ဒီနေ့ super sunday လည်းဖြစ်
လခကလဲထုတ်လာခါစဆိုတော့ သားအဖနှစ်ယောက် ကြက်သားကြော်ပြီး စားကြမယ်လို့ စိတ်ကူးမိတယ်လေ
ဈေးကိုသွားပြီး ကြက်ပေါင် သွားဝယ်ပြီး ချဉ်ရည်တခွက်ချက်ဖို့ ပါဝယ်လာခဲ့ပါတယ် အဖေက ကြက်သားအသားမာရင် အသက်ကြီးတော့ မဝါးနိုင်မှာစိုးတာကြောင့် အသားနူးအောင် ပုံစံတမျိုးနဲ့ကြော်ဘို့ လဲစဉ်းစားထားပါတယ်
ကြက်သားကြော်ရာတွင်လိုအပ်သောပစ္စည်းများကတော့
ကြက်ပေါင် - ၅ချောင်း
ဆီ -၁၀ကျပ်သား
ဆားင ဟင်းခတ်အချိုမှုန့်  ငံပြာရည် အနည်းငယ်
ပျားရည်အနည်းငယ်
တို့ ဖြစ်ပါတယ်
ပထမဦးစွာ ကြက်ပေါင် ၅ချောင်းကို ဆား ဟင်းခတ်အချိုမှုန့်  ငံပြားရည် ပျားရည် အနည်းငယ်တို့ ဖြင့် နယ်ပါတယ်
နယ်ထားပြီးတဲ့ကြက်ပေါင်တွေကို ကြွပ်ကြွပ်အိတ်တွင် လုံအောင်ထည့်ပါ
ပိုပြီးလုံအောင် နောက်ထပ်ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ပါ
အချိန်တနာရီခန့် ထားပါ
ထိုသို့ ထားလျှင် ကြက်ပေါင်အသားများထဲသို့  အချိုအငံအရသာစိမ့်ဝင်စေပြီး အသားလဲပိုနူးပါတယ်
ဆိုင်တွေမှာရောင်းတဲ့ကြက်ကင်လို အရောင်လဲတူ အသားရောနူးပြီးတူတာကြောင့် အသားကင်စက်မရှိလဲ အိမ်မှာကြော်စားလို့ ရပြီပေါ့
တနာရီခန့် လုံအောင်ထုတ်ထားတဲ့ကြက်ပေါင်တွေကို ကြော်ရန်ကြွပ်ကြွပ်အိတ်မှ ထုတ်ပါ
ဒယ်အိုးတွင် ဆီကျက်အောင်ထည့်ပါ
ဆီကျက်လာရင် ကြက်ပေါင်များ ထည့်ကြော်ပါ
ကြက်ပေါင်လေးများ နီရဲလာရင် စားလို့ ရပါပြီရှင်
အကြွပ်စားချင်ရင်တော့ အချိန်အနည်းငယ်ထပ်ပြီးကြော်ပါ
ကျမက အကြွပ်မစားချင်လို့  အိုးချပီး ကြော်တာရပ်လိုက်ပါတယ်
ကြော်ပီးသားကြက်ပေါင်တွေကို ပုဂံပြားထဲသို့ မထည့်မှီ တစ်ရှုးစက္ကူအပါးခံထားပါတယ် ဒါကတော့ ကြက်ပေါင်ကြော်မှာကပ်နေတဲ့ဆီများကို တစ်ရှုးစက္ကူကစုပ်သွားအောင်ပါ
ဆီကြိုက်တဲ့သူများက ဒီအတိုင်းစားလဲရပါတယ်
ခါတိုင်းကြော်စားနေကျကြက်သားကြော်နဲ့ အရောင်မတူ အရသာမတူ အသားနူးတာလဲမတူပါဘူး
ကျမအဖေက ဆီသိပ်မစားရတော့ ဆီအနည်းနဲကြော်ပါတယ်
ဆီးများများထည့်ကြော်လဲရပါတယ် အကြွပ်ကြိုက်သူများအတွက် ဆီများတော့ပိုအဆင်ပြေတယ်လေ
steemit သူငယ်ချင်းများ ကြော်စားကြည့်ပါ
ကြော်စားရန်လဲ လွယ်ကူပါတယ်
steemit သူငယ်ချင်းများ အောင်မြင်စွာလျှောက်လှမ်းနိုင်ကြပါစေ
မင်္ဂလာအပေါင်းနဲ့ပြည့်ဝကြပါစေရှင်
အမှားနဲ့လိုအပ်ချက်များရှိရင်လည်း အကြံပေးပါ
ကျေးဇူးတင်ပါတယ်ရှင်