ကျွန်တော်တို့သည် အလှူတစ်ခုပြုလုပ်ပြီးလျှင်
ဆုတောင်းကြသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်
မြတ်ကြီးနှင့် ပစ္စေကဗုဒ္ဓါကိုယ်တော်မြတ်တို့အား
လှူဖွယ်ပစ္စည်းများ လှူဒါန်းပြီးလျှင် အမျှဝေကာ
ဆုတောင်းကြသည်။ အချို့ကလည်း နတ်များထံ
ဆုတောင်းကြသည်။ဆုတောင်းသည့်အခါမှာ
လူတို့သည် အမျိုးမျိုးဆုတောင်းကြသည်။
ဟိုတလောက Facebook မှာပါလာသည့်
ကာတွန်းပုံလေးမှာ မမနှဲထံ ဘဲဥတစ်လုံးလှူပြီး
တောင်းလိုက်သည့်ဆုကများ၍ မမနှဲက ရင်ဘတ်ဖိ
ကာ အံ့သြယူရသည့် ကာတွန်းလေးဖြစ်သည်။
လူတို့သည် လောဘသားများဖြစ်သည်။ လူအမျိုးမျိုး စိတ်အထွေထွေဖြစ်သည်။ အလှူ အတန်းကို
အချို့က ကြွားဝါချင်၍ လှူသည်။ အချို့က
သံသရာအကျိုးမျှော်ကိုး၍ လှူကြသည်။ အချို့
ကလည်း ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီး
လောက်ရချင်ကြသည်။ ဆုတောင်းပေးတဲ့သူ
ကလည်း ဆုတောင်းပေးကြတာကိုး။ အမှန်
စဉ်းစားကြည့်ရင် ကိုယ်လှူတာမှ ညောင်စေ့
လောက်ပဲဟာ ညောင်စေ့ နှစ်စေ့ သုံးစေ့လောက်
ပြန်ရပါစေလို့ ဆုမတောင်းကြဘူး။ ညောင်ပင်ကြီး
တစ်ပင်လောက်တဲ့ လိုချင်ကြတာ။ လူ့လောဘ
များပြောတာပါ။
သူများတွေသာ ကိုယ်ကပြောနေတာ ကိုယ်လဲ
လှူလို့ ဆုတောင်းပေးသူက ညောင်ပင်ကြီးလောက်
ရပါစေလို့ ဆုပေးရင် သဘောတွေကျလို့။
လှူပြီးလို့ ကျွန်တော်တို့တွေ ဆုတောင်းကြသည့်အခါ မိတ်ဆွေတို့ရော ဘါတွေဆုတောင်းကြလဲဗျာ။
ကျွန်တော် တော့ သင်္ဃသူ့သမီးရဲ့ဆုတောင်းလေးကို
သဘောကျတယ်ဗျ။ သူ့ဆုတောင်းလေးက-
အမိုက်
အမျက်
ရမ္မက် နည်းရပါလို၏တဲ့။
ရိုးရှင်းပြီး သိပ်ကောင်းတဲ့ဆုတောင်းလေးနော်။
ဆုတောင်းပြည့်ပြီး ဒီဆုတောင်းကြောင့်ပဲ စိတ်ဆင်းရဲပင်ပန်းပြီး ချစ်သူလည်းဆုံး သူ့အသက်ပါဆုံးရှုံးသွားသည့် စူဠသုဘဒ္ဒါ ကိုသိကြမည်ဖြစ်သည်။ အချစ်ကြီး
အမျက်ကြီးတော့လည်း ဆုတောင်းကြီးမှားခဲ့သည်။
ဒီအမှားက အချစ်ကြောင့်လား၊ ဒေါသကြောင့်လား
မနာလို ဝန်တိုမှုကြောင့်လား။ အားလုံးကြောင့်လဲ
ဖြစ်နိုင်သည်။ ခုခေတ် မိန်းကလေး ယောက်ျားလေးများသည် ယခုအခါ ဆုတောင်မတောင်းကြတော့ဘူး
ယခုဘဝ၌ပင် မကြေနပ်ရင် နောက်ဘဝမစောင့်ဘူး
အသေသတ်ပစ်နေကြသည်။ စိတ်မြန် လက်မြန်
ဒေါသမာန်တွေနဲ့ အမှားကို အလွယ်တကူပြုကြ
သည်။ ငယ်ရွယ်စွာအသက်တိုရှာကြသည်။
ဆုတောင်းမှားသူတစ်ယောက် ရှိပါသေးသည်။
ကိုယ်ကသာ ဆုတောင်းမှားသည်ပြောတာ သူက
