"ကျန်းမာခြင်းသည် လတ်တစ်ပါး" ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျမတို့ လူသားအားလုံး ကျန်းမာစွာ ရှင်သန်နေထိုင်ရခြင်းသည် တန်ဖိုးမဖြတ်နိုင်သော လာတ်လာဘကြီး တစ်ခုအား ပိုင်ဆိုင်ခွင့်ရသလို နေ့စဉ်လုပ်ငန်းဆောင်တာများကိုလည်း မပျက်မကွက် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ကျမတို့ အမေ့ဝမ်းထဲ၌ သန္ဓေတည်ချိန်မှစ၍ လူလောကထဲရောက်ရှိပြီး အရွယ်ရောက်သည်အထိ ကျန်းမာစွာ ရှင်သန်နေထိုင်နိုင်ရန်အတွက် မိမိကိုယ်တိုင် ကျန်းမာရေး ဗဟုသုတများ ရှာဖွေလေ့လာ သိရှိရန်လည်း လိုအပ်ပါသည်။ ထို့ပြင် နောင်လာမည့် မျိုးဆက်သစ် ရင်သွေးရတနာ ကလေးငယ်လေးများ ကျန်းမာစွာ လူလောကထဲမှာ မွေးဖွားရှင်သန်ကြီးပြင်းခွင့် ရရန်အတွက် မေမေဖြစ်မည့် အမျိုးသမီးတိုင်း တာဝန်ရှိသလို နောင်တစ်ချိန်တွင် မလွဲမသွေ မေမေဖြစ်မည့် မိခင်လောင်းလျာတိုင်းလည်း ကျန်းမာရေး အသိပညာများ အလျဉ်းသင့်သလို လေ့လာမှတ်သားထားသင့်သည်။
ရင်သွေးငယ်များ မေမေ့ဝမ်းထဲ သန္ဓေတည်ချိန်မှ စပြီး မွေးထားသည့် အချိန်ထိ မေမေလောင်းလျာများ ကျန်းမာရေ နှင့် ညီညွတ်စွာ နေထိုင်စားသောက်ကြရန် အထူးလိုအပ်လှပါသည်။ ရင်သွေးငယ်လေး ကိုယ်လက်အင်္ဂါစုံလင်မှု မရှိမှာ စိုးသောစိတ်သည် မေမေလောင်းလျာတိုင်း၌ ဖြစ်လိမ့်မည်ဟု ထင်ပါသည်။ ထို့ကြောင့် မေမေတိုင်း ကိုယ်ဝန်ရှိပြီးဆိုသည်နှင့် folic acid ဓါတ်ချို့တဲ့လျင် ကိုယ်လက်အင်္ဂါ ချို့ယွင်းမှုများ ဖြစ်တတ်သည့်အတွက် စောစီးစွာ folic acid ကိုသောက်ထားရန်လည်း လိုအပ်ပါသည်။ မိခင်နှင့်ကလေး ကျန်းမာရေးဌာနများသို့ လစဉ်ကျန်းမာရေး စောင့်ရှောက်မှုများ ခံယူပြီး ထိုမှအခမဲ့ ဝေငှသော အဝါရောင် အားဆေးလုံးများ သောက်ဖြစ်လျင် ပိုကောင်းပါသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့စည်းများမှ လှူဒါန်းထားသော ထိုအားဆေးသည် ကိုယ်ဝန်ဆောင် တစ်ဦးတွင်လိုအပ်သော သံဓါတ် folic acid နှင့် အခြားသော ဗီတာမင်များ ပေါင်းစပ်ထားသည့်အတွက် လွန်စွာအကျိုးရှိပါသည်။
ကိုယ်ဝန်ဆောင် တစ်ယောက်အယောက်အတွက် ထိခိုက်စေမည့် အစားအစာများဖြစ်သော အစေးပါသည့် အသီးနှံများ ဥပမာ-သင်္ဘောသီးအစိမ်း, နာနပ်သီး, မကျက်တစ်ကျက်ချက်ပြုတ်ထားသော အသားငါးများ ဥအမျိုးမျိုးနှင့် တတ်စာများမှလွဲပြီး ကြံသည့်အစားအစာ များထဲမှ တစ်နေ့လျင် အာဟာရအုပ်စု ၃ စုလုံးပါဝင်အောင် စားသုံးရပါမည်။ မေမေ အာဟာရရှိပြီး ကျန်းမာမှ ရင်သွေးလေးကိုလဲ ကြံ့ခိုင်သန်စွမ်းစွာမွေးဖွားနိုင်မည်ဖြစ်၍ လူတစ်ယောက်အတွက် တစ်နေ့တာ လိုအပ်သော ဗီတာမင်အစုံ ရှိဖို့အတွက် အစားရှောင်ရန်မလိုပါ။ ဗတာမင် Aကို တိရိစ္ဆာန်များ၏ အသည်းမှရရှိပြီး သင့်တင့်သောပမာဏဖြင့် စားသုံးရန်လိုအပ်ပါသည်။ ပိုလျှံသော ဗီတာမင် Aဓါတ်ကို ခန္ဓာကိုမှ စွန့်ထုတ်နိုင်ခြင်းမရှိပါ။ ဗီတာမင် A,D,K သည် လိုအပ်သည်ထက် ပို၍ ခန္ဓာကိုယ်ထဲ စုဆောင်းမိလျင် ဆိုးကျိုးရှိသဖြင့် လိုအပ်သော ပမာဏကို ချင့်ချိန်စားသုံးရန်လိုအပ်ပါသည်။
