ရုံးမှာ တောခေါင်းရာထုးတွေခေါ်တယ်။
အောင်သိန်းနဲ့ မောင်တိုး လျှောက်လွှာတင်တယ်။
သူတို့က ရုံးမှာလုပ်အားပေးတွေဆိုတော့ အခြေအနေကောင်းတယ်။
အောင်သိန်းတို့ တောခေါင်းလုပ်မယ်ဆိုတော့ ခင်မောင်ဝင်းလဲ စိတ်ဝင်စားတယ်။
သူ့အမလဲ ရုံးမှာလုပ်တာဆိုတော့ အခြေအနေမဆိုးဘူး၊ ရနိုင်တယ်ပေါ့။
ဦးစိန်မောင်ကတော့ တောခေါင်းအလုပ်ကို အားမပေးဘူး။
ခင်မောင်ဝင်း ကျနော်နဲ့ လာတိုင်ပင်တယ်။
တောခေါင်းက မေမြို့မှာ သင်တန်းနှစ်ချီတက်ပြီးမှ ဖြစ်မှာ၊ လောလောဆယ် ပုလဲနဲ့ငါး လောက် ငွေမရနိုင်ဘူး။
သင်တန်းတက်ဖို့လဲ ဘယ်လောက်စောင့်ရဦးမယ် မပြောနိုင်ဘူး။
စိုက်ခင်းတောခေါင်းဆိုတော့ သင်တန်းဆင်းပြီးရင်လဲ တောထဲ တာဝန်ကျဖို့များတယ်။
သစ်တောဂိတ်မှာ တာဝန်ကျရင်တော့ ထောပြီ။
ဝါသနာပါရင်တော့ လျှောက်လိုက်၊ မပါရင်တော့ စဉ်းစားလို့ ပြောလိုက်တယ်။
ခင်မောင်ဝင်းလဲ သူ့အမနဲ့ ထပ်တိုင်ပင်တယ်။
ပြီးတော့ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ မလျှောက်ဖြစ်လိုက်ဘူး။
နောက် အောင်သိန်းနဲ့ မောင်တိုး တောခေါင်းဖြစွသွားတယ်။
သင်တန်းမသွားရသေးပေမဲ့ တောခေါင်းယူနီဖောင်းနဲ့ဆိုတော့ ကြည့်လို့ကောင်းတယ်။
ခင်မောင်ဝင်းလဲ အားကျတယ်။
မကြာပါဘူး အောင်သိန်းတို့ ယိုးဒယား သွားဖို့ဖြစ်လာတယ်။
ကော့သောင်းဖက် နယ်စပ်မှာ ထိုင်းကုမ္ပဏီက ထုတ်မဲ့သစ်တွေ အကောက်ရိုက် ပေးရမှာ၊ လုံးပေါကြီး ဆိုလားပဲ။
အဲဒီကိုတာဝန်ကျလို့ သွားမဲ့ တောအုပ်တောခေါင်းတွေ အများကြီး ရုံးကို ရောက်လာကြတယ်။
တချို့ ရုံးမှာပဲ တည်းကြတယ်။
သူတို့ကိုကြည့်ပြီး ခင်မောင်ဝင်း မနေနိုင်တော့ဘူး၊ ဦးစိန်မောင်ဆီကို သွားပြီးတော့ ဗျစ်တောက်ဗျစ်တောက် ပြောတော့တာပဲ။
မကြာခင် ကျနော့်ဖက် လှည့်လာတော့မယ်၊ ဘာပြောရင် ကောင်းမလဲပေါ့နော်။