ဟိုတုန်းက ရုံးတွေမှာ ဝန်ထမ်းမိသားစုဝင်တွေကို ဦးစားပေး အလုပ်ခန့်လေ့ရှိတယ်။
အခုခေတ်တော့ မပြောတတ်ဘူး။
ကိုစိုးပိုင် ဆိုတဲ့သူ ရုံးရောက်လာတယ်။
ရုံးအကူပေါ့၊ ဘယ်သူနဲ့ ပါတ်သက်ပြီး ရောက်လာလဲ မသိဘူး။
လူက ကျပ်မပြည့်တဲ့ပုံပဲ၊ ဘွဲ့ရပြီးသားလို့ သိရတယ်။
ဝတ်ထားတာ အင်္ကျီအဖြူ၊ ညစ်နွမ်းနေတာပဲ။
ပုဆိုးက ပလေကပ်၊ ဆေးလိပ်မီးပေါက်တွေချည်းပဲ။
ဆေးပေါ့လိပ်ကို အဆက်မပြတ် တစ်လိပ်ပြီးတစ်လိပ် သောက်တယ်။
ကျူရှင်ဆရာလဲ လုပ်ဖူးတယ် ပြောတယ်၊ မယုံနိုင်စရာပဲ။
အိမ်ထောင်မရှိ လူပျိုကြီး၊ သူ့ပုံကြည့်ပြီး ယူချင်တဲ့သူလဲ ရှိမှာ မဟုတ်ဘူး။
မျက်မှန်ကလဲ အထူကြီး၊ ကော်ကိုင်းအနက်။
လူပုံက မှုန်တေတေ၊မျက်လုံးတွေလဲ ရီဝေဝေနဲ့။
လူတွေ့တိုင်း ဆေးလိပ် တောင်းသောက်တယ်၊ ဝယ်မသောက်ဘူး။
မီးခြစ်လဲ မဆောင်ဘူး၊ အမြဲ မီးခြစ် ခဏ ပဲ။
ကျနော်တို့ရုံးက စိုက်ခင်းရုံးဆိုတော့ စိုက်ခင်းလုပ်သားတွေ အတွက်ပါ ဝန်ထမ်းဆန် ကိုတာ ရတယ်၊ ခွဲတမ်းရတယ်။
အဲဒီတုန်းက ဝန်ထမ်းတွေကို အစိုးရက ဆန် ဆီ ထောက်ပံတယ်။
တခါတရံ သကြားနဲ့ ဆပ်ပြာ ရတယ်။
ရောင်းစားလို့ ရတယ်၊ ကောက်တဲ့သူ ရှိတယ်။
မိသားစုရှိတဲ့သူတွေ အိမ်ကိုသယ်သွားကြတယ်။
လူပျိုလူလွတ်တွေက ရောင်းစားတာများတယ်။
ကျနော်က ရတဲ့ဆန်ကို ဦးစိန်မောင် ပေးရတယ်၊ ဆီ ပေးစရာ မလို။
ဦးစိန်မောင်က ဆီအသုံးနဲတယ်။
ကျန်တာအကုန် ရောင်းစားပဲ။