ရာသီစာအင်ဥ ချက်နှင့် အင်ဥ အကြောင်း
Hello ,all my steemit member .
Steemit မှ မိတ်ဆွေ သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
ဒီနေ့ တော့ ရာသီစာ အင်ဥ လေးများလည်း ပေါ်လာပြီမို့ အင်ဥနုနု လေးများ
ချက်ပြုပ် စားသောက်ရင်း အင်ဥ ချက် နှင့် အင်ဥ ရရှိလာပုံ အကြောင်း အား
ရေးသားလိုက်ပါသည်
အင်ဥလို့ ခေါ်ဆိုကြခြင်း မှာ မိုးဦးအခါ၌ အင်ပင် အင်ရွက်တွေအောက်မှာ ပေါက်ရောက်တတ်တဲ့ ဥတစ်မျိုးဖြစ်ခြင်းကြောင့် အင်ဥလို့ ခေါ်ဆိုကြခြင်းဖြစ်ပါတယ်
အင်ဥ ကို ကျမ တို့စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသများဖြစ်တဲ့ ကဘော်နယ်
ကလေနယ် ကောလင်း ဝနါးသို အင်းတော်နယ် စသည့် မိုးများပြီး အင်တောကြီးများတည်ရှိသည့် ဒေသများ မှာ အများအပြား ရရှိ ပါတယ်
အင်ဥ ဆိုတာ အက်ပင်တွေရဲ့အောက်မှာ အင်ပင် အမြစ်တွေနဲ့ ဆက်စပ်
နေတဲ့ မှို တစ်မျိုး ဖြစ်ပါသည်
တချို့သူတွေက တော့ အင်ဥသည် အင်ရွက်ဆွေးတွေကနေ ဖြစ်လာတဲ့
မှိုတစ်မျိုးလို့ လည်း ဆိုကြပြန်ပါတယ်
အင်ဥကို တသ်ချို့ ဒေသမှာ မှိုဥ /မှိုလုံး လို့ခေါ်ကြပါတယ်
အင်ဥ ရဲ့ပုံစံ ဟာဥ ပုံသဏ္ဍာန် ဖြစ်ပါတယ်
အင်ဥသည် သဲဆန်သောမြေတွင် အစုလိုက်အပြုံလိုက် ပေါက်တက်ကြသည့် မှိုမျိုးစိတ်များဖြစ်သည်
မြန်မာနိုင်ငံ တွင် အင်ဥ ကို အင်တိုင်းမြေများတွင် မိုးဦးကာလ မေလ(သို့)ဇွန်လပိုင်းတွင်တွေ့ရှိရတတ်ပါသည်
အင်ဥသည် တစ်နှစ်ပါတ်လုံးတွင် တစ်ကြိမ်တည်းသာ တွေ့ရှိပြီး ရက်အတိအကျမသိနိုင်ပဲ ယေဘုယျအားဖြင့် မိုးမှန်စပြုချိန်တွင် တွေ့ရလေ့ရှိပါသည်
အင်ဥပေါ်ချိန်သည် ရက်အနည်းငယ်ခန့်သာ ကြာမြင့်သောကြောင့် တချို့သောသူများပေါ်မည့်ကာလ မသိကြပါ
အင်ဥ ကို တူးဖော်ရာမှာ အင်ပင်နဲ့ ခက်လှမ်းလှမ်းနေရာမျိုးမှသာလျှင်
တွေ့ရတတ် ပြီး အင်ပင်နဲ့ ဝေးရင်လဲ အင်ဥ မရှိတတ်ကြောင်း အင်ဥ တူးဖော်သူများထံမှ သိရှိရပါတယ်
အင်ဥရှာဖွေရာတွင် ကျွမ်းကျင်ကြသော သူများသည် မိုးလေဝသအခြေအနေပေါ် မူတည်၍ အင်ဥများများစားစားရမည့်ရက်သို့မဟုတ် စပေါ်မည့်ရက်ကို
ခန့်မှန်းနိုင်ကြပါသည်
ထို့အပြင် အင်တောထဲရောက်သည်နှင့် မည်သည့်နေရာတွင် အင်ဥရှိနိုင်
သည် ဟူ၍ တူးဖော်ကြသည် ဟုဆိုပါသည်
ဒီလိုရာသီ မိုးဦးကျ အချိန်မှာ အင်ပင်တွေအောက် မြေကြီးကလေး ကွဲပြီး အာနေရင် အဲသည်နေရာကို ဓားချွန်လေး ဝါးစူးလေးနဲ့  ယက်ဖြဲရှာကြရပါတယ်
အင်ဥဟာ မှို အမျိုးအစာ ဖြစ်တာကြောင့် မှိုမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်
ပရိုတင်း အမိုင်နိုအက်ဆစ်ဓာတ် ကယ်လ်စီယမ် မီးစုန်းဓာတ် တွေ ပါဝင်ပါ
တယ်
ကျန်းမာရေး အကျိုးပြု ရာသီစာ ဖြစ်သော်လည်း အင်ဥ နှင့် ဓာတ်မတည့် သည့် အစားအစာများ မတည့်သူများ ရှိနိုင်သောကြောင့် သတိပြုဆင်ခြင် စားသောက် ရန် လိုအပ်ပါတယ်
