" ငါး " ကို အသုံးပြု ၍ စားသားဖွယ်ရာများ ပြင်ဆင်
ပြုလုပ်နည်းများ ( အပိုင်း - ၄ )
Hello, all my Steemit member ,
ကျမ ရဲ့ Steemit member များ နှင့် friend များအားလုံး
အတွက် ရေးသား post တင်ပေးမယ့်
အကြောင်းအရာ ကတော့ " ငါး " ကို အသုံးပြု ၍ စားသောက်
ဖွယ်ရာ များကို ပြင်ဆင် ချက်ပြုပ် နည်း အမျိုးမျိုး ရှိသည့်
အနက် ဒီနေ့ ချက်ပြုပ် ပြင်ဆင် မျှဝေပေး မှာကတော့
" ငါးခေါင်းမျှစ်ချဉ်ဟင်း " ပြုလုပ် နည်း
အကြောင်း ကိုရေးသား မှာဖြစ်ပါတယ်
ငါးကို မြန်မာလူမျိုး အများစု နှစ်ခြိုက်စွာ စာသောက် ကြ
ရာ တွင် နည်းအမျိုး မျိုး ဖြင့် ပြင်ဆင်ချက်ပြုပ် လုပ်ကိုင်
စားသောက်ကြပါတယ်
ငါးကို ချက်ပြုပ်စားသောက်နည်း အမျိုးမျိုး တို့တွင်
ငါးပြုပ် ငါးကြော် ငါးကင် ငါးပေါင်း ငါးချက် ငါးအသားလွာ
ငါးထောင်း ငါးအချဉ်ချက် ငါးအချိုချက် ငါးအငံချက်
ငါးစဉ်းကော ငါးချို ချဉ် ငါးစပ်ခြောက်ကြော် ငါးစဉ်းကော
ငါးခြောက်ချက် ငါးခြာက်ထောင်းသုပ် ငါးအသားလွာ
ငါးခေါင်းဟင်းချို ငါးခေါင်းချဉ်ရည် ငါး ဟင်းထုပ် ငါးကလေး
အိုးကပ် ငါးချဉ်ကြာ် ငါးလေးချဉ်သုပ် ငါးကြက်ဥပေါင်း
ငါးဒန့် ဒလွန်သီးချဉ်ရည်ဟင်း စသည်ဖြင့် နည်းလမ်းပေါင်းများ
စွာ ပြင်ဆင် ချက်ပြုပ်နည်း များစွာ ရှိကြပါတယ်
" ငါးခေါင်းမျှစ်ချဉ်ဟင်း "ချက် ပြု လုပ် နည်းများမှာ
လည်း အကြိုက် အမျိုး မျိုး ရှိသည် တွင်ပြု လုပ်နည်း များစွာ
လည်း မတူကြပါ
ကျမ post တင်ရေးသား မယ့် " ငါးခေါင်းမျှစ်ချဉ်ဟင်း" ဟာ ဆိုရင်ြ ပု လုပ်ရ လွယ်ကူစေပြီး အရသာလည်း အထူးကောင်းမွန် ကာ ကျန်းမာရေးနှင့်လည်း ညီ ညွတ်စေသည့် အပြင်
ကလေး လူကြီး ကျား မ မရွေး နှစ်သက်စွာ စားသောက်
ကြပြီး အကုန်အကျ သက်သာစေပါတယ်
" ငါးခေါင်းမျှစ်ချဉ်ဟင်း "ဟာချက်ပြုပ် ပြုလုပ်ရ လွယ်ကူစေ
သည့် အပြင် အရသာမှာလည်း အထူးကောင်းမွန်ပါတယ်
" ငါးခေါင်းမျှစ်ချဉ် ဟင်း" ဟာ ကချင်လူမျိုး များရဲ့ ရိုးရာစားစရာ
ဟင်း အဖြစ် နာမည်ကျော် လူကြိုက်များ လှ ပါတယ်
အခုဆို ရင် "ငါးခေါင်းမျှစ်ချဉ်ဟင်း " ကိုစားသောက်ဆိုင်များ
တွင် အလွယ်တသ်ကူ ဝယ်ယူ ရရှိ နိုင်ပြီဖြစ်ပါတယ်
မိမိ ကိုယ်တိုင် ပြုလုပ် ပြင်ဆင်ချက်ပြုပ် မညိဆိုပါကလည်း
ပြုလုပ်ရလွယ်ကူသည့် အပြင် ကုန်ကျ မှု သကသာ၍
မိသားစု များ အလျံ အပယ် စားသောက်ရ မှာဖြစ်ပါတယ်
"ငါးခေါင်းမျှစ်ချဉ်ဟင်း " ကို ကိုယ်တိုင်လုပ်ကိုင် ပြင်ဆင်
ပြု လုပ် ရာတွင် ကျမ ချက်ပြုပ် ပြု လုပ်စားသောက်ဖူးသော
နည်း အားရေးသား post တင်ပေးခြင်းသာ ဖြစ်ပါတယ်
ကချင် ရိုးရာ ဟင်းချက်နည်းဖြစ်သော ကြောင့် ပါဝင်ပစ္စည်း
များ အသုံးပြုရာ တွင် မတူကွဲပြားမှုများ လည်းရှိပါတယ်
ငါးခေါင်းမျှစ်ချဉ်ဟင်း
ပါဝင်ပစွည်းများ
1- ငါးကြင်း ခေါင်း အကြီး -၃ ခု
2- မျှစ်ချဉ် -၁၀ ကျပ်သား
3- ကြက်သား (အသား)-၁၀ကျပ်သား
4- ငါးခြစ် -၅ကျပ်သား
