မဂ်လာပါ HIVE-MYANMAR အဖွဲ့သားတို့ရေ
ဒီနေ့ဟာ တော်တော်အေးတဲ့ နေ့ဖြစ်ပါတယ်။ အေးတယ်ဆို ညကတည်းအေးသာပါ။ ည ၂နာရီလောက်က ခေါင်းရင်း ပြတင်းပေါက်က လေအေးဝင်လို့ ပြတင်းပေါက် ထပိတ် တဲ့အထိအေးပါတယ်။ မနက်လည်း ဒီအတ်ုင်းပါပဲ။ ကိုယ့်မြို့တောင် ဒီလောက် အေးတယ် ဆို ကျန်တဲ့မြို့ တွေလည်း အေးမယ်လို့ ထင်ပါတယ်။
မနက် အိပ်ယာနိုး ပြီး မျက်နှာသစ် ထုံစံ အတိုင်း မှိုခူး ပါတယ်။ ဒီနေ့ မနက် မုန့်လာဥ ကြော် စားချင်လို့ သွားဝယ်ပါတယ်။ ကျနော်တို့ မြို့မှာတော့ မုန်လာဥ ကြော်လို့ ခေါ်ပြီး ရန်ကုန်မှာ တော့ အော့ကွေ့ကြည် လို့ခေါ်ပါတယ်။ ကျနော် ကတော့ ဆီနဲ့ ကြော်ထားသာ မဝယ် ပဲ အစိမ်း ဝယ်ခဲ့ပါတယ်။ အိမ်ရောက်တော့ အော့ကွေ့ကြည် သုံးခုကို လှီး ပါတယ်။ ဂေါ်ဖီထုပ်ရယ် မုန်လာဥရယ်ကို ရေနွေး ဖျောပြီး ထည့်ပါတယ်။ အော်ကွေ့ကြည် ဆိုင်က ငရုတ်ဆီ ကို ငရုတ်သီး မှုန့်ထည့်ပြီး မနက်စာစားခဲ့ ပါတယ်။ ကော်ဖီ တစ်ခွက် လည်း ပါ ပါတယ်။