ရာသီစာ ဂွေးသီးငပိတစ်ချက်
Hello , all steenit member .
ဒီနေ့ ချက်ပြုပ်စားဖြစ်သော ဟင်းအတွဲလေးကတော့
အခုလိုချိန် မှာပင် ရရှိစေနိုင်သော ဂွေးသီးနုနုလေးများ အား ငပိတစ် နှင့်
ချက်စားပါက စားလို့လည်ူကောင်း ခံတွင်းမြိန်စေသည့် အပြင် ကျန်းမာရေး
နှင့် ညီညတ် စေပါသည်
ဂွေးသီးငပိချက် မည်ဆိုပါက
အရင်ဆုံး ငပိတစ်လေး များအားရေဆေး လိုသလို အတုံးလေးများတုံးထားပါ
ဂွေးသီးလေးများအား ရေဆေး ပီး ရေအနည်းငယ် ထည့် တစ်ပွက်ဆူ ရုံပြုပ်
ထို့နောက် ဂွေးသီး အ ပေါ်ခွံများအား ဖယ်ရှားပစ်ပါ
ဂွေးသီးလေးများသည် နုနုလေးများဖြစ်သည့် အတွက် ဇွန်းဖြင့် ထိုးခြေ ရုံဖြင့် ပင် ကြေပြီးအနှစ်ရရှိ မှာမှာ ဖြစ်ပါသည်
ထို့နောက် ကြက်သွန်နီ ကြက်သွန်ဖြူ ခရမ်းချဉ်သီး ဆီသတ်ချက် ငပိတစ်ထည့် ထို့နောက် ဂွေးသီးအနှစ်ထည့် ရေအနည်းငယ် ထည့် အဖုံးအုပိ
ဆီပြန်လာပါက အပေါ့အငံမြည်း ငရုတ်သီးစိမ်းလေးအုပ် စားလို့ရပါပြီ
ရာသီစာ ဆူးပုပ်ရွက် ဟင်းချိုလေးဖြင့် ဂွေးသီးငပ်တစ်ချက် တွဲဖက် လိုက်ပါက
ထမင်းမြိန် စေမှာ အသေအချာ ပါ
ဂွေးသီသည် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေစွမ်းနိုင်ပါသည်