မနက်မိုးလင်းလို့ မျက်နှာသစ်ပြီးတာနဲ့ ရေနွေးအဖြူပူနွေးနွေးလေ တခွက်သောက်ပါတယ် ရေနွေးဖြူ သို့ မဟုတ် ရေအေးတခွက် ကိုမနက်တိုင်းသောက်ပေးခြင်းက ဝမ်းမှန်စေတယ် အသားရေကို စိုပြေစေတယ် အဆိပ်တောက်ပြေစေတယ် ဝိတ်တက်ခြင်းမှလည်းကာကွယ်ပေးပါတယ်
ရေနွေးဖြူသောက်ပြီးတာနဲ့ အိမ်ပေါ်အိမ်အောက်တံမျက်စီးလှဲပါတယ် ပြီးတာနဲ့ လဖက်ရည်တစ်ခွက်သောက်ပါတယ် လဖက်ရည်သောက်ခြင်းကကျန်းမာရေးအတွက်မကောင်းပါဘူး ဒါပေမဲ့ မနက်တိုင်းသောက်နေကျဖြစ်နေလို့ သောက်ဖြစ်နေပါတယ်
ပြီးရင်တော့ ထမင်းဟင်းချက်ပြုတ်ရပါတယ် ဒီနေ့ တော့
ဝက်ရိုးဟင်ချိုနဲ့ အချဉ်သုတ်ပါ
ကျမချက်ထားတဲ့ဝက်ရိုးဟင်းချိုးပုံစံလေးပြောပြမယ်နော်
ပထမဆုံးအနေနဲ့အိုးကိုအပူပေးပြီးဆီအနည်းငယ်ထည့်ပါတယ်ဆီလေးထည့်ပြီးလို့ ၁၀စက္ကုန့် လောက်နေရင်ကျက်သွန်နီပါးပါးလှီးထားတာလေးတွေထည့်ပါတယ်နည်းနည်းနွန်းလာပြီဆိုရင်နနွင်းမှုံ့လေးနည်းနည်းထည့်ပါတယ်ရွှေ ကျက်သွန်နီလေးရွှေရောင်သန်းလာပြီးဆိုရင် ရေဆေးထားတဲ့ဝက်ရိုးလေးတွေထည့်ပါတယ်ဆားအနည်းငယ်ဟင်းခတ်မှုန့်အနည်းငယ်ခရုဆီအနည်ငယ်ထည့်ပြီးသမအောင်မွေပေးရပါတယ်ရေးလေးအနည်းငယ်ထည့်ပေးပြီးအရင်ဆုံးလုံးပေးရပါတယ် အရသာတွေဝင်သွားအောင်ပါ ၃မိနစ်လောက်ကြာပြီဆိုရင် ရေတခွက်ထည့်လိုက်ပါတယ် မိနစ်၂၀ကြာတော့ ခေါက်ဆွဲအနည်းငယ်ထည့်လိုက်ပါတယ် ခေါက်ဆွဲထည့်p၅မိနစ်ခန့့် ထားပါတယ်ပြီးတော့ဟင်းအိုးချလိုက်ပါတယ် စားလို့ ရပြီပေါ့နော် အချဉ်သုတ်လေးသုတ်လိုက်ပါတယ် အချဉ်သုတ်ရဲ့ပါ ဝင်ပစ္စည်းတွေကတော့ ဆားအနည်းငယ် ဟင်းခတ်မှုန့် အနည်းငယ် ဆီချက်အနည်းငယ်ပဲမှုန့်အနည်းငယ် မြေပဲဆံထောင်းအနည်းငယ် ငရုပ်သီးအနည်းငယ်ရှောက်သီးအနည်းငယ် ဂေါ်ဖီအနည်းငယ်ကျက်သွန်နီအနည်းငယ် ပါဝင်ပါတယ်
တွဲစားဖို့ လိုက်ဖက်ပါတယ်စားလို့ လည်းကောင်းပါတယ်