တော့ မှားတယ်မထင်ဘူးထင်ပ။ ဥမ္မာဒန္တီသည်
ရှေးဘဝက ရဟန်တစ်ပါးကို လှူဖွယ်လှူတန်း၍ သူမကိုမြင်သူ ယောက်ျားသားများ ရူးသွပ်အောင်လှပါ
စေသားလို့ ဆုတောင်းခဲ့သည်။ အတော်ဆိုးသည့်
ဥမ္မာဒန္တီ ယခုခေတ်ဆိုလျှင် မတွေးရဲဘူး။ မိန်ကလေး
တွေ အလှအပနဲ့ပတ်သက်ရင်း အတော်လောဘကြီးသည်။ လှတာ လှပေါ့ ဘယ်နှယ့် သူတစ်ဖက်သားကို
ရူးအောင်လှချင်တာ။ ရူးချင်တဲ့လူတွေကလည်းများပေသားကိုဗျ 😁။
နောက်တစ်ယောက်ရှိသေး ဆုတောင်းမှားတာ။
လှချင်တာ လှချင်ကြတာ အမျိုးသမီး မှမဟုတ်ဘူး
အမျိုးသား လည်းပါသဗျို့။ သူလှချင်တာလဲ
ကြောက်စရာကောင်းတာပဲဗျို့။ လှချင်လို့
ပစ္စည်းလှူပြီးဆုတောင်းလိုက်တာ သူ့ရုပ်ရည်က
လှပပြီး မြင်သူ မိန်းမသားများ စွဲလမ်းပါစေသားတဲ့။
အမျိုးသမီးထုကြီးအတွက် မခက်ပေဘူးလားဗျာ။
ဒီလူလဲ မယ်ဥမ္မာ လို ကြောက်စရာကောင်းတဲ့လူပဲ
နော့။ သူက ဘယ်သူလည်းဆိုတော့ မြတ်စွာဘုရား
လက်ထက်က ထင်ရှားတဲ့သူဋ္ဌေးကြီးတစ်ဦးရဲ့တူ
ဗျ။
သူတောင်းတဲ့ဆုအတိုင်းပြည့်တာပဲဗျ။ သူ့ခေတ် သူ့အခါမှာ သူ့ကြောင့် ဒုက္ခရောက်ကြတဲ့
အမျိုးသမီးတွေ တပြုံကြီးပေါ့။ သူကြောင့်
ဒုက္ခ ရောက်တဲ့ အမျိုးသမီး ဘယ်နှစ်ဦးရှိလဲတော့
မသိဘူးဗျ။ မောင်မင်းကြီးသားက ဆုကြီးပန်သမား
ဆိုတော့ အသိဥာဏ်အလင်းရရှိပြီး သာသနာ့ဘောင်
ဝင်သွားတာ။ သူနဲ့မတွေ့လိုက်ရတဲ့အမျိုးသမီး
များကံကောင်းသွားတယ်မှတ်ပါ။ သူဘယ်လောက်များ ဆုတောင်းပြည့်လိုက်လဲတော့မသိဘူး။
သူ ရဟန်းပြုသွားတော့မှ ကိုယ်ဝန်ဆောင်ထား
သူရော၊ သမီးမိန်းကလေးမွေးထားသူအပေါင်းသည်
အိပ်ကောင်းခြင်း၊ စားကောင်းခြင်း ဖြစ်ကြရလေ
သည်တဲ့။
”ဗျာ..ကိုယ်ဝန်ဆောင်က ဘာလို့ကြောက်တာလဲ
ဟုတ်လား”
”သမီးမိန်းကလေးမွေးရင် သကောင့်သားကို
ကြောက်လို့နေမှာပေါ့ဗျာ”
အတော်လဲ ဆုတောင်းပြည့်တဲ့ ပုဂ္ဂိုလ်ပေပဲ။
သူ့အမည်က ဘယ်သူလည်းဆိုတော့......
Steemit က အမျိုးသမီးထုကြီး အရမ်းသိချင်
နေပြီမို့လား...။
သိချင်ရင် ဝယ်ဖတ် အဲ.......
သိချင်ရင် ဗုတ်ပေးလေ....😁။
အမျိုးသမီးထုကြီး အရမ်းသိချင်
နေတဲ့သူကတော့......
ကဲ .... လှပချင်သူတွေ အတွက်ဆုတောင်းပြည့်
ရအောင်အချက်လေးတွေရေးပေးလိုက်ပါသည်။
ဆုတောင်းပြည့်ရန် အောက်ဖော်ပြပါ
အချက် ( ၅) ချက်နှင့် ပြည့်စုံရမည်။
၁။ယုံကြည်ချက်ရှိရမည်
၂။ကိုယ်ကျင့်သီလပြည့်စုံရမည်
၃။တရားဓမ္မကြားနားသူဖြစ်ရမည်
၎။စွန့်လွှတ်လှူဒါန်းနိုင်သူဖြစ်ရမည်
၅။အသိပညာထက်သန်သူဖြစ်ရမည်