မေမေများ နံနက်ခင်းနေရောင်ခြည်တွင် နာရီဝက်ခန့်နေပူစာလှုံခြင်းဖြင့် သဘာဝကပေးသော ဗတာမင် D ဓါတ်ရရှိစေပါသည်။ အဝလွန်သော မေမေများနှင့် နေရောင်ခြည် ထိတွေ့မှု မရှိသောနေရာများ၌ နေရသောမေမေများ ဗတာမင် D ချို့တဲ့နိုင်၍ ကြက်ဥ, ငါး နှင့် နွားနို့များ စားသောက်ခြင်းဖြင့် ဗတာမင် D ဓါတ်ကို ရရှိနိုင်ပါသည်။ ထို့ပြင် အညှီကြောက်၍ အသားငါးများ မစားဖြစ်သော မေမေများနှင့် မွေးရာပါသွေးအားနည်း ရောဂါရှိသော မေမေများသည် သံဓါတ်နှင့် ငါးမှရရှိသေား အိုင်အိုဒင်းဓါတ် ချို့တဲ့နိုင်၍ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုးအား ဖြည့်စွက်စားသုံးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ထို့ပြင် ရှေးရိုးစွဲ အယူဆများကြောင့် အစားရှောင်လွန်သော မေမေများသည် မိမိနှင့် ရင်သွေး၏ တစ်နေ့တာလုံးအတွက် လိုအပ်သော ဗီတာမင်ဓါတ်အစုံ ချို့ယွင်းမှု မရှိစေရန် ငွေကြေးတတ်နိုင်ပါက Multivitamin နှင့် Mineral များပါဝင်သည့် ကိုယ်ဝန်ဆောင်အားဆေးကို ကိုယ်ဝန်ဆောင်စဉ်တစ်လျောက်လုံး တစ်နေ့တစ်လုံးသောက်သုံးသင့်ပါသည်။
အဓိက အကျဆုံး အချက်မှာ မိခင်ရော ရင်သွေးလေးပါ B1 ချို့တဲ့မှုမရှိစေရန် ကိုယ်ဝန်ကိုးလမှ မွေးဖွားပြီး ၃ လအထိ B1 ဆေးပြား တစ်နေ့ တစ်လုံးသောက်သုံးရပါမည်။ လတ်ဆက်သော အသီးရွက်များမှ B1 ဓါတ်ရရှိနိုင်ပြီး မွေးဖွားပြီးရင်သွေးလေး သူငယ်နာဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် အသီးအရွက်များကို သန့်ရှင်းစွာ ချက်ပြုတ်ကြော်လှော်ပြီး စားသုံးသင့်ပါသည်။ မွေးဖွားပြီး မိခင်များအနေနှင့်လည်း မိမိနှင့်နိုးစို့ရင်သွေးငယ်လေးပါ ကျန်းမာစေရန် အာဟာရရှိသော အစားအစာ အစုံစားသုံးရန် လိုအပ်ပါသည်။ သွေးနုချိန်၌ တတ်စာများဖြစ်သော မှို, မျှစ်, ဒညင်းသီး, ဒူးရင်းသီးများနှင့် ပူလွန်းစပ်လွန်သော အစားစာများကို ရှောင်ရှားပြီး အသားငါး အသီးရွက်အစုံ မျှတအောင် စားသုံးရပါမည်။ ထိုပြင် နုနယ်လွန်းသော ရင်သွေးလေးအား ၆ လမတိုင်မီ ကတုံးရိပ်ပေးခြင်း, မိခင်နို့မှလွဲ၍ ရေနှင့် အခြားသောအစားစာများ ကြွေးခြင်းတို့ကိုလည်း ရှောင်ရှားရပါမည်။ ကျန်မာရေးဌာနများရှိ ဆရာဝန်များ နှင့် သူနာပြုဆရာမများမှ မှာကြားသော မိခင်နှင့်ကလေးအတွက် ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှု ပုံစံများကို ဂရုပြုလိုက်နာစေခြင်ပါသည်။ မေမေများ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်ခြင်းဖြင့် ကျန်းမာသန်စွမ်းသော ရင်သွေးငယ်လေးများ ပြုစုပျိုးထောင်နိုင်ကြစေရန် ရည်ညွန်းရေးသား တင်ပြလိုက်ပါသည်။
Own writer: