနေနှင့် ရင်သွေးရတနာလေးများအား ရောဂါဘယ ကင်းစွာဖြင့် ကြီးပြင်းရှင်သန်စေလိုကြသလို ဥာဏ်ရည်ပြည့်ဝပြီး သွက်လက်ချက်ချာသော သားသားမီးမီးလေးများလည်း ဖြစ်စေလိုကြမည်မှာ မုချဧကန်ပင့်ဖစ်ပါသည်။ ထို့ကြောင့် ကျန်းမာသန်စွမ်းပြီး ဥာဏ်ရည်ထက်မြတ်သည့် သားသားမီးမီးလေးများ ရရှိစေရန် ဖေဖေမေမေများ အနေနှင့် ငယ်စဉ်ကတည်းက နည်းလမ်းကျသော ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်နေထိုင်ပုံများဖြင့် ပြုစုပေးရန် များစွာလိုအပ်ပါသည်။
မေမေများ အနေနှင့် သားသား မီးမီးလေးတို့အား အာဟာရပြည့်ဝသော ရင်သွေငယ်လေးများ ဖြစ်စေရန် မွေးစမှစ၍ ရင်သွေးလေး၏ အသက် ၆လတိုင်အောင် မိခင်နို့ချိုအား ပြည့်ဝစွာ တိုက်ကျွေးသင့်ပါသည်။ အသက်(၆)လအောက် သားသား မီးမီးလေးများ၏ အစာအိမ်သည် မိခင်နို့မှလွဲ၍ အခြားသော အစားအစာများအား ခြေဖျတ်နိုင်စွမ်း မရှိသေးသည့်အတွက် မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ပါသည်။ ရေနှင့်အခြာသော အစားအစာများ တိုက်ကျွေးခြင်းဖြင့် ၆လအောက် သားသား မီးမီးလေးများ၏ အူလမ်းကြောင်းထဲရှိ ပိတ်မနေသောဆဲလ်များကို ပျတ်စီးစေသည့်အတွက် သားသား မီးမီလေးများ ကိုယ်ခံအား ကျဆင်းကာ မလိုလားအပ်သည့် ရောဂါများဖြစ်စေနိုင်ပါသည်။ ထိုပြင် ၆လမပြည့်သေးသော သားသား မီးမီးများ၏ ကောင်းစွာမဖွံ့ဖြိုးသေးသော လျှာသည် မိခင်နို့တစ်မျိုးတည်းသာ လက်ခံနိုင်သည့်အတွက် အခြားသော ဖြည့်စွက်စာများ မတိုက်ကျွေးသင့်သေးပါ။ အသက်(၆)လ ပြည့်ပြီးမှသာ ရင်သွေးလေး ဆက်လက်ကြီးထွားရန် မိခင်နို့ တစ်မျိုးတည်းဖြင့် မလုံလောက်သည့်အတွက် အာဟာရဖြစ်စေသည့် ကျန်းမာရေးနှင့် ညီညွတ်သော ဖြည့်စွက်စာများ စတင်တိုက်ကျွေး သင့်ပါသည်။
အသက်(၆)လပြည့်သော ရင်သွေးလေးများသည် ဦးခေါင်း , လည်ပင်းနှင့် ကိုယ်န္ဓာ အပေါ်ပိုင်းလေးများ ထူမတ်ပြီဖြစ်သည့်အတွက် ဖြည့်စွက်စာများ မျိုချရန်အဆင်ပြေ နိုင်ပြီဖြစ်ပါသည်။
သို့သော် စတင်ကျွေးသည့် အချိန်တွင် ဝါးရန် သွားလုံလောက်စွာ မရှိသေးသည့် အတွက် ဝါးဖို့လွယ်ကူသော အစားအစာ အပျော့များ ပြုလုပ်ကျွေးသင့်ပါသည်။ သို့မှသာ ရင်သွေးလေးသည် အစားစာများ စားရာတွင် မနင်ဘဲ မျိုချရလွယ်ကူမည်ဖြစ်ပါသည်။ ထို့ပြင် မေမေများ အနေနှင့် ကျွေးသည့်အစားစာများအား ရင်သွေးလေး၏ အစာအိမ်ထဲတွင် ချေဖျတ်ရလွယ်ကူ စေရန်လည်း ပြုလုပ်ပေးနိုင်ပါသည်။ ဖြည့်စွက်စာများနှင့် တွဲဖက်၍လည်း ရင်သွေးလေးအား ရေကျက်အေးကို ဇွန်းသေးသေးလေးဖြင့်လဲ စတင်တိုက်ကျွေးနိုင်ပါသည်။ ရင်သွေးလေး တစ်နေ့တာလုံး အာဟာရပြည့်ဝစေရန် မိခင်နို့ချိုနှင့် တွဲဖက်၍ ဖြည့်စွက်စာအား အသက်(၆)လမှ (၈)လအထိ တစ်နေ့သုံးကြိမ် တိုက်ကျွေးသင့်ပါသည်။ အသက် ၈လမှ တစ်နှစ်အတွင်း ပိုင်ဆိုင်ထားသည့် မေမေများ အနေနှင့် ဖြည့်စွက်စာကို တစ်ကြိမ်တိုး၍ တစ်နေ့လျင် ၄ ကြိမ်တိုက်ကျွေးသင့်ပါသည်။
