Today I am working on a simple HotPot at home. Because I don't have much time, I make easy dishes. The hot pot I cook now is very simple. So you can cook at home with friends.
ဒီနေ့ အိမ်မှာ ရိုးရှင်းလွယ်ကူသည့် HotPot လေး လုပ်စားဖြစ်ပါတယ်။ အချိန်သိပ်မရသောကြောင့် လွယ်ကူသော ဟင်းမျိုးကိုသာ လုပ်ဖြစ်ပါတယ်။ ကျွန်တော်ခုချက်သည့် Hot Pot သည့် အရမ်းလွယ်ကူပါတယ်။ ဒါကြောင့် သူငယ်ချင်းတို့ အိမ်မှာ ချက်နိုင်ပါတယ်။
The first thing I want to add is:
Shrimp
Chicken
Golden pumpkin
mushroom
Potato
Lettuce
White cinnamon
Garlic
Mala folds
HotPot Source
Lady Finger
ပထမဦးစွာ ကျွန်တော်ထည့်မည့် အရာများက -
ပုဇွန်
ကြက်သား
ကဇွန်းရွတ်
ရွှေဖရံသီး
မှို
အားလူး
ဆလတ်ရွတ်
အားလူး
မုန့်ညှင်းဖြူ
ကြက်ဖြူ
ကြွက်နားရွတ်
မာလခေါက်စွဲ
HotPot အနှစ်
ရုံးပတီးသီး
တို့ဖြစ်ပါတယ်။
I cleaned the shrimp overnight and put it in the fridge.
ကျွန်တော်က ညဘက်ကတည်းက ပုဇွန်ကို သန့်ရှင်းရေးလုပ်ပြီး ရေခဲသေတ္တာထဲတွင် ထည့်ထားခဲ့ပါတယ်။
Water Spinach Soak in salted water for 15 minutes. It is soaked in salt water due to the presence of chemicals.
ကရွန်းရွတ်ကို ရေသေချာသေးပြီး ဆားရေဖြင့် ( ၁၅ ) မိနစ်ခန့် ရေစိမ်ထားပါမယ်။ ဓာတုပစ္စည်းများ ပါဝင်လာတက်သောကြောင့် ဆားရေစိမ်ရခြင်းဖြစ်ပါတယ်။
Then I will clean the mushrooms.
ပြီးလျှင် မှိုများကို သန့်ရှင်းရေးလုပ်ပါ့မယ် ။
Then I peeled the pumpkin and soaked it in water.
ပြီးလျှင် ရွှေဖရုံသီးကို အခွန်ခွာပြီး ရေစိမ်ထားပါ့မယ်။
When the pumpkin is soaked in water, the potatoes are also taxed and cut into thin slices. Then I will keep the salt water.
ရွှေဖရုံသီးရေစိမ်ထားချိန်မှာ အားလူးကိုလည်း အခွန်ခွာပြီး ပါးပါးလေး လှီးထားပါ့မယ်။ ပြီးလျှင် ဆားရည်သိမ်ထားပါ့မယ်
Then I will wash and cut the cloves and Lady Finfer.
ပြီးလျှင် မုန့်ညှင်း၊ ရုံးပတီသီးများကို ရေဆေးပြီး လှီးထားပါ့မယ်။
Then soak the black fungus and noodles in water. Soak it in water and it will be soft and quick to cook. I'm lazy. The faster I eat, the better for me.
ပြီးလျှင် ကြွတ်နားရွတ်၊ ခေါက်ဆွဲများကိုလည်း ရေစိမ်ထားပါ့မယ်။ ရေစိမ်ထားမှ နူးအိပြီး ချက်သည့်အခါ မြန်ဆန်မှာပါ။ ကျွန်တော်က ငပျင်းလေ။ မြန်မြန်စားရလေ ကျွန်တော်အတွက် ကောင်းလေပါ။
I bought chicken at the market with bones and meat. I first cut the chicken into thin slices. The sliced chicken is mixed with hotpot extract. The shredded chicken is refrigerated in a refrigerator.
ကျွန်တော် ဈေးကနေ ကြက်သားကို အရိုး နှင့် အသားကို ခွဲပြီး ဝယ်လာခဲ့ပါတယ်။ ကျွန်တော် ကြက်သားကို ပါးပါးလေးဖြစ်အောင် အရင်လှီးပါတယ်။ လှီးပြီးသည့် ကြက်သားကို Hotpot အနှစ်ဖြင့်နှယ်ပါတယ်။ နှယ်ပြီးသွားသော ကြက်သားများကို ရေခဲ့သေတ္တာထဲတွင် ခတ္တထည့်ထားပါတယ်။
At this point, everything is ready to eat the hotpot. All that is left is to eat. Put the hotpot extract in the pot. When the water boils, add the meat first. Then add the pumpkin and potatoes. Then add mushrooms and other appetizing greens. Then I became addicted.
ဒီလောက်ဆိုလျှင် Hotpot စားဖို့ရန် အကုန်ပြင်ဆင်ပြီး ဖြစ်ပါတယ်။ စားဖို့သာ ကျန်ပါတော့တယ်။ Hotpot အနှစ်ကို အိုးထဲ ထည့်ပါတယ်။ ရေဆူလာခဲ့လျှင် အသားများကို အရင် စထည့်ပါတယ်။ ပြီးလျှင် ရွှေဖရုံသီး နှင့် အာလူးကို ထည့်ပါတယ်။ ပြီးလျှင် မှို နှင့် တစ်ခြားစားချင်သည့် အရွတ်များ ထည့်ပါတယ်။ ပြီးလျှင်တော့ စိတ်ကြိုက် စွဲပါတော့တယ်။
This will definitely save you time and money. HIVER should also cook and eat at home . And Happy Chinese New Year!
ခုလိုဆိုလျှင် အချိန်သက်သာပြီး စားကောင်းမည်မှာ သေချာပါတယ်။ HIVER တို့လည်း အိမ်မှာ လုပ်စားကြပါအုံးနော်။ ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