အင်ဥကို ဒညင်းသီး ပီလောပီနံ၊မျောက်ငိုသီး ကြောင်လျှာသီး ကြက်ဟင်းခါး
ဂဏာန်း ဖားသား ဒူးရင်းသီး မျှစ်ချဉ် ပုဇွန်ချဉ် ငါးချဉ် ဆူးပုပ် ပဲငါးပိ တို့နဲ့
တွဲဖက် မစားသင့်ပါ
မူးဝေ အော့အန် တတ်ပါတယ်
သွေးတိုး ရောဂါရှိသူတွေနဲ့ နှလုံး သမားတွေ အတွက်လည်း အင်ဥကို ရှောင်သင့်ပါတယ်
အင်ဥဟာ ခါးကိုက် ခါးနားတတ်သူတွေ အစာ အဆိပ်သင့်တတ်သူတွေ အတွက်ကတော့ သတိထားသင့်တဲ့ အစားအစာပါ
အင်ဥမှာ ယူရစ်အက်ဆစ်ဓာတ်တွေ ပေါများစွာ ပါဝင်တာကြောင့် လေးဘက်နာ ရောဂါသမားတွေနဲ့ ဂေါက်ရောဂါသမားတွေ သတိထား စားသင့်ပါတယ်
အင်ဥ နှင့်ဆင်တူသော သစ်ဥ တစ်မျိုးမှာ သစ်ရာဥ ဖြစ်ပါသည်
အင်ဥ၏ အပေါ်ယံခွံသည် ပျော့၍သစ်ရာဥ၏ အပေါ်ယံခွံသည် အနဲငယ် မာဆက်ဆက်ဖြစ် ပါသည်
အင်ဥသည် အပေါ်ခွံ မဲပြီး အတွင်းဆံမှာ ဖြူပါသည်
သစ်ရာဥ သည် အပေါ်ခွံ မှာ ဖြူပါသည်
အင်ဥ ၏ အတွင်းက အဆံလေးတွေက ဖွေးနေပြီး အင်ဥလေးတွေကလက်မနဲ့လက်ညှိးနဲ့ ဖိကြည့်ရင် အိနေမှ နု တယ်လို့ ဆိုပြီး စားလို့လည်းကောင်းပါတယ်
အင်ဥကို ခရမ်းချဉ်သီးကြက်သွန်အနှစ်နဲ့ကြော်ချက် ချက်စားကြသလို
အင်ဥပို ကြက်သွန်နီ နန်းချင်းဖြင့် အချိုချက် ငရုတ်သီးစိမ်းလေးနဲ့  အစပ်ချက် အသား တစ်မျိုးမျိုးဖြင့်ရောနှော ၍ချက်စား ကြပါတယ်
အင်ဥနှင့် ကန်ဇွန်ရွက် ရောရော၍ ချက်စားကြပါသည်
အင်ဥ ကို ပြုတ်ပြီး သုတ်စားကြ ပါ သေးတယ်
အင်ဥဆီပြန်ချက်နည်း
ဟင်းမချက်မီ အင်ဥကို ရေစိမ်ပြီး သဲစင်အောင် ဆေးရန်လိုအပ်ပါသည်
အထူးသဖြင့် အင်ဥသည် သဲများ နွံများအတွင်းမှ ရရှိသည့် အတွက်
ရေကို ၄- ၅ ခါလောက် ဇကာနှင့် တိုက၍ ဆေးရပါမည် အင်ဥတလုံးခြင်းစီကို သေချာတိုက်ချွတ် ဆေးမှလည်း သဲစင်မှာ ဖြစ်ပါသည်
ပါဝင်ပစ္စည်းများ
အင်ဥ - ၂၅ ကျပ်သား
ခရမ်းချဉ်သီး ၁ -လုံး
ကြက်သွန်နီ -၂ လုံး
ကြက်သွန်ဖြူ -၃ မွှာ
ငြုပ်သီး ပွ -၂ တောင့်
အရောင်တင်
နနွင်း
ဆီ
ဆား
အရသာမှုန့် အနည်းငယ် ဆီ တို့ လိုအပ်ပါတယ်
အင်ဥ ကို အလုံးလိုက်ချက်စား ကြသလို ပါးပါးလှီး ပြီးမှလည်း ချက်စားကြပါသည်
အင်ဥ များအား လိုအပ်သလို လှီးထားပါ
ကြက်သွန်နီ ပါးပါးလှီးထားပါ ထားပါ ကြက်သွန်ဖြူ ညက်အောင်ထောင်း
ခရမ်းချဉ်သီး လှီးထားပါ
ဒယ်အိုးအတွင်းတွှင် ပါဝင်ပစ္စည်းများအားလုံး ထည့်နယ် ပီး အဖုံးအုပ် မီးဖိုပေါ်တည်ထားပါ
ဆီပြန်လာပါက မွှေပေးပြီး ဟင်းအပေါ် ရေမြုပ်သည်ထိ ထည့် အဖုံးအုပ်
ပြန်တည်ထားပါ
ရေခမ်းပြီး ဆီပြန်လာပါက အရသာအပေါ့အငံမြည်းပြီး အင်ဥများနူး လာပါက
ပြင်ဆင်တည်ခင်းစားသောက်နိုင်ပြီ ဖြစ်ပါသည်
အင်ဥ သည် သတ်သတ်လွတ် စားသူတွေ အတွက်လည်း အဆင်ပြေစေသည့် ဟင်းလျာဖြစ်ပါသည်
အင်ဥသည် ခုအချိန်တွင် ပေါ်ဦးပေါ်ဖျား ဖြစ်သည့်အတွက် ဈေးကြီးသော်လည်း
အင်ဥနုနုလေးများ မှာပို၍ အရသာ ရှိပြီး ချက်ပြုရာတွင်လည်း မြန်ဆန်ပါသည်
Writen and made -
MSC-070