ရင်သွေးလေးများအား ဖြည့်စွက်စာ ကျွေးသည့်အခါတွင်လဲ ချို , ချဉ် , ငံ , စပ် လွန်းသော အစားစာများနှင့် ကဖင်းဓါတ်ပါသော ကော်ဖီ လ္ဘက်ရည် နှင့် အအေးတို့ကို မတိုက်ကျွေးသင့်ပါ။ ရင်သွေးလေးအား တိုက်ကျွေးမည့် အစားစာများသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သည့် အစားစာများ ဖြစ်ရမည့်အပြင် ခန္ဓာကိုယ် ကြီးထွားစေမည့် အာဟာရ အုပ်စုကြီး ၄ခုပါဝင်အောင်လည်း ကျွေးရပါမည်။ အစားအစာ တစ်မျိုးတည်းကိုသာ နေ့စဉ်ကျွေးခြင်း မပြုဘဲ ပရိုတင်းခေါ် အသားဓါတ်အုပ်စု အင်အားဖြစ်ထွန်းစေသော အစာအုပ်စု ရောဂါကာကွယ်စေသော အစာအုပ်စုနှင့် ဆန် ဂျုံ စသည့် ကဆီဓါတ်ပါသော အစာအုပ်စုများ ပါဝင်အောင် မျှတစွာ ကျွေးရပါမည်။ မေမေများ စိတ်ရှည်စွာဖြင့် ရင်သွေးငယ်လေးအား အစာအာဟာရ စုံလင်စွာဖြင့် ဖြည့်စွက်စာအား ပြင်ဆင်ကျွေးခြင်းဖြင့် သားသား မီးမီးလေးများ အစားသောက် စားရာတွင် ဂျေးများတတ်ဘဲ အာဟာရစုံလင်စွာ စားတတ်သည့် အကျင့်ကောင်းလေးများ ရရှိသည့်အပြင် ကျွေးမည့်ဖြည့်စွက်စာသည် နောင်တစ်ချိန်တွင် ရင်သွေးလေး၏ ကြီးထွားနှုန်းနှင့် ဥာဏ်ရည်ထက်မြတ်မှု နှုန်းကိုလဲ အဆုံးဖြတ်ပေးနိုင်မည် ဖြစ်ပါသည်။
ဖေဖေ မေမေများ အနေနှင့် ရင်သွေးလေးများအား သွက်လက်ချက်ချာစေရန်နှင့် အသိဥာဏ်ဖွံ့ဖြိုးမှု မြန်စေရန် ရင်သွေးငယ်လေးများအား မွေးကင်းစမှ ၃လအတွင်း စတင်၍ ထိန်းကျောင်းလေ့ကျင့် သင်ကြားပေးနိုင်ပါသည်။ ရင်သွေးလေးများ၏ လက်ကလေးတွေ သန်စွမ်းဖွံ့ဖြိုးစေရန် , အကြားအာရုံ, အနံ့ အထိအတွေ့ နှင့် အမြင်အာရုံ သန်စွမ်းစေရန် လေ့ကျင့်ခန်းများဖြင့် စတင်သင်ကြားပေးနိုင်ပါသည်။ လက်ချောင်းလေးများ သန်စွမ်းစေရန် သားသား မီးမီးလေးများ၏ လက်ဖဝါးထဲသို့ ဖေဖေ မေမေတို့၏ လက်ချောင်းလေးများ ထည့်ပြီးညှစ်ခိုင်းသည့် လေ့ကျင့်ခန်း များဖြင့် လေ့ကျင့်ပေးနိုင်ပါသည်။ ခံစားမှုစွမ်းရည် မြင့်တင်နိုင်ရန်အတွက် ရင်သွေးလေးအား မကြာခဏ ပွေ့ချီပေးခြင်း ဖေဖေ မေမေတို့၏ လက်လေးဖြင့် ပွတ်သပ်မြူ ပေးခြင်းဖြင့် လေ့ကျင့်ပေးနိုင်ပါသည်။ အထက်ပါ နည်းလမ်းများကဲ့သို့ စနစ်တကျ ပြုစုပျိုးထောင် ပေးခြင်းဖြင့် ဖေဖေ မေမေများ ကျန်းမာသန်စွမ်းပြီး ဥာဏ်ရည်ထက်မြတ်သည့် ရင်သွေးရတနာလေးများ ပိုင်ဆိုင်ကြစေရန် ရည်ရွယ်ရေးသား တင်ပြလိုက်ပါသည်။
#photo credit google
Own writer: