မဂ်လာပါ HIVE-MYANMARvအဖွဲ့သားတို့ရေ
ဒီနေ့ မနက် ဟာ HIVE ဈေး ထိုးတက်မနက်ခင်း လေးပါ။ ကျောက်ပွဲစား စကား ပြောရရင် မဂ်လာ ပေါ့ဗျာ။ HIVEဈေး လေး ဒီထက် ထက် တက် ပါစေလို့ မျော်လင့် မိပါတယ်။ မဂ်လာ ပေါ် မဂ်လာ ဆင့် မဂ်လာ ဖြစ်မဲ့ ရက်လေးကို မျော်ရင်း နေပါတယ်။
ဒီနေ့ မနက် မှိုခူး ပြီး ကိုယ့်ကို အလေးချိန် သိချင်သာနဲ့ ကတ္တားပေါ် တက်ကြည့်ပါတယ်။ အရင်ကဆို ကတ္တား ပေါ်တက်ရင် ကတ္တား အသံမြည်ပြီး နံပါတ် မပြတော့ပါဘူး။ ကတ္တားက ပေါင် ၃၂၂ထိပဲပြ ပါတယ်။ ဒီနေ့ တက်ကြည့်တော့ ကတ္တား ပေါ်မှာ ကဏန်း လေးတွေ မြင်ရ ပါပြီး။ ၃၂၉.၇ ပေါင် ဆိုပြီး ပြပါပြီး။ ပျော်ပါတယ် ဒီထက်မ ပေါင်ချိန် ထက်ကျဖို့ ဆက်ကြိုး စားပြီး အစားလျော့ပါမယ်။
ဒီနေ့ မနက် ကော်ဖီကို ထိုင်းမိတ် ဖြစ်တဲ့ super တစ်ခွက် ဖျော် သောက်ဖြစ်တယ်။ ထိုင်း ကထုတ်လို့ လား မသိဘူး တစ်ထုပ်ကို ၃၅၀ ပေးရပါတယ်။ အရသာက တော့ မြန်မာ superထက် နည်းနည်း ပေါ့ပြီး တော်တော် သောက် ကောင်းပါတယ်။
မနက်စာကို ကြာဇံသုတ် စားမလို့ ကြာဇံက နည်းနေတော့ ခေါက်ဆွဲ နည်းနည်း ရော လိုက်ရပါတယ်။ ခရမ်းချဉ်ရယ် ငရုတ်ဆီးရယ် ငရုတ်သီးမှုန်ရယ် ထည့်ပြီး နယ် စား လိုက်ပါတယ်။ အရသာက အဓိက မဟုတ် ပေးမဲ့ ဗိုက်နည်းနည်း တင်းအောင် တော့စားရသာ ပေါ့ဗျာ။
စာရေး နေရင် တံတား ပေါ်ဖျတ်တော့ တံတား ပုံ လေး ရိုက်ထားပါတယ်။