Hello friends.
Recently, I live alone in a rural area, so I have to do everything by myself.
I have to work to earn income and prepare food for myself.

I am sharing what I prepared for today.
What you can see in the picture is the lunch I ate.
Today's lunch is
**Bean rice,
Fried fish plates,
Fried Spicy dry fishs,
Fried potatoes,
Fried mustard leaves and
Vegetable soup.

When we, Burmese eat rice for lunch, we tend to cook it with a combination of sweet, sour, spicy, and sweet.
It's delicious and full of nutrients and healthy, right?
Pea rice was cooked by mixing rice and bean with an electric rice cooker.
Rice is an indispensable food for Burmese people's lunch.Fried fish plates is fried fish fillets that are scraped with a spoon.
There is only something soft and sweet.The spicy fried fish is fried garfish with a little dried chili powder.
The salty and spicy taste makes the mouth delicious.Fried potatoes are thinly sliced and fried.
It has a sweet and nutty taste.Mustard leaves are fried with a little garlic.
After removing the fried mustard leaves from the electric pan, add water, salt and seasoned chicken powder to the pan and bring to a boil.
After that, I added some pepper powder to the liquid and drank it.

When we are eating lunch, rather than just eating the square meal, if we eat it together with soup, we will eat better and digest better.
This is my Myanmar traditional lunch from what I cook and fry to eat.
How was your lunch?
Tin Aung Soe
[Burmese]
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ယခုလတ်တလော ကျွန်တော်က ကျေးလက်ဒေသမှာ တစ်ယောက်တည်း နေထိုင်သူ ဖြစ်လေတော့ ပြုဖွယ်ကိစ္စဟူသမျှ ကိုယ်တိုင်ပဲ လုပ်ဆောင်နေရပါတယ်။
ဝင်ငွေ ရဖို့ အလုပ်ကိုလည်း လုပ်ရသလို စားသောက်ဖို့ အတွက်လည်း ကိုယ့်ဘာသာ ပြင်ဆင်ရပါတယ်။
ဒီနေ့ အတွက် ကျွန်တော် စားသောက်ဖို့ ပြင်ဆင်ထားတာကို မျှဝေပေးလိုက်ပါတယ်။
ပုံထဲမှာ မြင်ရတာက ကျွန်တော် စားသုံးခဲ့တဲ့ နေ့လည်စာ ပေါ့။
ဒီနေ့ နေ့လည်စာတွေ ကတော့
ပဲထမင်း၊
ငါးဖယ်ကြော်၊
ငါးခြောက်အစပ်ကြော်၊
အာလူးအစိုကြော်၊
မုန်ညင်းရွက်ကြော် နှင့်
ဟင်းရွက်ရည်
တို့ ဖြစ်ကြပါတယ်။

ကျွန်တော်တို့ မြန်မာလူမျိုးတွေက နေ့လည်စာ ထမင်း စားကြတဲ့အခါ ချဉ် ငံ စပ် ချို ဆိမ့် အရသာ စုံအောင် ချက်ပြုတ်စားတတ်ကြပါတယ်။
အရသာစုံမှလည်း အာဟာရပြည့်ဝကာ ကျန်းမာမယ် မဟုတ်လား။
၁။ ပဲထမင်း ကို ပဲရာဇာ နှင့် ဆန် ရောနှောကာ လျှပ်စစ်ထမင်းပေါင်းအိုး ဖြင့် ချက်ခဲ့ပါတယ်။
ထမင်း ကတော့ မြန်မာလူမျိုးတို့၏ နေ့လည်စာ အတွက် မပါမဖြစ် မရှိမဖြစ် အစားအစာပါ။
၂။ ငါးဖယ်ကြော် ဆိုသည်က ငါး၏ အသားကို ဇွန်းဖြင့် ခြစ်ကာယူထားသော ငါးအသားပြားကြော်ပါ။
နုညံ့၍ ချိုသော အရာသာရှိပါတယ်။
၃။ ငါးခြောက်အစပ်ကြော် ကိုတော့ ငါးဖောင်ရိုးခြောက် ကို ငရုတ်သီးခြောက်မှုန့် အနည်းငယ်ဖြင့် ကြော်ထားတာပါ။
အငံ နှင့် အစပ် အရသာသည် ခံတွင်းကို စားမြိန်စေပါတယ်။
၄။ အားလူးအစိုကြော် ကတော့ အာလူးသီး ကို အခွံနွှာပြီး ပါးပါးလှီးကာ ကြော်ထားပါတယ်။
စီး၍ ချိုသော ဆိမ့်သော အရသာရှိပါတယ်။
၅။ မုန်ညင်းရွက် ကို ကြက်သွန်ဖြူ အနည်းငယ်ဖြင့် ကြော်ချက်ထားတာပါ။
၆။ မုန်ညင်းရွက်ကြော် ကို လျှပ်စစ်ဒယ်အိုး ထဲက ဆည်ယူပြီးနောက် ထိုဒယ်အိုး ထဲသို့ ရေ၊ ဆား နှင့် ဟင်းခတ်ကြက်သားမှုန့် ထည့်ကာ ပွက်ပွက်ဆူအောင် ပြုတ်လိုက်ပါတယ်။
ထိုနောက် ထိုအရည်ထဲသို့ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ သောက်သုံးခဲ့ပါတယ်။

နေ့လည်စာ စားသုံးတဲ့အခါ အဖက်တွေကြည့်ပဲ စားသုံးတာထက် စွပ်ပြုတ်ရည် ဖြင့် တွဲ၍ စားသောက်ပါလျှင် စားသောက်၍ ပိုကောင်းမွန်သလို အစာကျေညက်အားလည်း ကောင်းပါတယ်။
ဒါကတော့ ကျွန်တော် စားဖို့ ကျွန်တော် ချက်ပြုတ်ကြော်ရာမှ ကျွန်တော်တို့ မြန်မာ့ဓလေ့ နေ့လည်စာ ကို ဖော်ပြပေးလိုက်တာပါ။
သင်တို့၏ နေ့လည်စာ ကရော ဘယ်လိုပါလဲ။
တင်အောင်စိုး