5-ငုံးဥ -၁၀လုံး
6-ပဲပြား ၁တုံး
7-မုံညှင်းဖြူ-၅ခု
8- ဂေါ်ရခါးညွန့် ၃ပင်
9-မုံလာဥနီ-၁လုံး
10-ခရမ်းချဉ်သီး -၁လုံး
11-ကြက်သွန်နီ - ၂လုံး
12- ကြက်သွန်ဖြူ အတက်ကြီး -၁ဥ
13-ဆား အနည်းငယ်
14-နန္နမှုန့် အနည်းငယ်
15-အရသာ မှုန့် အနည်းငယ်
16-နံနံပင် - ၁စည်း
17-ရှမ်းနံနံ -၁စည်း
18- ဆီ - ၂ကျပ်သား
19-ငရုတ်ခွဲကြမ်းမှုန့် အနည်းငယ်
20- ဂျင်း- လက်တစ်ဆစ်
တို့ လိုအပ်ပါတယ်
ပြုလုပ်နည်းအဆင့်ဆင့်
ပတမ ဦးစွာ ငါး ခေါင်း များအား နှစ်ခြမ်းခွဲ ပြီး ဗဟက်များ
ထုတ် ရေစင်အောင်ဆေး ရေစစ်ထားပါ
ကြက်သားအား ရေစင်အောင်ဆေး အတုံးလေးများတုံးထားပါ
ငါးခြစ် အား အလုံးသေးလေးများ ပြုလုပ်ထားပါ
မျှစ်ချဉ်အား အနေတော် လှီးဖြတ်ကာ မီးဖိုပေါ်တွင် ၁၀မိနစ်ခန့်
ပြုပ်ထားပါ
ငုံးဥကို ပြုပ် ပြီး အခွံနွာထားပါ
ပဲပြားရေဆေး အတုံးလေးများတုံးထားပါ
မုံလာဥနီ မုံညှင်းဖြူ ဂေါ်ရခါးညွန့် တို့ ကိုလည်း ရေစင်အောင်
ဆေး အရွယ်တော် လှီးဖြတ်ထားပါ
ကြက်သွန်နီ အခွံခွာ လှီးထားပါ
ခရမ်းချဉ်သီး လေးစိပ်စိပ်ထားပါ
ဂျင်း ကြက်သွန်ဖြူ တို့ကို အခွံခွာ ကျေညက်
အောင်ထောင်းထားပါ
နံနံပင် ရှမ်းနံနံ တို့အား ရေဆေး လိုသလို ပိုင်းဖြတ် ထားပါ
ပါဝင်ပစ္စည်းများအားလုံး အဆင်သင့်ဖြစ်ပါက
ဒယ်အိုးအတွင်းတွင် လှီးထားသော ဂျင်း ကြက်သွန်နီ
ကြက်သွန်ဖြူ ခရမ်းချဉ်သီး တို့ ကို ဆား အရသာမှုန့်
နန္နင်းမှုန့် တို့ ထည့်ကာ အဖုံးအုပ်၍ ၃မိနစ်ခန့် ထားပါ
ထိုနောက် ကြက်သား ငါး အတုံးများအားထည့်မွှေ ပေး
ပြုပ်ထားသော မျစ်ချဉ် များအား ပြုပ်ရည်များပါ ထည့်ပါ
နှစ်ခြမ်းခွဲထားသော ငါးခေါင်းများအားအိုးအတွင်း အသာအယာ ထည့်ပြီး ၂မိနစ်ခန့် အဖုံးအုပ်ထားပါ
ငါးခေါင်းများအား အထက်အောက်လှန်ပေးပါ ငါးခေါင်းများ
ကြေမွ မသွားအောင် အသာအယာ မွှေပါ
ထို့ နောက် လှီးထားသော ပဲပြား မုံလာဥနီ မုံလာဥဖြူ
ဂေါ်ရခါးညွန့် ငုံးဥ တို့ အားထည့် ပါ
အစပ်ကြိုက်ပါက ငရုတ်ကြမ်းမှုန့် ထညိ့ ပါ
ရေ လိုသလောက်ထည့် ၍ ရေဆူလာပါက အပေါ့ အငံမြည်း
အပေါ်မှ ရှမ်းနံနံ နံနံ ပင် များအုပ် ၍ တည်ခင်း စားသောက်
နိုင်ပြီ ဖြစ်ပါတယ်
" ငါးခေါင်းမျှစ်ချဉ် "ဟင်းတစ်ပွဲ ဖြင့် ပင် အချို အချဉ် အစပ်
အရသာ မျိုးစုံ ပါဝင်တာကြောင့် တမင်နှင့် တွဲလျက် ဟင်းပွဲ
အနေနဲ့ စားသောက်နိုင်သလို ဒီ အတိုင်းစားလည်း အရာသာရှိ
ဗိုက်ပြည့် စေပါတယ်
( မှတ်ချက် - ကျမ အသုံးပြု ပြင်ဆင်ချက် ပြုပ် ရာတွင်
အသုံးပြု သောပါဝင် ပစ္စည်းမျာ သည် အိမ်တိုင်း မိးဖို ချောင်
တိုင်း တို့ တွင် အလွယ် တစ်ကူ ဝယ် ယူ ရရှိစေသော
ပစ္စည်း များ ဖြင့်သာ ပြင်ဆင် ပြုလုပ် သွားခြင်းဖြစ်ပါသည် )
Steemit မှ သူငယ်ချင်းမိတ်ဆွေ များ အားလုံး လည်း
လွယ်ကူ အဆင်ပြေ အရသာ ရှိစွာ ပြင်ဆင် ချက်ပြုပ်
စားသောက်ကြပါလို့
Steemit မှ fri များ အားလုံး ကျန်းမာ ချမ်းသားကြပါစေ